[Zawgyi]

မိန္းကေလးတစ္ေယာက္အတြက္ ဆြဲေဆာင္မႈအရွိဆံုးနဲ႔၊ ကိုယ့္ကိုယ္ကိုယံုၾကည္မႈျပည့္ဝေနတဲ့ အခ်ိန္မ်ိဳးလည္းရွိေနသင့္ပါတယ္။ တစ္ခါတစ္ေလမွာလည္း ဆြဲေဆာင္မႈရွိရွိနဲ႔ လွပတဲ့အလွတရားမ်ိဳးနဲ႔ ေန႔တစ္ေန႔ကိုျဖတ္သန္းၾကည့္ဖို႔လိုပါတယ္။ တစ္ခ်ိဳ႕မိန္းကေလးေတြကေတာ့ ႏႈတ္ခမ္းနီအနီေရာင္ကို ဆိုးၾကည့္ရမွာေတာင္ တြန္႔ဆုတ္ေနတတ္ၾကပါတယ္။

အနီေရာင္ႏႈတ္ခမ္းတစ္စံုက မိန္းကေလးတစ္ေယာက္ကို ရဲရင့္တဲ့ပံုစံမ်ိဳးေပၚလြင္ေစၿပီး မိန္းကေလးတိုင္းနဲ႔လည္း လိုက္ဖက္မႈရွိေစပါတယ္။ ဒါေပမယ့္ တစ္ခုသိထားရမွာပါ ႏႈတ္ခမ္းနီကို အနီေရာင္ဆိုးတဲ့အခါမွာ သတိထားရမွာကေတာ့ သပ္ရပ္ၿပီးလွပေအာင္ဆိုးႏိုင္ဖို႔က ပိုၿပီးေတာ့အေရးႀကီးပါတယ္။ ဒီေတာ့ ဘယ္လိုအဆင့္ေတြကို ျဖတ္ေက်ာ္သင့္လဲဆိုတာ ဆက္ၿပီးၾကည့္လိုက္ရေအာင္ေနာ္။

အေရာင္ရင့္ရင့္ႏႈတ္ခမ္းနီေတြကို ဆိုးေတာ့မယ္ဆိုရင္ ႏႈတ္ခမ္းသားေလးေခ်ာေမြ႔ေနေစဖို႔က အေရးႀကီးပါတယ္။ ႏႈတ္ခမ္းသားေတြေျခာက္ေသြ႔ေနတဲ့အခ်ိန္၊ ကြဲအက္ေနတဲ့အခ်ိန္ေတြမွာ ဆိုးမယ္ဆိုရင္ မလွမပနဲ႔ ေတာ္ေတာ္ကိုၾကည့္ရဆိုးေစမွာပါ။ ဒါေၾကာင့္ Lip Scrub ေလးလုပ္ေပးရပါလိမ္႔မယ္။ သၾကားနဲ႔ပ်ားရည္ကိုေရာၿပီး ႏႈတ္ခမ္းကိုပြတ္ေပးတာမ်ိဳး၊ သြားတိုက္တံနဲ႔ႏႈတ္ခမ္းကိုပြတ္ေပးတာမ်ိဳးေတြကို ပံုမွန္လုပ္ေပးဖို႔လိုပါတယ္။

ႏႈတ္ခမ္းနီအနီေရာင္ကို ဆိုးေတာ့မယ္ဆိုရင္ အရင္ဆံုးျပင္ဆင္ရမွာကေတာ့ Lip Blam ပါ။ Lip Blam ကိုႏႈတ္ခမ္းနီမဆိုးခင္အခ်ိန္မွာ လိမ္းထားေပးမယ္ဆိုရင္ ႏႈတ္ခမ္းသားေလးေတြကို ႏူးည့ံၿပီးေခ်ာေမြ႔ေနေစၿပီး ႏႈတ္ခမ္းနီဆိုးရင္လည္း သပ္ရပ္ၿပီးလွပေနမွာပါ။ ဒါေၾကာင့္ မိတ္ကပ္ေတြစၿပီး မလိမ္းခင္အခ်ိန္မွာထဲက Lip Blam ကိုလိမ္းထားေပးလိုက္ပါ။

ကဲ.. ေနာက္တစ္ဆင့္မွာေတာ့ တကယ့္အေရးႀကီးတဲ့ေနရာကို ေရာက္လာပါၿပီေနာ္။ ႏႈတ္ခမ္းနီစၿပီးဆိုးေတာ့မယ္ဆိုရင္ ခုနကလိမ္းထားတဲ့ Lip Blam ကို တစ္ရွဴးနဲ႔ေျခာက္သြားေအာင္ တို႔ေပးရမွာပဲျဖစ္ပါတယ္။ ဒါမွ ႏႈတ္ခမ္းနီဆိုးရတာပိုၿပီး လြယ္ကူမွာေပါ႔။

ႏႈတ္ခမ္းနီဆိုးမယ္ဆိုရင္ ႏႈတ္ခမ္းနီဆိုးတဲ့ Brush ေလးကိုသံုးေပးရင္ ပိုလြယ္ကူၿပီး တိက်တဲ့ႏႈတ္ခမ္းသားပံုစံအတိုင္း ရရွိေစမွာပဲျဖစ္ပါတယ္ေနာ္။

Lip Liner Pencil ကလည္း မရွိမျဖစ္ကိုလိုအပ္ပါတယ္။ လွပၿပီး ဆြဲေဆာင္မႈရွိတဲ့ ႏႈတ္ခမ္းပံုေလးေတြကို ပံုေဖာ္ခ်င္တယ္ဆိုရင္ ႏႈတ္ခမ္းအနားေလးေတြကို Lip Liner နဲ႔လိုက္ၿပီးေတာ့ညွိေပးဖို႔လိုပါတယ္။

ၿပီးသြားရင္ေတာ့ အေရာင္ရင့္တဲ့ႏႈတ္ခမ္းနီျဖစ္တဲ့အတြက္ေၾကာင့္ တိက်ျပတ္သားမႈရွိၿပီး သပ္ရပ္ေနဖို႔လိုတာေၾကာင့္ ႏႈတ္ခမ္းေဘးနားမွာ ေပႏိုင္ေလာက္တဲ့ေနရာေတြကို Concealer သံုးၿပီးျပန္ဖံုးထားေပးရမွာပဲျဖစ္ပါတယ္။

ေနာက္ဆံုးအေရးႀကီးတာတစ္ခုကေတာ့ ႏႈတ္နီဆိုးၿပီးသြားရင္ ကိုယ္မသိလိုက္တာနဲ႔ ရယ္စရာျဖစ္ေနမယ့္အရာက သြားမွာႏႈတ္ခမ္းနီေတြေပေနတတ္တာပါ။ ဒါကို သတိထားမိဖို႔အရမ္းကို လိုအပ္ပါတယ္ေနာ္။

ဒီေလာက္ဆိုရင္ေတာ့ ႏႈတ္ခမ္းနီအနီေရာင္ဆိုးတဲ့အခါမွာ သိထားသင့္တဲ့အခ်က္ေတြ၊ လိုက္နာရမယ့္အခ်က္ေတြကို ေဖာ္ျပေပးၿပီးျဖစ္တာေၾကာင့္ ပ်ိဳေမတို႔အေနနဲ႔လည္း မွတ္သားထားဖို႔လိုအပ္ပါတယ္ေနာ္။

Photo Source: Stylecrazze

[Unicode]

မိန်းကလေးတစ်ယောက်အတွက် ဆွဲဆောင်မှုအရှိဆုံးနဲ့၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုပြည့်ဝနေတဲ့ အချိန်မျိုးလည်းရှိနေသင့်ပါတယ်။ တစ်ခါတစ်လေမှာလည်း ဆွဲဆောင်မှုရှိရှိနဲ့ လှပတဲ့အလှတရားမျိုးနဲ့ နေ့တစ်နေ့ကိုဖြတ်သန်းကြည့်ဖို့လိုပါတယ်။ တစ်ချို့မိန်းကလေးတွေကတော့ နှုတ်ခမ်းနီအနီရောင်ကို ဆိုးကြည့်ရမှာတောင် တွန့်ဆုတ်နေတတ်ကြပါတယ်။

အနီရောင်နှုတ်ခမ်းတစ်စုံက မိန်းကလေးတစ်ယောက်ကို ရဲရင့်တဲ့ပုံစံမျိုးပေါ်လွင်စေပြီး မိန်းကလေးတိုင်းနဲ့လည်း လိုက်ဖက်မှုရှိစေပါတယ်။ ဒါပေမယ့် တစ်ခုသိထားရမှာပါ နှုတ်ခမ်းနီကို အနီရောင်ဆိုးတဲ့အခါမှာ သတိထားရမှာကတော့ သပ်ရပ်ပြီးလှပအောင်ဆိုးနိုင်ဖို့က ပိုပြီးတော့အရေးကြီးပါတယ်။ ဒီတော့ ဘယ်လိုအဆင့်တွေကို ဖြတ်ကျော်သင့်လဲဆိုတာ ဆက်ပြီးကြည့်လိုက်ရအောင်နော်။

အရောင်ရင့်ရင့်နှုတ်ခမ်းနီတွေကို ဆိုးတော့မယ်ဆိုရင် နှုတ်ခမ်းသားလေးချောမွေ့နေစေဖို့က အရေးကြီးပါတယ်။ နှုတ်ခမ်းသားတွေခြောက်သွေ့နေတဲ့အချိန်၊ ကွဲအက်နေတဲ့အချိန်တွေမှာ ဆိုးမယ်ဆိုရင် မလှမပနဲ့ တော်တော်ကိုကြည့်ရဆိုးစေမှာပါ။ ဒါကြောင့် Lip Scrub လေးလုပ်ပေးရပါလိမ့်မယ်။ သကြားနဲ့ပျားရည်ကိုရောပြီး နှုတ်ခမ်းကိုပွတ်ပေးတာမျိုး၊ သွားတိုက်တံနဲ့နှုတ်ခမ်းကိုပွတ်ပေးတာမျိုးတွေကို ပုံမှန်လုပ်ပေးဖို့လိုပါတယ်။

နှုတ်ခမ်းနီအနီရောင်ကို ဆိုးတော့မယ်ဆိုရင် အရင်ဆုံးပြင်ဆင်ရမှာကတော့ Lip Blam ပါ။ Lip Blam ကိုနှုတ်ခမ်းနီမဆိုးခင်အချိန်မှာ လိမ်းထားပေးမယ်ဆိုရင် နှုတ်ခမ်းသားလေးတွေကို နူးညံ့ပြီးချောမွေ့နေစေပြီး နှုတ်ခမ်းနီဆိုးရင်လည်း သပ်ရပ်ပြီးလှပနေမှာပါ။ ဒါကြောင့် မိတ်ကပ်တွေစပြီး မလိမ်းခင်အချိန်မှာထဲက Lip Blam ကိုလိမ်းထားပေးလိုက်ပါ။

ကဲ.. နောက်တစ်ဆင့်မှာတော့ တကယ့်အရေးကြီးတဲ့နေရာကို ရောက်လာပါပြီနော်။ နှုတ်ခမ်းနီစပြီးဆိုးတော့မယ်ဆိုရင် ခုနကလိမ်းထားတဲ့ Lip Blam ကို တစ်ရှူးနဲ့ခြောက်သွားအောင် တို့ပေးရမှာပဲဖြစ်ပါတယ်။ ဒါမှ နှုတ်ခမ်းနီဆိုးရတာပိုပြီး လွယ်ကူမှာပေါ့။

နှုတ်ခမ်းနီဆိုးမယ်ဆိုရင် နှုတ်ခမ်းနီဆိုးတဲ့ Brush လေးကိုသုံးပေးရင် ပိုလွယ်ကူပြီး တိကျတဲ့နှုတ်ခမ်းသားပုံစံအတိုင်း ရရှိစေမှာပဲဖြစ်ပါတယ်နော်။

Lip Liner Pencil ကလည်း မရှိမဖြစ်ကိုလိုအပ်ပါတယ်။ လှပပြီး ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းပုံလေးတွေကို ပုံဖော်ချင်တယ်ဆိုရင် နှုတ်ခမ်းအနားလေးတွေကို Lip Liner နဲ့လိုက်ပြီးတော့ညှိပေးဖို့လိုပါတယ်။

ပြီးသွားရင်တော့ အရောင်ရင့်တဲ့နှုတ်ခမ်းနီဖြစ်တဲ့အတွက်ကြောင့် တိကျပြတ်သားမှုရှိပြီး သပ်ရပ်နေဖို့လိုတာကြောင့် နှုတ်ခမ်းဘေးနားမှာ ပေနိုင်လောက်တဲ့နေရာတွေကို Concealer သုံးပြီးပြန်ဖုံးထားပေးရမှာပဲဖြစ်ပါတယ်။

နောက်ဆုံးအရေးကြီးတာတစ်ခုကတော့ နှုတ်နီဆိုးပြီးသွားရင် ကိုယ်မသိလိုက်တာနဲ့ ရယ်စရာဖြစ်နေမယ့်အရာက သွားမှာနှုတ်ခမ်းနီတွေပေနေတတ်တာပါ။ ဒါကို သတိထားမိဖို့အရမ်းကို လိုအပ်ပါတယ်နော်။

ဒီလောက်ဆိုရင်တော့ နှုတ်ခမ်းနီအနီရောင်ဆိုးတဲ့အခါမှာ သိထားသင့်တဲ့အချက်တွေ၊ လိုက်နာရမယ့်အချက်တွေကို ဖော်ပြပေးပြီးဖြစ်တာကြောင့် ပျိုမေတို့အနေနဲ့လည်း မှတ်သားထားဖို့လိုအပ်ပါတယ်နော်။

Photo Source: Stylecrazze