စာဖတ်သူများအားလုံးပဲ ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ လူကြီးတွေရဲ့အလှအပတွေကို ကြည့်ရတာရိုးသွားသူတွေအတွက် တမျိုးလေးပြောင်းပြီးတင်ဆက်ပေးချင်ပါတယ်။ ဒါကတော့ အလွန်အားကျမနာလိုဖွယ်ဖြစ်ရလောက်အောင် ချောမောလှပလွန်းတဲ့ ကလေးတွေရဲ့ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။
ထိုကလေးသူငယ်တွေဟာ သူတို့ရဲ့ချစ်စဖွယ်ရုပ်သွင်လေးတွေ၊ ဆွဲဆောင်နိုင်စွမ်းလေးတွေကြောင့် ကမ္ဘာတစ်ဝှမ်းမှာ လူသိများထင်ရှားနေကြပါပြီ။ ကဲ…. ဘယ်ကလေးငယ်တွေက ဘယ်လောက်ကိုလှပသလဲဆိုတာ သိရအောင် အခုပဲဖော်ပြပေးလိုက်ပါပြီနော်။
1.Anastasia Knyazeva, Russia
အသက်ခြောက်နှစ်သာရှိသေးပြီး ဗြိတိသျှမီဒီယာတစ်ခုမှ ကမ္ဘာ့အလှဆုံးမိန်းကလေးဟု သတ်မှတ်ခံထားရတဲ့ Anastasia ဟာဆိုရင် သူမရဲ့မျက်ဝန်းပြာပြာလေးတွေနဲ့ တမူထူးခြားတဲ့အသွင်အပြင်ကြောင့် မွေးစအချိန်ကတည်းက လူအများစိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။
လက်ရှိအချိန်မှာလည်း ကလေးအမှတ်တံဆိပ်ပစ္စည်းမျိုးစုံအတွက် ကြော်ငြာရိုက်ကူးခဲ့ပြီး Instagram မှာလည်း followers ပေါင်းသန်းနဲ့ချီအောင် ရရှိထားသူလေးတစ်ဦးဖြစ်ပါတယ်။
2. Anna Pavaga, Russia
ဘဲလေးကရတာကို အလွန်နှစ်သက်တဲ့ Anna လေးဟာ အခြားမိန်းကလေးတွေနည်းတူ နာမည်ကျော်ဘဲလေးကချေသည်တစ်ဦးဖြစ်လာဖို့ အိမ်မက်မက်နေသူလေးတစ်ဦးပါ။ အသက်သုံးနှစ်အရွယ်ကတည်းက ကြော်ငြာတွေရိုက်ကူးပေးခဲ့ရပြီး Water Universe ဇာတ်လမ်းတွဲတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။
3. Lauren Lunde, South Korea
ကိုရီးယားလူမျိုးမိခင်နှင့် ကနေဒါလူမျိုးဖခင်တို့မှ မွေးဖွားလာတဲ့ Lauren ဟာဆိုရင် အင်မတန်ချစ်စဖွယ်ကောင်းလှပြီး အခြားမိန်းကလေးတွေလိုမျိုး မိန်းကလေးဆန်ဆန်ကစားရတာကို ၀ါသနာမပါဘဲ တိုက်ကွမ်ဒိုကစားရတာကို အထူးကြိုက်နှစ်သက်ပါတယ်။
4. Haileigh Vasquez, USA
နာမည်ကြီးဒီဇိုင်နာတစ်ဦးဖြစ်လာဖို့ အိမ်မက်ရှိနေတဲ့ Haileigh လေးကတော့ အသက်ငယ်သောဒီဇိုင်နာပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ အသက်အငယ်ဆုံးကျောင်းသူဖြစ်လာခဲ့ပါတယ်။
5. William Franklyn-Miller, Australia
မျက်ဝန်းပြာပြာပိုင်ရှင် William ကတော့ Instagram မှာတင်လိုက်တဲ့ ဓာတ်ပုံတစ်ပုံကြောင့် ကမ္ဘာတစ်ဝှမ်းအလွန်နာမည်ကျော်ကြားသွားခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ များပြားလှတဲ့ကြော်ငြာတွေရိုက်ကူးလျက်ရှိပြီး သရုပ်ဆောင်ပိုင်းကိုလည်း ကြိုးစားအားထုတ်နေလျက်ပါ။
6. Jordyn Reinle, USA
ဖက်ရှင်လောကမှာ ခြေလှမ်းစလှမ်းနေတဲ့ Jordyn လေးဟာ အသက်ငယ်ရွယ်သေးသော်လည်း နာမည်ကြီးအမေရိကန် Brand များဖြစ်တဲ့ Simplicity Patterns, The Children’s Place, နဲ့ Kidpik တို့နဲ့ တွဲဖက်အလုပ်လုပ်ခဲ့ပြီးပါပြီ။
7. Laneya Grace, USA
စပိန်၊ အမေရိကန်နှင့် ဖိလစ်ပိုင်သွေးများ ရောနှောနေတဲ့ Laneya လေးသည် အစိမ်းရောင်မျက်လုံးပိုင်ရှင်လေးဖြစ်ပြီး ကင်မရာကိုလုံးဝမကြောက်မရွံ့တတ်တဲ့ မော်ဒယ်အသေးစားလေးဆိုလည်း မမှားပါဘူး။
8. Colin and Kameron Scott, USA
Colin နဲ့ Kameron တို့အမြွှာဆိုတာကို ဓာတ်ပုံမြင်လိုက်တာနဲ့ သိပြီးလောက်ပါပြီ။ လက်ရှိအချိန်မှာ ကယ်လီဖိုးနီးယားမှ Bensimon Models အမည်ရှိ မော်ဒယ်လ်အေဂျင်စီနှင့် လက်တွဲလုပ်ကိုင်လျက်ရှိပါတယ်။
9. Tallia Burk, USA
Anastasia မတိုင်မီ ကမ္ဘာ့အလှဆုံးကလေးငယ်လို့နာမည်တပ်ခံခဲ့ရတဲ့ Tallia ဟာ အမေရိကန်လူမျိုးဖြစ်ပေမယ့်လည်း ပြင်သစ်ရုပ်ရည်ရှိလို့ တမျိုးလေးထူးပြီးချစ်ဖို့ကောင်းလှပါတယ်။ အသက်ငယ်သေးသော်လည်း Ralph Lauren နှင့် Oscar de la Renta တို့လို Brand များနှင့် လက်တွဲလုပ်ကိုင်ပြီးပါပြီ။
10. Anastasia Averbukh, Israel
အစ်စရေးရဲ့အလှဆုံးကောင်မလေးလို့ တင်စားခံရတဲ့ Anastasia Averbukh ဟာ သူလေးရဲ့အလှအပကြောင့် အမိမြေနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝှမ်းမှာပါ ကျော်ကြားလှပါတယ်။