(Zawgyi Version)

မ်က္ကပ္မွန္တပ္တဲ့ေကာင္မေလးေတြအတြက္ေတာ့ မ်က္လုံးျခယ္ရင္ ေထြေထြထူးထူးသိပ္မလိုပါဘူး။ ႐ိုး႐ိုးရွင္းရွင္းနဲ႔လွပၿပီး မိုက္ေနေအာင္ျပင္လို႔ရပါတယ္။ ဒါေၾကာင့္ မ်က္ကပ္မွန္တပ္တဲ့ေကာင္မေလးေတြအတြက္ မိတ္ကပ္ဘယ္လိုျပင္ရမလဲဆိုတာကို မွ်ေဝေပးလိုက္ပါတယ္။

ပထမဆုံးအေနနဲ႔ မိတ္ကပ္မလိမ္းခင္မွာ လိမ္းေနက်အတိုင္း Toner, Moisturizer နဲ႔ Sunscreen ကို အရင္လိမ္းပါ။ Primer လိမ္းရင္ေတာ့ မိတ္ကပ္သားပိုၾကာရွည္ခံတာေပါ့။

စၿပီးမိတ္ကပ္ျပင္ဖို႔အတြက္ Foundation လိမ္းပါမယ္။

Concealer ကို ပုံမွာျပထားတဲ့ေနရာေတြမွာ လိမ္းပါမယ္။

Pressed Powder (သို႔) Powder Pact ကို Brush နဲ႔ယူလိမ္းေပးပါ။ ဒါမွဖုံဖုံႀကီးျဖစ္မေနမွာပါ။

မ်က္ခုံးေမႊးဆြဲတဲ့အခါမွာ အညိဳဘက္သြားတဲ့အေရာင္ကိုေ႐ြးပါ။

ႏွာတံေဖာ္ဖို႔ Contour Pact ကို အညိဳဘက္နည္းနည္းသြားတဲ့အေရာင္ေ႐ြးပါ။

Eyeshadow ျခယ္ဖို႔အတြက္ေတာ့ လက္မွာျပထားတဲ့အေရာင္ေတြကို ေ႐ြးထားပါတယ္။ ဒီအေရာင္ေတြက လူတိုင္းနဲ႔လိုက္ဖက္ၿပီး အသုံးမ်ားတဲ့အေရာင္ေတြပါ။

ပုံမွာျပထားတဲ့အတိုင္း Base Color ကိုအရင္ျခယ္ပါမယ္။

ဒုတိယ Color ေလးကိုေတာ့ Eyelid နဲ႔ ေအာက္မ်က္ခမ္းေနရာေလးကို ျခယ္ပါမယ္။

တတိယ Color ကိုေတာ့ မ်က္ခြံေနရာမွာျခယ္ေပးပါမယ္။

အေရာင္ရင့္တဲ့ ေနာက္ Color တစ္ခုကိုေတာ့ မ်က္လုံးေထာင့္ေတြမွာျခယ္ေပးပါ။

ေနာက္ဆုံးအေရာင္ေလးျဖစ္တဲ့ ပန္းေရာင္ဘက္သြားတဲ့အေရာင္ေလးကိုေတာ့ မ်က္ခမ္းစပ္ေနရာမွာ ျခယ္ေပးရမွာပါ။ ပန္းေရာင္ဘက္သြားတာေလးမရွိလည္း ႐ိုး႐ိုး Glitter အျဖဴေလးဆိုလည္း ရတယ္ေနာ္။

Eyeshadow ျခယ္ၿပီးရင္ မ်က္ေတာင့္ေကာ့ပါမယ္။

Eyeliner ကိုေတာ့ အနက္ေရာင္မသုံးပဲ အညိဳကိုသုံးၿပီး တစ္ေၾကာင္းထဲပါးပါးေလးဆြဲထားပါတယ္။ မ်က္လုံးေအာက္ဘက္ကိုေတာ့ ခုနက Eyebrow Pencil နဲ႔ပဲ နည္းနည္းဆြဲထားပါတယ္။

ေမး႐ိုးေတြပိုေပၚၿပီးလွသြားေအာင္ ႏွာတံေဖာ္တုန္းကသုံးထားတဲ့ Brown Contour နဲ႔ပဲ ပုံမွျပထားတဲ့အတိုင္းေဖာ္ပါမယ္။

Blusher ကိုေတာ့ ပန္းေရာင္ဘက္သြားတဲ့ အေရာင္ႏုႏုေလးပဲျဖစ္ျဖစ္ မိတ္ကပ္ေရာင္ပဲျဖစ္ျဖစ္ သုံးလို႔ရပါတယ္။

ႏႈတ္ခမ္းနီကိုေတာ့ အညိဳေဖ်ာ့ေဖ်ာ့ေလးကို ေအာက္ခံဆိုးၿပီး ႏႈတ္ခမ္းအတြင္းသားကိုေတာ့ အေရာင္ရင့္တာေလးဆိုးေပးပါမယ္။

ဒါဆိုရင္ေတာ့ မ်က္ကပ္မွန္တပ္တဲ့ေကာင္မေလးေတြအတြက္ ႐ိုး႐ိုးေလးနဲ႔မိုက္ၿပီး လွပေနတဲ့ Makeup Look ေလးရသြားပါၿပီ။

Photo Source: www.지니비Zini B

(Unicode Version)

မျက်ကပ်မှန်တပ်တဲ့ကောင်မလေးတွေအတွက်တော့ မျက်လုံးခြယ်ရင် ထွေထွေထူးထူးသိပ်မလိုပါဘူး။ ရိုးရိုးရှင်းရှင်းနဲ့လှပပြီး မိုက်နေအောင်ပြင်လို့ရပါတယ်။ ဒါကြောင့် မျက်ကပ်မှန်တပ်တဲ့ကောင်မလေးတွေအတွက် မိတ်ကပ်ဘယ်လိုပြင်ရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ မိတ်ကပ်မလိမ်းခင်မှာ လိမ်းနေကျအတိုင်း Toner, Moisturizer နဲ့ Sunscreen ကို အရင်လိမ်းပါ။ Primer လိမ်းရင်တော့ မိတ်ကပ်သားပိုကြာရှည်ခံတာပေါ့။

စပြီးမိတ်ကပ်ပြင်ဖို့အတွက် Foundation လိမ်းပါမယ်။

Concealer ကို ပုံမှာပြထားတဲ့နေရာတွေမှာ လိမ်းပါမယ်။

Pressed Powder (သို့) Powder Pact ကို Brush နဲ့ယူလိမ်းပေးပါ။ ဒါမှဖုံဖုံကြီးဖြစ်မနေမှာပါ။

မျက်ခုံးမွှေးဆွဲတဲ့အခါမှာ အညိုဘက်သွားတဲ့အရောင်ကိုရွေးပါ။

နှာတံဖော်ဖို့ Contour Pact ကို အညိုဘက်နည်းနည်းသွားတဲ့အရောင်ရွေးပါ။

Eyeshadow ခြယ်ဖို့အတွက်တော့ လက်မှာပြထားတဲ့အရောင်တွေကို ရွေးထားပါတယ်။ ဒီအရောင်တွေက လူတိုင်းနဲ့လိုက်ဖက်ပြီး အသုံးများတဲ့အရောင်တွေပါ။

ပုံမှာပြထားတဲ့အတိုင်း Base Color ကိုအရင်ခြယ်ပါမယ်။

ဒုတိယ Color လေးကိုတော့ Eyelid နဲ့ အောက်မျက်ခမ်းနေရာလေးကို ခြယ်ပါမယ်။

တတိယ Color ကိုတော့ မျက်ခွံနေရာမှာခြယ်ပေးပါမယ်။

အရောင်ရင့်တဲ့ နောက် Color တစ်ခုကိုတော့ မျက်လုံးထောင့်တွေမှာခြယ်ပေးပါ။

နောက်ဆုံးအရောင်လေးဖြစ်တဲ့ ပန်းရောင်ဘက်သွားတဲ့အရောင်လေးကိုတော့ မျက်ခမ်းစပ်နေရာမှာ ခြယ်ပေးရမှာပါ။ ပန်းရောင်ဘက်သွားတာလေးမရှိလည်း ရိုးရိုး Glitter အဖြူလေးဆိုလည်း ရတယ်နော်။

Eyeshadow ခြယ်ပြီးရင် မျက်တောင့်ကော့ပါမယ်။

Eyeliner ကိုတော့ အနက်ရောင်မသုံးပဲ အညိုကိုသုံးပြီး တစ်ကြောင်းထဲပါးပါးလေးဆွဲထားပါတယ်။ မျက်လုံးအောက်ဘက်ကိုတော့ ခုနက Eyebrow Pencil နဲ့ပဲ နည်းနည်းဆွဲထားပါတယ်။

မေးရိုးတွေပိုပေါ်ပြီးလှသွားအောင် နှာတံဖော်တုန်းကသုံးထားတဲ့ Brown Contour နဲ့ပဲ ပုံမှပြထားတဲ့အတိုင်းဖော်ပါမယ်။

Blusher ကိုတော့ ပန်းရောင်ဘက်သွားတဲ့ အရောင်နုနုလေးပဲဖြစ်ဖြစ် မိတ်ကပ်ရောင်ပဲဖြစ်ဖြစ် သုံးလို့ရပါတယ်။

နှုတ်ခမ်းနီကိုတော့ အညိုဖျော့ဖျော့လေးကို အောက်ခံဆိုးပြီး နှုတ်ခမ်းအတွင်းသားကိုတော့ အရောင်ရင့်တာလေးဆိုးပေးပါမယ်။

ဒါဆိုရင်တော့ မျက်ကပ်မှန်တပ်တဲ့ကောင်မလေးတွေအတွက် ရိုးရိုးလေးနဲ့မိုက်ပြီး လှပနေတဲ့ Makeup Look လေးရသွားပါပြီ။

Photo Source: www.지니비Zini B