မျက်လုံးကအောက်က ပန်ဒါလေးလိုညိုနေတဲ့ မျက်ကွင်းလေးတွေကို သက်သာစေဖို့ အကုန်ကျနည်းတဲ့ သဘာဝနည်းတွေကိုရှာနေတယ်ဆိုရင် အလုပ်လုံးဝမရှုပ်တဲ့ အာလူးကို သတိရလိုက်ပါ။ အာလူးကို သုံးပေးရင် ရလာမယ့် အကျိုးကျေးဇူးတွေက အများကြီးမလို့ ဘယ်လိုအကျိုးကျေးဇူးတွေလည်းဆိုတာ အတူကြည့်ကြည့်ရအောင်-

ဒါကတော့ မျက်လုံးတင်မက အလှအပတွက်ပါ အကျိုးရှိစေမယ့် အာလူးရဲ့ကောင်းကျိုးတွေပါ။

အာလူးအချပ်တွေကို မျက်လုံးပေါ်ကပ်ပေးရင် အာလူးရဲ့ကစီဓာတ်က တစ်သျှူးထဲက ပိုလျှံနေတဲ့အရည်တွေကို စုပ်သွားပြီး မျက်လုံးယောင်တာကို သက်သာစေပါတယ်။

မျက်ကွင်းညိုတာသက်သာဖို့ အာလူးအချပ်လေးတွေနဲ့ မျက်လုံးတစ်ဝိုက်ကို ၁၅ မိနစ်လောက်ကပ်ပြီး ရေဆေးချပါ။

အရေးအကြောင်းတွေသက်သာဖို့အတွက်ဆို အာလူးအချပ်လေးတွေကို မျက်နှာပေါ်တင်ပြီး မိနစ် ၂၀ လောက်ထားပါ။ ပြီးမှ ရေအေးနဲ့ ဆေးချပါ။

အာလူးအချပ်တွေနဲ့ နေလောင်ထားတဲ့နေရာကို 15 မိနစ်လောက် လိမ်းပြီး ရေအေးနဲ့ ဆေးပေးရင်လည်း နေလောင်တာကို သက်သာစေပါတယ်။

ချွေးပေါက်တွေကို ကျဉ်းစေပြီး အသားအရေကို တင်းစေဖို့ အာလူးအစိမ်းကိုခြစ်ပြီး သံပုရာရည်နည်းနည်းရောပါ။ မျက်နှာပေါ်လိမ်းပြီး 15 မိနစ်လောက်နေမှ ရေအေးနဲ့ဆေးချပါ။

အရေပြားမှာ အညိုအမဲစွဲနေတာကို သက်သာစေဖို့ အာလူးထောင်းကို ဒဏ်ရာပေါ် လိမ်းပြီး ပတ်တီးနဲ့ အုပ်ထားပါ။ မိနစ် 30 လောက်ထားပြီး ဖယ်လိုက်ပါ။ ဒဏ်ရာမှိန်သွားတဲ့ထိ မကြာမကြာလုပ်ပေးပါ။

အာလူးကို ချေပြီး သံလွင်ဆီနည်းနည်းထည့်ရင်လည်း Facial Mask အနေနဲ့ သုံးလို့ရပါသေးတယ်။ မျက်နှာပေါ်တွင် လိမ်းပြီး ၁၅ မိနစ်ခန့် ထားပေးပါ။ ရေအေးနဲ့ဆေးပြီး ခြောက်အောင်သုတ်ပါ။

အသားအရေကို လန်းဆန်းတောက်ပနေစေဖို့ အာလူးအစိမ်းတစ်လုံးကို အခွံခွာပြီး စက်ဝိုင်းပုံစံမျက်နှာကို ပွတ်ပေးပါ။ ပြီးရေအေးနဲ့သစ်ပြီး ခြောက်အောင်သုတ်ပါ။