(Zawgyi Version)

အခ်ိန္ေတြေျပာင္းလဲလာေပမယ့္ Denim ကေတာ့ ဘယ္ေတာ့မွ ရိုးသြားတယ္ဆိုတာမရွိပါဘူး။ Denim ဂ်င္းသားေတြက ဝတ္ဆင္သူပ်ိဳေမတိုင္းနဲ႔လိုက္ဖက္ျပီး စတိုင္က်ေစပါတယ္။ ဖက္ရွင္ပညာရွင္ေတြက Denim ေတြကို ဖက္ရွင္က်ေအာင္ ဘယ္လိုဝတ္ဆင္တတ္လဲ ပ်ိဳေမတို႔သိထားသင့္ပါတယ္။ ေနာင္တစ္ခ်ိန္ Denim ဂ်င္းေတြဝတ္တဲ့အခ်ိန္မွာ ဝတ္ဆင္နည္းလမ္းကို သေဘာေပါက္သြားပါလိမ့္မယ္။

၁။ Denim အေရာင္

ဂ်င္းအေရာင္ကို တစ္ေရာင္တည္းမဟုတ္ဘဲ အေပၚက အျပာႏုဆိုရင္ ေအာက္ ဂ်င္းေရာင္ကို ပိုရင့္တာေလးဝတ္ေပးပါ။ ပိုစတိုင္က်ေစပါတယ္။

၂။ ေခါက္ဝတ္ပါ

သင့္ဂ်င္းေဘာင္းဘီက ရွည္ေနတယ္ဆုိရင္ ေျခမ်က္စိေပၚေအာင္ ဂ်င္းကို ေခါက္ဝတ္လုိက္ပါ။ တစ္လက္မေလာက္ ေခါက္ဝတ္လိုက္ပါ။ ဂ်င္းေဘာင္းဘီက က်ပ္တယ္ဆုိရင္ လက္မဝက္ေလာက္ ေခါက္ရင္ အဆင္ေျပပါတယ္။

၃။ ဂ်င္းအရွည္ကို အမ်ဳိးမ်ိဳးေျပာင္းဝတ္ပါ

အေပၚေရာေအာက္ပါ Denim သားဆိုရင္ အရွည္ကို အမ်ိဳးမ်ိဳးဝတ္ႏုိင္ပါတယ္။ ဂ်င္းေဘာင္းဘီက က်ပ္က်ပ္ေလးဝတ္ျပီး အေပၚကို ဂ်င္းအက်ၤ ီပြပြေလးဝတ္ႏုိင္ပါတယ္။ အေပၚက်ပ္ ေအာက္ပြ/ အေပၚပြ ေအာက္က်ပ္ ဆန္႔က်င္ဘက္ဝတ္ခုိင္းတဲ့သေဘာပါ။

၄။ Denim Accessories ေတြကိုေရွာင္ပါ

ကိုယ္က တစ္ကိုယ္လံုးဂ်င္းအက်ၤ ီဝတ္ထားရင္ Denim နဲ႔ျပဳလုပ္ထားတဲ့ အိတ္ေတြ ဦးထုပ္ေတြကို ေရွာင္ေပးပါ။ သင့္ဖက္ရွင္ကို ထိခိုက္ေစႏုိင္ပါတယ္။

၅။ ပိန္သေယာင္ထင္ရေအာင္ အေရာင္နက္ Denim ကိုေရြးပါ

ဂ်င္းေဘာင္းဘီကို အနက္ဂ်င္းေရြးဝတ္ပါ။ သင္က ခါးေသးခ်င္ရင္ အေပၚအက်ၤ ီကို အေရာင္လြင္လြင္ေလးဝတ္ျပီး ေဘာင္းဘီကို အျပာရင့္ရင့္ဝတ္ေပးပါ။

၆။ ဂ်င္းျပဲ

Denim ကို Ripped Jeans ဝတ္တာကလည္း သင့္ကို ပိုျပီးဖက္ရွင္က်ေစပါတယ္။ ဒီလို အေပါက္ေဖာက္ဝတ္တာက လမ္းသရဲပံုစံမေပါက္ပါဘူး။ ယံုၾကည္မႈရွိရွိသာဝတ္ပါ။

(Unicode Version)

အချိန်တွေပြောင်းလဲလာပေမယ့် Denim ကတော့ ဘယ်တော့မှ ရိုးသွားတယ်ဆိုတာမရှိပါဘူး။ Denim ဂျင်းသားတွေက ဝတ်ဆင်သူပျိုမေတိုင်းနဲ့လိုက်ဖက်ပြီး စတိုင်ကျစေပါတယ်။ ဖက်ရှင်ပညာရှင်တွေက Denim တွေကို ဖက်ရှင်ကျအောင် ဘယ်လိုဝတ်ဆင်တတ်လဲ ပျိုမေတို့သိထားသင့်ပါတယ်။ နောင်တစ်ချိန် Denim ဂျင်းတွေဝတ်တဲ့အချိန်မှာ ဝတ်ဆင်နည်းလမ်းကို သဘောပေါက်သွားပါလိမ့်မယ်။

၁။ Denim အရောင်


ဂျင်းအရောင်ကို တစ်ရောင်တည်းမဟုတ်ဘဲ အပေါ်က အပြာနုဆိုရင် အောက် ဂျင်းရောင်ကို ပိုရင့်တာလေးဝတ်ပေးပါ။ ပိုစတိုင်ကျစေပါတယ်။

၂။ ခေါက်ဝတ်ပါ


သင့်ဂျင်းဘောင်းဘီက ရှည်နေတယ်ဆိုရင် ခြေမျက်စိပေါ်အောင် ဂျင်းကို ခေါက်ဝတ်လိုက်ပါ။ တစ်လက်မလောက် ခေါက်ဝတ်လိုက်ပါ။ ဂျင်းဘောင်းဘီက ကျပ်တယ်ဆိုရင် လက်မဝက်လောက် ခေါက်ရင် အဆင်ပြေပါတယ်။

၃။ ဂျင်းအရှည်ကို အမျိုးမျိုးပြောင်းဝတ်ပါ


အပေါ်ရောအောက်ပါ Denim သားဆိုရင် အရှည်ကို အမျိုးမျိုးဝတ်နိုင်ပါတယ်။ ဂျင်းဘောင်းဘီက ကျပ်ကျပ်လေးဝတ်ပြီး အပေါ်ကို ဂျင်းအကျင်္ ီပွပွလေးဝတ်နိုင်ပါတယ်။ အပေါ်ကျပ် အောက်ပွ/ အပေါ်ပွ အောက်ကျပ် ဆန့်ကျင်ဘက်ဝတ်ခိုင်းတဲ့သဘောပါ။

၄။ Denim Accessories တွေကိုရှောင်ပါ


ကိုယ်က တစ်ကိုယ်လုံးဂျင်းအကျင်္ ီဝတ်ထားရင် Denim နဲ့ပြုလုပ်ထားတဲ့ အိတ်တွေ ဦးထုပ်တွေကို ရှောင်ပေးပါ။ သင့်ဖက်ရှင်ကို ထိခိုက်စေနိုင်ပါတယ်။

၅။ ပိန်သယောင်ထင်ရအောင် အရောင်နက် Denim ကိုရွေးပါ

ဂျင်းဘောင်းဘီကို အနက်ဂျင်းရွေးဝတ်ပါ။ သင်က ခါးသေးချင်ရင် အပေါ်အကျင်္ ီကို အရောင်လွင်လွင်လေးဝတ်ပြီး ဘောင်းဘီကို အပြာရင့်ရင့်ဝတ်ပေးပါ။

၆။ ဂျင်းပြဲ


Denim ကို Ripped Jeans ဝတ်တာကလည်း သင့်ကို ပိုပြီးဖက်ရှင်ကျစေပါတယ်။ ဒီလို အပေါက်ဖောက်ဝတ်တာက လမ်းသရဲပုံစံမပေါက်ပါဘူး။ ယုံကြည်မှုရှိရှိသာဝတ်ပါ။

By MyStyle Myanmar