[Zawgyi]

မိန္းကေလးတစ္ေယာက္အတြက္ မ်က္ႏွာအသားအေရက အရမ္းကိုအေရးႀကီးတယ္လို႔ သတ္မွတ္ထားတဲ့အခ်ိန္မွာ ဝက္ၿခံေတြျဖစ္လို႔စိတ္ညစ္ရတဲ့ထဲ ဝက္ၿခံေၾကာင့္က်န္ခဲ့တဲ့အမာရြတ္ေတြက ပိုၿပီးေတာ့စိတ္ရွဳပ္စရာေကာင္းပါတယ္။

ေသခ်ာဂ႐ုတစိုက္နဲ႔လုပ္ေပးႏိုင္မွလည္း အမာရြတ္ေတြကိုသက္သာေစမွာျဖစ္တာေၾကာင့္ နည္းလမ္းေကာင္းေလးေတြကိုေတာ့ သိထားဖို႔လိုအပ္ၿပီေနာ္။

ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္ကို အခံြေတြေသခ်ာႏႊာၿပီး အထဲကဂ်ယ္ေလးနဲ႔ မ်က္ႏွာေပၚကဝက္ၿခံေၾကာင့္က်န္ေနခဲ့တဲ့ အမာရြတ္ေတြေပၚကို စက္ဝိုင္းပံုစံ ေသခ်ာေလးပြတ္ေပးလိုက္ပါ။ ၿပီးရင္ေတာ့ မိနစ္ ၃၀ ေလာက္ထားထားၿပီးမွ ေရေဆးခ်ေပးလိုက္ပါ။ တစ္ေန႔ကို ႏွစ္ႀကိမ္သံုးႀကိမ္ေလာက္ပံုမွန္လုပ္ေပးလိုက္မယ္ဆိုရင္ ဝက္ၿခံေၾကာင့္ျဖစ္တဲ့အမာရြတ္ေတြကို အခ်ိန္တိုအတြင္းမွာ ေလ်ာ့နည္းသက္သာလာေစမွာပဲျဖစ္ပါတယ္။

အုန္းဆီ

အုန္းဆီကိုနည္းနည္းေလာက္အပူေပးၿပီး အမာရြတ္ေတြေပၚမွာ လိမ္းထားေပးလိုက္ပါ။ အမာရြတ္ျဖစ္ေနတဲ့ေနရာေပၚမွာလိမ္းေပးၿပီး ၅ မိနစ္ေလာက္ႏွိပ္နယ္ေပးလိုက္ပါ။ ဒါမွလည္း အသားထဲကိုေသခ်ာစိမ့္ဝင္သြားမွာေပါ႔။ တစ္နာရီေလာက္ထားၿပီးသြားရင္ ေရေႏြးေႏြးေလးနဲ႔ ေဆးခ်ေပးလိုက္ပါ။ ေန႔တိုင္းလုပ္ေပးတဲ့အခါမွာ ႏွစ္ပတ္အတြင္းမွာသိသာတဲ့ ရလဒ္ကိုရရွိလာမွာပဲျဖစ္ပါတယ္။

အာလူး

အာလူးကိုပါးပါးေလးေတြလွီးၿပီး မ်က္ႏွာျပင္အႏွံ႔နဲ႔ အမာရြတ္ေနရာေတြမွာ အဓိကထားၿပီး ကပ္ထားေပးမယ္ဆိုရင္ ဝက္ၿခံေၾကာင့္က်န္ေနခဲ့တဲ့ အမာရြတ္ေတြကို ေလ်ာ့နည္းေစမွာပဲျဖစ္ပါတယ္။ ေန႔တိုင္းျပဳလုပ္ေပးလို႔ရသလို အိပ္ရာဝင္ခါနီးအခ်ိန္ေတြမွာလုပ္ေပးရင္ ပိုၿပီးေတာ့အက်ိဳးရွိေစပါတယ္ေနာ္။ အခ်ိန္တိုအတြင္းမွာပဲ အမာရြတ္ေတြကိုပါးသြားေစမယ့္ နည္းလမ္းေကာင္းေလးလဲျဖစ္ပါတယ္။

ပ်ားရည္

ပ်ားရည္က အလွအပအတြက္အသံုးဝင္လြန္းတဲ့ အိမ္တြင္းပစၥည္းတစ္မ်ိဳးလည္း ျဖစ္ပါတယ္ေနာ္။ ညဘက္အိပ္ရာဝင္ခါနီးအခ်ိန္ေတြမွာ အမာရြတ္ေတြရွိေနတဲ့ေနရာေတြကို ပ်ားရည္ေလးလိမ္းထားၿပီး အိပ္ယာဝင္လိုက္ပါ။ မနက္မွ မ်က္ႏွာကိုေသခ်ာသစ္ေပးၿပီး အိပ္ယာဝင္ခါနီးတိုင္းမွာ လုပ္ေပးမယ္ဆိုရင္ေတာ့ အခ်ိန္တိုအတြင္းမွာ အမာရြတ္ေတြေလ်ာ႔နည္းၿပီး ေပ်ာက္ကင္းလာမွာပဲျဖစ္ပါတယ္။

ေကာင္းမြန္တဲ့အသားအေရမ်ိဳးေလးနဲ႔မွ လွပတဲ့မ်က္ႏွာမ်ိဳးေလးကို ရရွိမွာဆိုေတာ့ အျပစ္အနာဆာကင္းတဲ့ မ်က္ႏွာမ်ိဳးေလးကို ရရွိေအာင္ မ်က္ႏွာေပၚကဝက္ၿခံေၾကာင့္ က်န္ေနခဲ့တဲ့အမာရြတ္ေတြကို ေပ်ာက္ေအာင္ဒီနည္းလမ္းေလးေတြနဲ႔ ကုသလိုက္ပါေနာ္။

Photo Source: Pexels

[Unicode]

မိန်းကလေးတစ်ယောက်အတွက် မျက်နှာအသားအရေက အရမ်းကိုအရေးကြီးတယ်လို့ သတ်မှတ်ထားတဲ့အချိန်မှာ ဝက်ခြံတွေဖြစ်လို့စိတ်ညစ်ရတဲ့ထဲ ဝက်ခြံကြောင့်ကျန်ခဲ့တဲ့အမာရွတ်တွေက ပိုပြီးတော့စိတ်ရှုပ်စရာကောင်းပါတယ်။

သေချာဂရုတစိုက်နဲ့လုပ်ပေးနိုင်မှလည်း အမာရွတ်တွေကိုသက်သာစေမှာဖြစ်တာကြောင့် နည်းလမ်းကောင်းလေးတွေကိုတော့ သိထားဖို့လိုအပ်ပြီနော်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကို အခွံတွေသေချာနွှာပြီး အထဲကဂျယ်လေးနဲ့ မျက်နှာပေါ်ကဝက်ခြံကြောင့်ကျန်နေခဲ့တဲ့ အမာရွတ်တွေပေါ်ကို စက်ဝိုင်းပုံစံ သေချာလေးပွတ်ပေးလိုက်ပါ။ ပြီးရင်တော့ မိနစ် ၃၀ လောက်ထားထားပြီးမှ ရေဆေးချပေးလိုက်ပါ။ တစ်နေ့ကို နှစ်ကြိမ်သုံးကြိမ်လောက်ပုံမှန်လုပ်ပေးလိုက်မယ်ဆိုရင် ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ်တွေကို အချိန်တိုအတွင်းမှာ လျော့နည်းသက်သာလာစေမှာပဲဖြစ်ပါတယ်။

အုန်းဆီ

အုန်းဆီကိုနည်းနည်းလောက်အပူပေးပြီး အမာရွတ်တွေပေါ်မှာ လိမ်းထားပေးလိုက်ပါ။ အမာရွတ်ဖြစ်နေတဲ့နေရာပေါ်မှာလိမ်းပေးပြီး ၅ မိနစ်လောက်နှိပ်နယ်ပေးလိုက်ပါ။ ဒါမှလည်း အသားထဲကိုသေချာစိမ့်ဝင်သွားမှာပေါ့။ တစ်နာရီလောက်ထားပြီးသွားရင် ရေနွေးနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။ နေ့တိုင်းလုပ်ပေးတဲ့အခါမှာ နှစ်ပတ်အတွင်းမှာသိသာတဲ့ ရလဒ်ကိုရရှိလာမှာပဲဖြစ်ပါတယ်။

အာလူး

အာလူးကိုပါးပါးလေးတွေလှီးပြီး မျက်နှာပြင်အနှံ့နဲ့ အမာရွတ်နေရာတွေမှာ အဓိကထားပြီး ကပ်ထားပေးမယ်ဆိုရင် ဝက်ခြံကြောင့်ကျန်နေခဲ့တဲ့ အမာရွတ်တွေကို လျော့နည်းစေမှာပဲဖြစ်ပါတယ်။ နေ့တိုင်းပြုလုပ်ပေးလို့ရသလို အိပ်ရာဝင်ခါနီးအချိန်တွေမှာလုပ်ပေးရင် ပိုပြီးတော့အကျိုးရှိစေပါတယ်နော်။ အချိန်တိုအတွင်းမှာပဲ အမာရွတ်တွေကိုပါးသွားစေမယ့် နည်းလမ်းကောင်းလေးလဲဖြစ်ပါတယ်။

ပျားရည်

ပျားရည်က အလှအပအတွက်အသုံးဝင်လွန်းတဲ့ အိမ်တွင်းပစ္စည်းတစ်မျိုးလည်း ဖြစ်ပါတယ်နော်။ ညဘက်အိပ်ရာဝင်ခါနီးအချိန်တွေမှာ အမာရွတ်တွေရှိနေတဲ့နေရာတွေကို ပျားရည်လေးလိမ်းထားပြီး အိပ်ယာဝင်လိုက်ပါ။ မနက်မှ မျက်နှာကိုသေချာသစ်ပေးပြီး အိပ်ယာဝင်ခါနီးတိုင်းမှာ လုပ်ပေးမယ်ဆိုရင်တော့ အချိန်တိုအတွင်းမှာ အမာရွတ်တွေလျော့နည်းပြီး ပျောက်ကင်းလာမှာပဲဖြစ်ပါတယ်။

ကောင်းမွန်တဲ့အသားအရေမျိုးလေးနဲ့မှ လှပတဲ့မျက်နှာမျိုးလေးကို ရရှိမှာဆိုတော့ အပြစ်အနာဆာကင်းတဲ့ မျက်နှာမျိုးလေးကို ရရှိအောင် မျက်နှာပေါ်ကဝက်ခြံကြောင့် ကျန်နေခဲ့တဲ့အမာရွတ်တွေကို ပျောက်အောင်ဒီနည်းလမ်းလေးတွေနဲ့ ကုသလိုက်ပါနော်။

Photo Source: Pexels