ပန်းရောင်သမ်းတဲ့နှုတ်ခမ်းကို ပိုင်ဆိုင်ချင်တဲ့သူတိုင်းအတွက် မဖြစ်မနေလုပ်ပေးရမယ့်အချက် ၆ ချက်ကို ပြောပြပေးလိုက်ပါတယ်။ သဘာဝအတိုင်း ရိုးရှင်းတဲ့အချက်တွေကိုပဲ လုပ်မှာဖြစ်လို့ နှုတ်ခမ်းညိုမဲတာမျိုးတွေမဖြစ်ပဲ သဘာဝအတိုင်း healthy ဖြစ်ပြီး ပန်းရောင်ပြေးတဲ့ နှုတ်ခမ်းမျိုးပဲ ရနိုင်မှာပါ။ ဆေးထိုးသလိုတော့ သိသိသာသာ ပန်းရောင်သမ်းလာတာမျိုး မဖြစ်နိုင်ပါဘူး။

Hydrating ပြည့်ဝအောင်လုပ်ပါ

နှုတ်ခမ်းက အမြဲခြောက်ပြီးကွဲနေရင်တော့ နှုတ်ခမ်းသားပျက်စီးတာပဲ ရှိမှာပါ။ ဒါကြောင့် hydrating ပြည့်ဝအောင် ရေများများသောက်ပါ။ Lip balm အမြဲဆိုးပါ။ ညတိုင်း lip mask သုံးပါ။ နှုတ်ခမ်းက hydrating ပြည့်ဝနေမှ ပန်းရောင်သမ်းတဲ့ နှုတ်ခမ်းကို ရနိုင်မှာပါ။

Exfoliating လုပ်ပါ

နှုတ်ခမ်းကို exfoliating လုပ်ပေးခြင်းက dead skin cells တွေကိုဖယ်ရှားပေးပြီး နှုတ်ခမ်းခြောက်တာ၊ ကွဲတာတွေ သက်သာစေပါတယ်။ အမြဲတမ်း နှုတ်ခမ်းခြောက်ပြီး ကွဲတာတွေကိုလည်း သက်သာစေပြီး နှုတ်ခမ်းသား ချောမွေ့စေပါတယ်။ ဒါမှလည်း နှုတ်ခမ်းသားက healthy ဖြစ်ပြီး ပန်းရောင်သမ်းစေမှာပါ။

Sunblock သုံးပါ

မျက်နှာနဲ့ body skin ကို sunscreen လိမ်းသလိုပဲ နေ့ဘက်တွေမှာ နှုတ်ခမ်းကိုလည်း sunblock သုံးပေးပါ။ Lip balm ကိုမှ SPF ပါတာတွေ အများကြီးရှိပါတယ်။ ဒါမျိုးတွေ သုံးပေးနိုင်ပါတယ်။ နေရောင်ခြည်ဒဏ်က နှုတ်ခမ်းသားပျက်စီးပြီး ညိုမဲစေပါတယ်။ ဒါကြောင့် ပန်းရောင်သမ်းတဲ့ နှုတ်ခမ်းကိုလိုချင်ရင်တော့ sunblock သုံးမှကိုရမှာပါ။

လက်နဲ့မကလိပါနဲ့

Healthy ဖြစ်ပြီး ပန်းရောင်သမ်းတဲ့ နှုတ်ခမ်းလှလှလေးကို လိုချင်ရင်တော့ လက်နဲ့မကလိပါနဲ့။ နှုတ်ခမ်းခြောက်ရင် လက်နဲ့ခွာတာ၊ ကုတ်ဖဲ့တာတွေက နှုတ်ခမ်းပျက်စီးစေပါတယ်။

Quality မကောင်းတဲ့နှုတ်ခမ်းနီတွေမဆိုးပါနဲ့

Quality မကောင်းတဲ့ နှုတ်ခမ်းနီတွေကို ဆိုးတဲ့အခါမှာ နှုတ်ခမ်းသားပျက်စီးပြီး ညိုမဲတာတွေ ဖြစ်စေတဲ့အတွက် ဘယ်လို healthy မဖြစ်နိုင်တော့သလို ပန်းရောင်သမ်းတဲ့နှုတ်ခမ်းကိုလည်း မရနိုင်ပါဘူး။

ဆေးလိပ်သောက်ခြင်းကိုရှောင်ပါ

ဆေးလိပ်သောက်တာ နှုတ်ခမ်းကို ညိုမဲစေတယ်ဆိုတာ အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ ဒါကြောင့် ပန်းရောင်သမ်းတဲ့ နှုတ်ခမ်းလှလှလေး လိုချင်တယ်ဆိုရင် ဆေးလိပ်သောက်ခြင်းကို ရှောင်ဖို့လိုပါတယ်။