နားကပ်ကို ကိုယ်ကြိုက်တဲ့ဒီဇိုင်းမျိုး မှာပြီးဝတ်ချင်တဲ့ လူငယ်ကောင်မလေးတွေအတွက် ဒီဇိုင်းဆန်းပြီးချစ်ဖို့ကောင်းတဲ့ နားကပ်ဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီနားကပ်ဒီဇိုင်းလေးဆိုရင် ဒီဇိုင်းလည်းဆန်းသလို ချစ်ဖို့လည်းကောင်းပါတယ်။ လူငယ်တင်မဟုတ်ပဲ လူလတ်ပိုင်း ကောင်မလေးတွေနဲ့ပါ လိုက်ဖက်တဲ့ ပုံစံလေးပါ။

ဒီလိုပုံစံလေးတွေဆိုရင် ဒီဇိုင်းဆန်းပြီး မိန်းကလေးဆန်ပါတယ်။ ရွှေနဲ့ပဲလုပ်လုပ်၊ စိန်နဲ့ပဲလုပ်လုပ် အရမ်းလှတဲ့ပုံစံလေးတွေပါ။ ဒါ့အပြင် မိန်းကလေးတော်တော်များများနဲ့လည်း လိုက်ဖက်ပါတယ်။

ဒီနားကပ်ဒီဇိုင်းလေးဆိုရင် ဒီဇိုင်းဆန်းပြီး ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။ အရမ်းသေးတာမျိုးကို မကြိုက်တဲ့သူတွေအတွက်တော့ ဒီပုံစံလေးက အရမ်းလှပါတယ်။

လူငယ်ဆန်ပြီး ဒီဇိုင်းဆန်းတာမျိုးကိုကြိုက်ပေမယ့် cute type တော့ မကြိုက်ဘူးဆိုတဲ့ ကောင်မလေးတွေအတွက် ဒီနားကပ်ဒီဇိုင်းလေးက အထာကျပြီးမိုက်တဲ့ ပုံစံလေးပါပဲ။

ကိုရီးယားဆန်ပြီးလှတာမျိုး၊ ချစ်ဖို့ကောင်းတာမျိုးကို ကြိုက်ရင်တော့ ဒီလိုနားကပ်ပုံစံလေးတွေကို ရွေးချယ်ပါ။ တွဲလောင်းလေးနဲ့မို့ လူငယ်ဆန်ပြီး ပိုချစ်ဖို့ကောင်းပါတယ်။

ပုလဲကြိုက်ရင်တော့ ဒီနားကပ်ဒီဇိုင်းလေးက ဒီဇိုင်းဆန်းပြီးအရမ်းလှပါတယ်။ ကိုရီးယားမလေးတွေ ပန်နေကျပုံစံလေးပါပဲ။

ပုလဲကြိုက်ပေမယ့် ဒီဇိုင်းကို ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတာမျိုးပဲ လိုချင်တာဆိုရင်တော့ ဒီနားကပ်ဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ လူငယ်တင်မဟုတ်ပဲ လူကြီးတွေနဲ့ပါလိုက်ဖက်တဲ့ ဒီဇိုင်းလေးပါ။

ဒီနားကပ်ပုံစံလေးဆိုရင် သေးသေးပိစိလေးနဲ့ အရမ်းချစ်ဖို့ကောင်းပြီး ဒီဇိုင်းကလည်း သူများနဲ့မတူပဲ ရိုးရိုးလေးနဲ့ကို ဆန်းသစ်နေတာပါ။

Photo source:www.pinterest.com