ယနေ့အချိန်မှာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ EXO အဖွဲ့ဟာဆိုရင် ဒူဘိုင်းမြို့၏နာမည်ကြီးအထင်ကရတစ်ခုဖြစ်တဲ့ ရေပန်းပွဲတော်မှာ သူတို့၏တေးသီချင်းဖြစ်တဲ့ Power ကို ဖျော်ဖြေမှာဖြစ်တာကြောင့် ဒူဘိုင်းမြို့ကိုသွားရောက်လည်ပတ်ခဲ့ကြပါတယ်။
ဒူဘိုင်းရောက် EXO ရဲ့ဓာတ်ပုံလေးတွေကို မတွေ့ရသေးတဲ့ မြန်မာနိုင်ငံမှ EXO-L လေးတွေအတွက် Admin ကနေပြီး စုစည်းဖော်ပြပေးလိုက်တယ်နော်…. ?
မြောက်မြားစွာသောပရိတ်သတ်မှ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ပထမဦးဆုံးအနေဖြင့် ကိုရီးယားတေးဂီတကို ထည့်သွင်းခြင်းဖြစ်တာကြောင့် မည်မျှဂုဏ်ယူဝမ်းမြောက်ကြောင်းကို အဖွဲ့ဝင်များက ပြောကြားခဲ့ပါတယ်။
Power သီချင်းဖြင့် ရေပန်းအလှပြပွဲကို ပြုလုပ်နေစဉ်တစ်လျှောက်မှာလည်း ပရိတ်သတ်များနှင့်အတူ ကြည့်ရှုခံစားခဲ့ပြီး နောက်ထပ်တစ်ကြိမ်လာရောက်ဖို့ ဆန္ဒရှိပါတယ်တဲ့။
နောက်တနေ့မှာတော့ အဖွဲ့သားများဟာ ဒူဘိုင်းသဲကန္တရကို သွားရောက်လည်ပတ်ခဲ့ပြီး နေ၀င်ချိန်အလှကို ခံစားရင်း ဓာတ်ပုံများကို ရိုက်ကူးခဲ့ပါသေးတယ်။
Jongdae တယောက်ဘာတွေ ကုန်းရှာနေပါလိမ့်။
ဘယ်လိုတွေတောင်ရိုက်နေတာလား Byun Baekhyun ရယ်။
သူရောကိုယ်ရော အပြိုင်ရိုက်နေလိုက်ကြတာ…..
ဓာတ်ပုံဝါသနာအိုး ကို Chanyeol တစ်ယောက် အမိအရကိုရိုက်လိုက်ရမှ……
ကဲ….အခုဓာတ်ပုံတွေကို ကြည့်ပြီးသွားပြီဆိုတော့ ရေပန်းအလှပြပွဲရော EXO ရဲ့ Power သီချင်းကိုပါ စီးမျောခံစားနိုင်စေဖို့ လင့်ခ်လေးပါ ထည့်ပေးလိုက်ပြီနော်…. ?