နှုတ်ခမ်းခြောက်ပြီးကွဲတာက များသောအားဖြင့်တော့ ဆောင်းရာသီမှာပဲ ဖြစ်ကြတာပါ။ ဒါပေမယ့် တချို့ကျတော့ အချိန်အခါမရွေး၊ ရာသီဥတုမရွေး အမြဲတမ်းကို ဖြစ်နေကြတာပါ။ ဒီလို အချိန်အခါမရွေး နှုတ်ခမ်းကွဲခြောက်နေတဲ့သူတွေအနေနဲ့ ပုံမှန်လုပ်ပေးသင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။ ဒီအရာတွေကို ပုံမှန်လုပ်ပေးနေရင်တော့ နှုတ်ခမ်းကွဲခြောက်တာတွေက သက်သာပြီး ပျောက်သွားမှာပါ။

ရေများများသောက်ပါ

ရေဓာတ်ခမ်းခြောက်ရင်၊ ရေဓာတ်နည်းရင်လည်း နှုတ်ခမ်းခြောက်တာ၊ နှုတ်ခမ်းကွဲတာတွေက ဖြစ်ပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ သူများထက်ပိုပြီး ရေကိုများများသောက်ရပါမယ်။

ဝမ်းမချုပ်ပါစေနဲ့

ဝမ်းချုပ်ရင်လည်း အပူတွေများပြီး နှုတ်ခမ်းခြောက်တာ၊ ကွဲတာတွေက ဖြစ်စေပါတယ်။ ဒါကြောင့် ဝမ်းမချုပ်ပါစေနဲ့။ ဝမ်းမှန်အောင် အစားအသောက်ကအစ ဂရုစိုက်ပြီးစားသောက်ပါ။

Lip Balm အမြဲဆိုးပါ

အမြဲတမ်း နှုတ်ခမ်းကွဲခြောက်တတ်တယ်ဆိုရင်တော့ lip balm က မရှိမဖြစ်လိုအပ်ပါတယ်။ သွားလေရာဆောင်ထားပါ။ အမြဲတမ်းဆိုးပါ။ ညတိုင်းလည်းဆိုးအိပ်ပါ။ နှုတ်ခမ်းနီဆိုးရင်တောင်မှ lip balm အရင်ဆိုးပြီးမှ နှုတ်ခမ်းနီဆိုးပါ။

Matte Type Lipstick တွေမဆိုးပါနဲ့

 

အမြဲတမ်း နှုတ်ခမ်းကွဲခြောက်တတ်တယ်ဆိုရင် matte type lipstick တွေကို လုံးဝမဆိုးပါနဲ့။ Lip tint တွေ lip gloss တွေဆိုးနိုင်ပါတယ်။ Matte type lipstick တွေက နှုတ်ခမ်းကို ပိုခြောက်သွေ့စေပါတယ်။

Lip Mask သုံးပါ

တစ်ခါတစ်လေမဟုတ်ပဲ အမြဲတမ်းကို နှုတ်ခမ်းကခြောက်ပြီး ကွဲတာမျိုးဆိုရင် lip balm အပြင် lip mask လည်း သုံးပေးသင့်ပါတယ်။

Exfoliate လုပ်ပါ

နှုတ်ခမ်းခြောက်သွေ့ပြီးကွဲတာတွေ သက်သာစေဖို့အတွက် နှုတ်ခမ်းမှာရှိတဲ့ dead skin cells တွေကိုလည်း ဖယ်ရှားရပါမယ်။ ဒီအတွက်တော့ exfoliate လုပ်ပေးဖို့လိုပါတယ်။ ၃ ရက်တစ်ခါလောက် ပုံမှန်လုပ်ပေးမယ်ဆိုရင် နှုတ်ခမ်းခြောက်သွေ့ပြီးကွဲတာတွေ သက်သာလာမယ့်အပြင် နှုတ်ခမ်းသားလည်း ချောမွေ့လာမှာပါ။