လူတိုင်းအထီးကျန်ဖူးမှာပါ။ တချို့လူတွေမှာ ရုပ်ရှင်အတူတူကြည့်ပေးမယ့်လူဘယ်သူမှမရှိဘူး။ စကားပြောမယ့်လူတစ်ယောက်မှ မရှိဘူး။ လူအားလုံးက တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ ကျွန်မတို့ အထီးကျန်လာတဲ့အခါမှာ ဒါနဲ့ပတ်သက်ပြီးဘယ်လိုဖြေရှင်းရမလဲမသိဖြစ်တတ်ပါတယ်။ အထီးကျန်ခြင်းရလဒ်အနေနဲ့ ပိုစားလာကြတယ်။ အိပ်မပျော်တဲ့ရောဂါစွဲကပ်လာတယ်။ အထီးကျန်ခြင်းက သူတို့ရဲ့ ကံကြမ္မာပဲလို့ ယုံကြည်လာတတ်ပါတယ်။

ကျွန်မတို့ရဲ့ခန္ဓာကိုယ်က ပြောင်းလဲလာတဲ့ ပြောင်းလဲမှုအတိုင်းပြောင်းလဲတတ်ကြပါတယ်။ အထီးကျန်တဲ့အခါ သင့်ဆီမှာ ဘာတွေပြောင်းလဲလာလဲ။ သင့်ကို ဘယ်အရာတွေက အထီးကျန်စေလဲကြည့်လိုက်ရအောင်နော်။

သင်က အမြဲဗိုက်ဆာနေတတ်တယ်

လူအများစုက စိုးရိမ်ပူပန်တဲ့အချိန် ပြဿနာတွေရှိတဲ့အချိန် ပိုစားတတ်ကြပါတယ်။ အချိုစာတွေအဆီများတဲ့ အစားအစာတွေစားတတ်ကြပါတယ်။ ဒီလိုစားတဲ့စိတ်ကို မထိန်းချုပ်နိုင်ဘဲ စားပြီးတဲ့နောက်မှာတော့ နေလို့ပိုကောင်းသွားကြပါတယ်။ ဒါပေမဲ့ စားပြီးနောက်မှာ ဗိုက်ပိုဆာလာပြန်ရော။ အထီးကျန်တဲ့အချိန်မှာ သင့်ခန္ဓာကိုယ်က ဆာလောင်တဲ့ဟော်မုန်းတစ်မျိုးကို ထုတ်လုပ်ပါတယ်။ အထီးကျန်ခြင်းနဲ့ ဆာလောင်တဲ့ဟော်မုန်းက ဆက်နွယ်မှုရှိတယ်လို့ သိပ္ပံပညာရှင်များကဆိုကြပါတယ်။

Online Shopping တွေမှာပဲ အချိန်ပိုဖြုန်းနေတတ်ပါတယ်

အထီးကျန်နေတဲ့လူတွေက ပစ္စည်းတစ်ခုခု အမြဲဝယ်ချင်နေတတ်တယ်တဲ့။ သူတို့ရဲ့ ဟာနေတဲ့စိတ်ကိုဖြည့်ဖို့ အရာဝတ္ထုတွေကို ပိုအာရုံစိုက်တတ်ကြပါတယ်။

သင့်မှာ စိတ်ကူးယဉ်အိပ်မက်တွေမရှိသလို တခြားသူတွေအတွက်လဲ မပျော်ပေးနိုင်တော့ဘူး

အထီးကျန်တဲ့စိတ်က အချိန်ကြာလာတာနဲ့အမျှ စိတ်ဓာတ်ကျခြင်းကို ဦးတည်သွားပါတယ်။ စိတ်ဓာတ်ကျပြီး မပျော်တော့ပါဘူး။ ဒီလိုအခြေအနေမျိုးကြုံနေရရင်တော့ ဒီအခြေအနေကနေ ရုန်းထွက်ရပါမယ်။ တခြားသူတွေအတွက် သင်ပါအတူ ပျော်ပေးတာက ဖြေရှင်းနည်းတစ်မျိုးပါ။ သမုဒ္ဒရာထဲ တောင်ထိပ်ပေါ် ဒါမှမဟုတ် ပွဲတစ်ပွဲမှာရောက်နေတဲ့ သင်ရှိချင်တဲ့ နေရာမျိုးက လူတွေအကြောင်းတွေးလိုက်ပါ။ သင်လည်းသူတို့နဲ့အတူရှိနေတယ်လို့ စိတ်ကူးလိုက်ပါ။ သူတို့နဲ့ အတူပျော်လိုက်ပါ။

အထီးကျန်ခြင်းက သင့်ကံတရားလို့ ထင်လာတယ်

သင့်လက်တွဲဖော်နဲ့ လမ်းခွဲလိုက်တဲ့အချိန် သင်ဟာ ဒီကမ္ဘာပေါ်မှာ တစ်ယောက်တည်းပဲကျန်တော့တယ်လို့ ခံစားဖူးမှာပါ။ ဒီတစ်သက် အချစ်တွေကုန်ဆုံးသွားပြီလို့ထင်ဖူးမှာပါ။ ဒီလိုအတွေးတွေမဝင်ပါနဲ့။ ဒီနေ့မှာအထီးကျန်ပေမယ့် မနက်ဖြန်မှာ တစ်မျိုးတစ်ဖုံပြောင်းလဲနိုင်ပါတယ်။

သင်ဟာ ဘယ်တော့မှ အေးအေးဆေးဆေးမနေရဘူး

အမြဲအထီးကျန်နေတဲ့သူတွေက ကိစ္စတိုင်းကို အလေးထားတွေးပါတယ်။ သူတို့ကိုယ်သူတို့ပဲအားကိုးတဲ့အတွက် ဦးနှောက်က အမြဲအလုပ်လုပ်နေရပါတယ်။ ဒီတော့ ဘယ်တော့မှ အေးအေးဆေးဆေးမနေနိုင်ပါဘူး။

လွယ်လွယ်နဲ့ အိပ်မပျော်တတ်တာကြောင့် အိပ်မပျော်တဲ့ရောဂါစွဲကပ်နေတတ်တယ်

လုံခြုံမှုမရှိဘူးဆိုတဲ့စိတ်က အိပ်မပျော်တဲ့ပြဿနာကို ဦးတည်စေပါတယ်။ ကျွန်မတို့ကြောက်လန့်တဲ့အချိန် ကော်တီဇောလို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထွက်ပါတယ်။ အထီးကျန်တဲ့သူတွေမှာ ဒီဟော်မုန်းတက်နေတတ်ပါတယ်။

သင့်ရဲ့ အားလပ်ချိန်တွေမှာ တစ်ချိန်လုံးတီဗီကြည့်နေတတ်တယ်

တီဗီကြည့်တဲ့အချိန်မှာ လက်တွေ့ဘဝနဲ့ အဆက်အသွယ်ပြတ်နေတတ်ပါတယ်။ အထီးကျန်တဲ့သူတွေဟာ ဇာတ်လမ်းတွေနဲ့ တီဗီစီးရီးတွေကို တစ်ချိန်လုံးကြည့်တတ်ကြပါတယ်။ ဒီလိုလုပ်တာက သူတို့ကို တခြားကမ္ဘာကို ခေါ်သွားနိုင်လို့လေ။ ဒါပေမဲ့ တကယ့်ကိုယ့်ဘဝမှာလဲ ဘာတွေဖြစ်နေလဲ အာရုံစိုက်သင့်ပါတယ်။

သင်တစ်ယောက်တည်းမနေချင်တော့ဘူး

အထီးကျန်နေတဲ့သူတွေကစိတ်ဓာတ်ကျနေတတ်ပါတယ်။ ဒီလိုမဖြစ်သင့်ပါဘူး။ ကိုယ့်ရဲ့ အားလပ်ချိန်မှာ အလုပ်လုပ်နိုင်သလောက်လုပ်ပြီး အထီးကျန်စိတ်ကို မေ့ထားသင့်ပါတယ်။ ကိုယ့်ရဲ့အားလပ်ချိန်မှာ ဘယ်လိုပျော်အောင်နေမလဲ သိထားသင့်ပါတယ်။

ကိုယ့်ကိုဘယ်သူမှမလိုအပ်ဘူးလို့ တွေးနေတတ်တယ်

သင်ဟာ မျှော်လင့်ချက်မဲ့နေတတ်တယ်။ ဘာလို့အသက်ရှင်နေတာလဲ မသိတော့ဘူး။ အသုံးမဝင်တဲ့လူတစ်ယောက်လို ခံစားနေတတ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အချိန် သူငယ်ချင်းဟောင်းတစ်ယောက်ကို ဆက်သွယ်ပါ။ သင်နဲ့ရင်းနှီးတဲ့လူတစ်ယောက်ကို ရင်ဖွင့်တာက သင့်ခံစားချက်တွေ ပိုကောင်းသွားပါတယ်။

သင်အသစ်အသစ်တွေ မရှာဖွေတာ အတော်ကြာခဲ့ပါပြီ

ဒီလိုမလုပ်သင့်ပါဘူး။ အသစ်အဆန်းတွေရှာဖွေကြည့်ပါ။ ဒီလိုလုပ်တာက သင်မသိသေးတဲ့ သင့်ရဲ့ အကြောင်းကို ရှာတွေ့သွားနိုင်ပါတယ်။

ဒီတော့ အထီးကျန်တာက ဘယ်လိုမှကောင်းကွက်မရှိပါဘူး။ အမြဲတမ်းပျော်ခိုင်းတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့အထီးကျန်စိတ်ဝင်လာတဲ့အချိန် အလုပ်တစ်ခုခုကို ဖိလုပ်နေလိုက်ပါ။ သင်အဆင်ပြေသွားမှာပါ။

Source: Brightside.me