ပန်းနုရောင်သမ်းတဲ့ နှုတ်ခမ်းလေးက ပျိုမေလေးတို့ ပြုံးရယ်လိုက်တဲ့အခါတိုင်း ပျိုမေတို့ရဲ့ အပြုံးကို ပိုမိုအသက်ဝင်ပြီး ပိုလှစေတယ်ဆိုတာ ယုံကြည်ပါသလား။ ဒါ့အပြင် ဒီလိုပန်းရောင်သမ်းတဲ့နှုတ်ခမ်းက ကျန်းမာလှပနေကြောင်း ပြသတဲ့လက္ခဏာတစ်ရပ်လည်းဖြစ်ပါတယ်။

နှုတ်ခမ်းသားက မျက်နှာပေါ်က နူးညံ့တဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အပြင် အဆီဂလင်းလည်းမရှိတာကြောင့် အစိုဓာတ် အမြောက်အမြားလိုအပ်ပါတယ်။

ဒါဆိုရင် နှုတ်ခမ်းသားလေး စိုပြေနေပြီး ပန်းနုရောင်သမ်းဖို့အတွက် ဘယ်လိုနည်းလမ်းလေးတွေကို ပြုလုပ်ပေးရမလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

ရေများများသောက်ပါ

ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးဖို့ လိုအပ်သလို နှုတ်ခမ်းသားကိုလည်း အစိုဓာတ်ဖြည့်တင်းပေးနိုင်ဖို့အတွက် ရေကို မဖြစ်မနေ သောက်သုံးပေးသင့်ပါတယ်။ ရေမှန်မှန်သောက်သုံးခြင်းက နှုတ်ခမ်းခြောက်သွေ့ခြင်း၊ နှုတ်ခမ်းကွဲခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။

နှုတ်ခမ်းနီ မဆိုးခင်မှာ Lip Balm လေး အရင်လိမ်းပေးရပါမယ်

Source: skinandtoniclondon.com

သင့်ရဲ့ နှုတ်ခမ်းက ခြောက်သွေ့လွယ်တယ်ဆိုရင် Matte နှုတ်ခမ်းနီ ဆိုးခြင်းကို ရှောင်ကြဉ်ပေးရပါမယ်။ ဒါ့အပြင် အခြားနှုတ်ခမ်းနီတွေ မဆိုးခင်မှာလည်း Lip Balm ကို အရင်ဆိုးပေးလိုက်ပါ။

နှုတ်ခမ်းကြေးချွတ်ပေးပြီး ဆဲလ်သေများကို ဖယ်ရှားပါ

Lip Balm ကို ညအိပ်ယာဝင်ခါနီးမှာ နှုတ်ခမ်းပေါ် သုတ်လိမ်းပေးလိုက်ပါ။ မနက်နိုးလာလို့ သွားတိုက်ပြီးတဲ့အခါ သွားပွတ်တံလေးနဲ့ နှုတ်ခမ်းကို ညင်ညင်သာသာလေး ပွတ်တိုက်ပေးလိုက်ပါ။

နောက်ကြေးချွတ်နည်းတစ်မျိုးကတော့ သကြားနဲ့ ကြေးချွတ်နည်းပဲဖြစ်ပါတယ်။ သကြားနဲ့ Lip Balm ကို ရောနှောပြီးတော့ နှုတ်ခမ်းတစ်ဝိုက်ပေါ်သို့ စက်ဝိုင်းပုံသဏ္ဍာန်ပွတ်တိုက်ပေးလိုက်ပါ။ ပွတ်တိုက်ပြီးတဲ့အခါ ရေစိုအဝတ် (သို့မဟုတ်) ဝါဂွမ်းစလေးနဲ့ သုတ်ပေးလိုက်ပါ။

ဒီနည်းလမ်းလေးတွေကို အသုံးပြုပေးမယ်ဆိုရင်တော့ နှုတ်ခမ်းပေါ်က ဆဲလ်သေတွေ ကုန်စင်သွားပြီး နူးညံ့တဲ့နှုတ်ခမ်းသားလေး ပိုင်ဆိုင်နိုင်ပါပြီ။

အရောင်ရင့်ရင့်နှုတ်ခမ်းနီတွေ မဆိုးပါနဲ့

အရောင်ရင့်ရင့် နှုတ်ခမ်းနီတွေမှာ သင့် နှုတ်ခမ်းကို ထိခိုက်ပျက်စီးစေတဲ့ အဆိပ်အတောက်တွေ ပါဝင်နိုင်တာကြောင့် အရောင်ရင့်ရင့် နှုတ်ခမ်းနီတွေ အသုံးပြုခြင်းကို ရှောင်ကြဉ်လိုက်ပါ။

အခြားရှောင်ကြဉ်ရမယ့် အချက်များ

(၁) ကာဖိန်းဓာတ်တွေပါဝင်တဲ့ ကော်ဖီနဲ့ လက်ဖက်ရည်တို့ သောက်သုံးခြင်းက နှုတ်ခမ်းကို မဲသွားစေတာကြောင့် ကော်ဖီ၊ လက်ဖက်ရည်တို့ သောက်သုံးခြင်းကို ရှောင်ကြဉ်လိုက်ပါ။

(၂) နီကိုဒင်းဓာတ်ပါဝင်တဲ့ ဆေးလိပ်သောက်သုံးခြင်းကလည်း နှုတ်ခမ်းကို ညိုမဲသွားစေတာကြောင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

(၃) Lip Balm မလိမ်းဘဲ နေရောင်ခြည်နဲ့ အထိအတွေ့များခြင်း၊ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။

(၄) အရည်အသွေးကောင်းမွန်တဲ့ အလှကုန်ပစ္စည်းများကိုသာ အသုံးပြုပါ။

Source: stylecraze.com