မင်္ဂလာပါ ပျိုမေတို့ရေ။ မိန်းကလေးတစ်ယောက် ဖက်ရှင်ကျဖို့အတွက် အဝတ်အစားနဲ့လိုက်ဖက်တဲ့ ဖိနပ်တစ်စုံကလည်း မရှိမဖြစ်လိုအပ်ပါတယ်။ ပျိုမေတို့ ဒီဖိနပ်(၈)မျိုးလုံးကို ပိုင်ဆိုင်စရာမလိုပါဘူးနော်။

ဒီဖိနပ်တွေထဲကမှ မိမိရဲ့ ဘဝနေထိုင်မှုပုံစံနဲ့လိုက်ဖက်မယ့် ဖိနပ်မျိုးကို ပျိုမေတို့ ရွေးချယ်နိုင်ဖို့ MyStyle Myanmar မှအကြံပြုလိုက်ခြင်းဖြစ်ပါတယ်။

၁။ အနက်ရောင်ထိပ်ပိတ်ဒေါက်

ဒီဒေါက်မြင့်ဖိနပ်ကတော့ ဘောင်းဘီနဲ့တွဲဝတ်နိုင်သလို ထဘီနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ယူနီဖောင်းနဲ့ ရုံးသွားရတဲ့အမျိုးသမီးတွေအတွက်တော့ အထူးသင့်လျော်တဲ့ဖိနပ်မျိုးပါ။

၂။ အနက်ရောင် ကြိုးတစ်ချောင်း ဒေါက်မြင့်

ဒီဖိနပ်လေးကိုတော့ အထူးပြောစရာတောင်မလိုပါဘူး။ ပျိုမေတို့ကြားမှာ ရေပန်းစားနေတဲ့ ဖိနပ်ပုံစံပါ။ ဘာလို့လဲဆိုတော့ သူကဘယ်အဝတ်အစားနဲ့မဆို လိုက်ဖက်မှုရှိလို့ပါ။

၃။ အနက်ရောင် Sneaker

ဒေါက်မြင့်ဝတ်ရတာ မနှစ်သက်တဲ့ပျိုမေတွေအတွက်တော့ အနက်ရောင် Sneaker က မရှိမဖြစ်လိုအပ်ပါတယ်။ Gym ဆော့တဲ့သူတွေအတွက်တော့ ဒီ Sneaker က အရေးကြီးပါတယ်နော်။

၎။ အဖြူရောင် Sneaker

အဖြူရောင် Sneaker ကိုတော့ ဘောင်းဘီနဲ့သာမက ဂါဝန်နဲ့ပါ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဓာတ်ပုံရိုက်ရင်လည်း အဖြူရောင်လေးဆိုတော့ ပေါ်လွင်နေမှာပါ။

၅။ အနက်ရောင်ဒေါက်ပါတဲ့ဘွတ်ဖိနပ်

ဘွတ်ဖိနပ်ဝတ်ဆင်လိုက်ရင်တော့ ခပ်လန်းလန်းပုံစံဖြစ်သွားမှာပါ။

၆။ ဒေါက်မပါတဲ့ ဘွတ်ဖိနပ်

အသားရောင်ဘွတ်ဖိနပ်ကတော့ အင်္ကျီအရောင်တိုင်းနဲ့လိုက်ဖက်ပါတယ်။ အသားရောင် ကျောပိုးအိတ်နဲ့ တွဲဖက်လိုက်ရင်တော့ လုံးဝလန်းသွားမှာပါ။

၇။ ထိပ်ပိတ်ဖိနပ်ပါး

ဒီဖိနပ်ပုံစံက သက်တောင့်သက်သာရှိပြီး ကျက်သရေရှိလှပါတယ်။

၈။ ညှပ်ဖိနပ်

ဒါကတော့ သက်တောင့်သက်သာအရှိဆုံးပုံစံလေးပါနော်။ ပျိုမေတို့ အလှဆုံးဖိနပ်တွေစီးပြီး ခြေတစ်လှမ်း ကုဋေတစ်သန်းဆိုတဲ့စကားအတိုင်း ပျိုမေအားလုံး အလှကျက်သရေတိုးကြပါစေလို့ Mystyle Myanmar မှဆုတောင်းပေးလိုက်ပါတယ်။

Source: Asia Jackson