ချိုင်းချွေးနံ့ပြင်းလို့ ကြံရာမရဖြစ်နေကာ စိတ်ညစ်နေရတဲ့သူတို့အတွက် အသုံးတည့်မယ့် နည်းလမ်းကောင်းများ ဝေမျှပေးချင်ပါတယ်။ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းကောင်းများဖြစ်ပြီး ကုန်ကျစရိတ်လည်း သက်သာစေမှာပဲ ဖြစ်ပါတယ်။

နည်းလမ်းကောင်းတွေကို မဝေမျှခင်မှာ ဘာ့ကြောင့် ချိုင်းချွေးနံ့ပြင်းရသလဲလို့ အကြောင်းအရင်းရှာဖွေနေတဲ့သူတို့အတွက် ရှောင်ရှားသင့်တဲ့ အချက်များကို အရင်ဆုံး ဝေမျှပေးချင်ပါတယ်။

ရာသီဥတုပူပြင်းခြောက်သွေ့ခြင်းကြောင့် ချွေးထွက်တဲ့အခါ အရေပြားပေါ်ရှိ ဘက်တီးရီးယားများက ချွေးနှင့် ဓာတ်ပြုတဲ့ခါ ချွေးနံ့များ ပြင်းထန်လာရခြင်း ဖြစ်ပါတယ်။

မိမိစားသုံးတဲ့ အစားအစာများကြောင့်သော်လည်းကောင်း၊ ကျန်းမာရေးပြဿနာ (သို့) အစာအိမ်ကျန်းမာရေးကြောင့်လည်း ချိုင်းချွေးနံ့များ ပြင်းထန်လာနိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးဆိုရင် အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို ဝေမျှပေးချင်ပါတယ်။

ပန်းသီးရှာလကာရည် အသုံးပြုပါ

အရင်ဦးဆုံး ဝါဂွမ်းစကို ပန်းသီးရှာလကာရည်ထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် ချိုင်းကြားနေရာတစ်ဝိုက်မှာ ပွတ်တိုက်ပေးလိုက်ပါ။ တစ်နေ့လျှင် နှစ်ကြိမ် ပွတ်တိုက်ပေးရင်လုံလောက်ပါပြီ။ ရက်အနည်းငယ်ကြာတဲ့အခါ ချိုင်းချွေးနံ့ ပြင်းလွန်းတဲ့ပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။

သံပုယိုရည် အသုံးပြုပါ

သံပုယိုသီးကို ထက်ခြမ်းခြမ်းပြီး ချိုင်းကြားမှာ ပွတ်တိုက်ပေးလိုက်ပါ။ တစ်ရက်လျှင် တစ်ကြိမ်ခန့် ထူးခြားတဲ့ရလာဒ်ကို မြင်တွေ့သည်အထိ ပွတ်တိုက်ပေးလိုက်ပါ။ တကယ်လို့ သင့်မှာ Sensitive အသားအရေမျိုးရှိတယ်ဆိုရင်တော့ သံပုယိုသီးတစ်ခြမ်းကို အရည်ညှစ်လိုက်ပါ။

ထို့နောက် ရေ ဖန်ခွက်တစ်ဝက်ဖြင့် သမအောင် ရောမွှေလိုက်ပါ။ ပြီးမှ ချိုင်းကြားမှာ ပွတ်တိုက်ပေးလိုက်ရုံပါပဲ။

တစ်ခုသတိထားရမယ့်အချက်ကတော့ ပန်းသီးရှာလကာရည်တို့ သံပုယိုရည်တို့သည် အက်ဆစ်ဓာတ်ပြင်းသောအရာတွေဖြစ်ပါတယ်။ ဒါ့ကြောင့် အမွှေးအမျှင် ရိတ်ပြီးတဲ့အချိန်မှာ ပွတ်တိုက်ပေးခြင်းမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။