လျှာဖြူတာကို နနွင်းမှုန့်သုံးပြီး ပျောက်အောင်လုပ်နိုင်မယ့် အိမ်တွင်းဖြစ် နည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။ သဘာဝနည်းလမ်းဖြစ်တာ ကြောင့် ဘေးဥပါဒ်ဖြစ်မှာလည်း စိတ်ပူစရာမလိုသလို၊ လုပ်ရတာလည်း မခက်ခဲပါဘူး။

နနွင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်ကို သံပုယိုရည် (သို့) သံပုရာရည် – ၃ စက်လောက်ချပြီး ပျစ်ပျစ်လေးဖြစ်သွားအောင် ရောမွှေပါ။
မွှေပြီးသွားရင် လက် (သို့) သွားပွတ်တံနဲ့ယူပြီး လျှာကို ဖြေးဖြေးချင်းစီပွတ်ပြီး Scrub သဘောမျိုး လုပ်ပေးရမှာပါ။

မိနစ်ပိုင်းလောက်ပွတ်ပြီးရင်တော့ ရေသန့်နဲ့ ပလုပ်ကျင်းပြီး လျှာကို သန့်စင်လိုက်ပါ။

ဒီနည်းလမ်းကို တစ်နေ့ တစ်ကြိမ် ပုံမှန်လုပ်ပေးရပါမယ်။ တစ်နေ့တစ်ကြိမ် မပျက်မကွက်နဲ့ ပုံမှန်လုပ်သွားမယ်ဆိုရင်တော့ လျှာဖြူတာ သက်သာပြီး ပျောက်သွားပါလိမ့်မယ်။ ဒါ့အပြင့် ခံတွင်းနံ့နံတာလည်း ပျောက်စေပါတယ်။

Source:www.stylecraze.com