မင်္ဂလာပါ… ပျိုမဒီတို့ရေ… နှုတ်ခမ်းနီဆိုးစရာမလိုဘဲ သဘာဝအတိုင်းပန်းရောင်သမ်းနေတဲ့ နှုတ်ခမ်းလေး ပိုင်ဆိုင်ချင်လား ? ဒါဆိုရင်တော့ ဒီနည်းလမ်းလေးတွေ လုပ်ကြည့်ပါ။ နှုတ်ခမ်းသားပျက်စီးတာကို ကာကွယ်နိုင်တဲ့အပြင် နူးညံ့ပြီး ပန်းရောင်သမ်းနေတဲ့ နှုတ်ခမ်းလေးပိုင်ဆိုင်နိုင်ဖို့ ကူညီပေးမှာပါ။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဟာ အနာကျက်စေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ လတ်ဆတ်တဲ့ ရှားစောင်းလက်ပတ်ရဲ့ ဂျယ်လ်ကို ဓား သို့မဟုတ် ဇွန်းနဲ့ ခြစ်ထုတ်ပါ။ နှုတ်ခမ်းပေါ် လိမ်းပြီး ၁၀ မိနစ်လောက် နှိပ်နယ်ပေးပါ။

ရေဓာတ်

ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ နောက်ကွယ်က အဖြစ်များတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ ရေကို လုံလောက်စွာ မသောက်ခြင်းပါပဲ။ တစ်နေ့ကို ရေ 8-9 ခွက်လောက်သောက်တာက ခန္ဓာကိုယ်ကို ရှုထောင့်ပေါင်းစုံကနေ အကျိုးပြုနိုင်ပြီး နှုတ်ခမ်းသားပိုပြည့်ဖြိုးလာဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

မိတ်ကပ်

မိတ်ကပ်လိမ်းတာက အသားအရေအတွက် မကောင်းသလို နှုတ်ခမ်းအတွက်လည်း တူတူပါပဲ။ ညအချိန်တွေမှာ နှုတ်ခမ်းနီ ဒါမှမဟုတ် မိတ်ကပ်တွေ မကျန်စေဘဲ အိပ်ရာမဝင်ခင် မိတ်ကပ်ဖျက်ဆေးနဲ့ နှုတ်ခမ်းကို ညင်သာစွာ ဖြတ်ပေးပါ။

ဗီတာမင်-E

ဗီတာမင်-E ဆေးတောင့်ကို ဖြတ်ပြီး နှုတ်ခမ်းပေါ် နှိပ်နယ်ပေးပါ။ သွေးလှည့်ပတ်မှုကို အားကောင်းစေပြီး ဆဲလ်အသစ်များ ဖြစ်ပေါ်လာစေဖို့ ကူညီပေးတာကြောင့် နှုတ်ခမ်းကို ပြည့်ဖြိုးပြီး နူးညံ့စေပါတယ်။

နေရောင်ခြည်

နေရောင်ခြည်ဒဏ်က အသားအရေကို ပျက်စီး‌စေတတ်တာကို သိပြီးကြမှာပါ။ အသားအရေကို ကာကွယ်ဖို့ Sunscreen ကိုသုံးကြပေမယ့် အများစုက နှုတ်ခမ်းကိုမေ့နေတတ်ကြပါတယ်။ ဒါကြောင့် နေရောင်ကနေ ကာကွယ်ဖို့ SPF ပါဝင်ပစ္စည်းပါတဲ့ Lip Balm ကိုသေချာသုံးပါ။