အသက်ကြီးလာတာနဲ့အမျှ ကော်လာဂျင်၊ အဆီလွှာနဲ့ နှုတ်ခမ်းကို ထောက်ပံ့ပေးတဲ့ ကြွက်သားတွေက တဖြည်းဖြည်း လျော့နည်းလာတာကြောင့် နှုတ်ခမ်းသားကွဲပြီး ခြောက်လာပါတယ်။ နှုတ်ခမ်းကွဲတွေအတွက် ဈေးကွက်ထဲမှာရှိတဲ့ Menthol သို့မဟုတ် Camphor ပါတဲ့ နှုတ်ခမ်းနီတွေက အစပိုင်းမှာတော့ အရေပြားခြောက်သွေ့ပြီး နှုတ်ခမ်းကွဲတာကို ပိုပြီးဆိုးရွားစေပါတယ်။

ဒါကြောင့် နေရောင်ကိုကာကွယ်ဖို့ SPF ပါပြီး ရေဓာတ်ဖြည့်ပေးနိုင်တဲ့ Lip Balm တွေကို သုံးပေးဖို့လိုအပ်ပါတယ်။

Neutrogena Hydro Boost Lip Treatment shell

ဒီ Lip Treatment က Hyaluronic Acid နဲ့ ထုတ်ထားတာမလို့ နှုတ်ခမ်းသားကို ရေဓာတ်ကောင်းကောင်းဖြည့်ပေးနိုင်တဲ့အပြင် SPF 20 ပါတာမလို့ နေရောင်ခြည်ကိုလည်း ကာကွယ်ပေးပါတယ်။ ဘူးပုံစံလေးကလည်း ပေါ့ပေါ့ပါးပါးလေးဘဲမလို့ အိတ်ထဲမှာ အလွယ်တကူ သယ်သွားလို့ရပါတယ်။

Fresh Sugar Lip Treatment stick

24 နာရီကြာ ရေဓာတ်ဖြည့်ပေးနိုင်တဲ့ ဒီ Fresh Sugar Lip Treatment stick က Jojoba နဲ့ စပျစ်သီးစေ့များ အပါအဝင် သဘာဝအဆီများပါဝင်တာမလို့ နှုတ်ခမ်းသားကို အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။ နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့အတွက် SPF 15 လည်း ပါဝင်တဲ့အပြင် ကျန်းမာပြီး အားစိုက်ထုတ်စရာမလိုဘဲ Sexy ကျစေမယ့် အသားအရေအရောင်နဲ့ လိုက်လျောညီထွေဖြစ်စေမယ့် အရောင်မျိုးစုံနဲ့ လာတာမလို့ စိတ်ကြိုက်ရွေးလို့ရပါတယ်။

O’Keeffe’s Lip Repair Lip Balm stick

နှုတ်ခမ်းသားပျက်စီးခြင်းကနေ ကာကွယ်ဖို့အတွက် ထုတ်ထားတဲ့ ဒီ Lip Balm က Glycerin မြင့်မားစွာပါဝင်တာကြောင့် နှုတ်ခမ်းအရမ်းခြောက်ပြီး ကွဲနေတဲ့သူတွေအတွက် သင့်တော်ပါတယ်။ ဒါ့အပြင် အဆီပြန်ခြင်းမရှိဘဲ အနံ့လည်းပါတာမလို့ Gloss မကြိုက်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။

L’Occitane Shea Butter Ultra Rich Lip Balm stick

အစိုဓာတ်ထိန်းပေးတဲ့နေရာမှာ နာမည်ကြီးတဲ့ သဘာဝပစ္စည်း Shea Butter ကြွယ်ဝစွာပါတဲ့ ဒီ Lip Balm က ဗီတာမင် E လည်း ပါတာကြောင့် နှုတ်ခမ်းကို Free Radical ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ vanilla အနံ့နဲ့ ဒီ Lip Balm က ဆိုးထားရင် တာရှည်ခံပြီး အစိုဓာတ်ကိုလည်း ထိန်းပေးထားပါတယ်။

Nuxe – Ultra-nourishing Lip Balm, Rêve de Miel pot

ဒီ Lip Balm ကိုတော့ အဖိုးတန်တဲ့ Provence မှလာဗင်ဒါပျားရည်၊ ပရိုပိုလစ်၊ ပျားဖယောင်းစတာတွေနဲ့ လုပ်ထားတာကြောင့် နှုတ်ခမ်းသားအရမ်းခြောက်ပြီး ပျက်စီးနေတဲ့နှုတ်ခမ်းသားကို နူးညံ့ပျော့ပျောင်းစေပါတယ်။ ညအိပ်ရာမဝင်ခင် နှုတ်ခမ်းကို ပမာဏများများလိမ်းပေးရင် မနက်လင်းတဲ့အခါ ရလဒ်ကောင်းကို မြင်တွေ့ရမှာပါ။

Clinique – Repairwear™ Intensive Lip Treatment stick

နှုတ်ခမ်းသားကို နူးညံ့ပြီး ရေဓာတ်ရရှိစေတဲ့ ဒီ Lip Balm က ကြာရှည်ခံကာ အဆီပြန်ခြင်းမရှိဘဲ ရေဓာတ်ဖြည့်ပေးနိုင်တာကြောင့် သိမ်မွေ့ပြီး တောက်ပတဲ့နှုတ်ခမ်းသားတစ်စုံကို ဖန်တီးပေးနိုင်ပါတယ်။