တစ်ဖြေးဖြေးနဲ့ မိုးရာသီလည်း ရောက်လာပြီဆိုတော့ အလှကြိုက်တဲ့ မိန်းကလေးတွေအတွက် မိုးရာသီမှာ အလှမပျက်အောင် အိတ်ထဲအမြဲဆောင်ထားသင့်တဲ့ ပစ္စည်း ၇ မျိုး ရှိပါတယ်။ ကိုယ်တိုင်ရော ဒီပစ္စည်းတွေကို အိတ်ထဲ အမြဲဆောင်ထားဖြစ်လားဆိုတာကို ကြည့်လိုက်ရအောင်။

Setting Powder or Powder Pact

မိုးရာသီမှာ မိုးစိုလို မိတ်ကပ်ကွက်တာ၊ ပျက်တာမျိုးတွေဖြစ်လည်း Setting Powder or Powder Pact လေးသာ ပြန်လိမ်းလိုက်ရင် အဆင်ပြေသွားမှာပါ။ တကယ်တော့ Setting Powder or Powder Pact က မိုးရာသီမှမဟုတ်ပါဘူး မိန်းကလေးတိုင်း အိတ်ထဲမှာ အချိန်တိုင်းဆောင်ထားသင့်တဲ့ ပစ္စည်းဖြစ်ပါတယ်။

နှုတ်ခမ်းနီ

မိုးရာသီမှမဟုတ်ပဲ အချိန်တိုင်း မိန်းကလေးတွေရဲ့အိတ်ထဲမှာ အမြဲဆောင်ထားသင့်တဲ့ ပစ္စည်း နောက်တစ်ခုကတော့ နှုတ်ခမ်းနီပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် နှုတ်ခမ်းနီထုတ်ဆိုးလိုက်ရင် မျက်နှာလေးလင်းပြီး လန်းဆန်းသွားတဲ့ Look မျိုး ရစေမှာပါ။ ဒါအပြင့် ပါးနီ၊ Eyeshadow အနေနဲ့ သုံးချင်လည်း ရပါသေးတယ်။

Wet Tissue or Tissue

မိုးရာသီဆိုတော့ မိတ်ကပ်ကွက်တာ၊ ပြင်ထားတဲ့ Eyeliner, Mascara တွေ ပျက်တာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ Wet Tissue or Tissue သာဆောင်ထားရင် ပေတဲ့နေရာတွေကို အလွယ်တကူသုတ်ပြီး အဆင်ပြေအောင် လုပ်နိုင်ပါတယ်။

Sun Spray

မိုးရာသီမှာလည်း Sunscreen လိမ်းဖို့လိုတာပါပဲ။ Sunscreen ကလည်း လိမ်းပြီးရင် 4 နာရီလောက်ပဲ ခံတာဆိုတော့ ထပ်ထပ်ပြီး ပြန်လိမ်းပေးဖို့ လိုပါတယ်။ ဒါက နွေရာသီအတွက်ပဲ လိုအပ်တာမဟုတ်ပါဘူး။ ဆောင်းရာသီနဲ့ မိုးရာသီအတွက်လည်း လိုအပ်ပါတယ်။ ဒါကြောင့် Sunscreen ကို တကူးတက ထုတ်လိမ်းဖို့ အဆင်မပြေတဲ့အခါမှာ Sun Spray ထုတ်ဖြန်းတာက ပိုအဆင်ပြေပါတယ်။

ရေမွှေး

မိုးရာသီက မိုးစိုပြီး အဝတ်အစား မခြောက်တခြောက် အခြေအနေတွေမှာ အနံ့နံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေမွှေးဆောင်ထားပြီး သုံးမယ်ဆိုရင်တော့ ဒီပြဿနာတွေ ရှိတော့မှာမဟုတ်ပါဘူး။

လက်ကိုင်ပုဝါ

လက်ကိုင်ပုဝါကတော့ မိုးစိုရင်လည်း အလွယ်တကူ သုတ်လို့ရသလို ဆံပင်ရေစိုသွားရင်လည်း အလွယ်တကူ သုတ်စရာရှိတော့ အဆင်ပြေတာပေါ့။

ဘီး

မိုးရာသီမှာ လေနဲ့မိုးနဲ့ အပြင်သွားရင် ဆံပင်တွေရှုပ်ပွတာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဘီးရှိနေရင်တော့ အချိန်မရွေး ထုတ်ဖြီးလို့ရတာပေါ့။ ဘီးကလည်း မိုးရာသီမှ ဆောင်ထားသင့်တာ မဟုတ်ပါဘူး။ အလှကြိုက်တဲ့မိန်းကလေးတိုင်း အမြဲဆောင်ထားသင့်တဲ့ပစ္စည်းပါ။