ယနေ့ခေတ်မှာ ကိုရီးယားကားတွေကို လူတော်တော်များများက စွဲလမ်းနှစ်ခြိုက်စွာ ကြည့်ရှုနေကြသလို ကိုရီးယားသီချင်းတွေ နားထောင်ကြ၊ ကိုရီးယားအစားအစာခုံမင်စွာ စားသုံးကြနဲ့ ကိုရီးယားရေစီးကြောင်းက တော်တော်လေးလွှမ်းမိုးမှုရှိနေတာကိုတော့ ငြင်းပယ်လို့မရပါဘူး။ ကိုရီးယားမင်းသား၊ မင်းသမီးလေးတွေကလည်း ချောလိုက် လှလိုက်တာလည်း ပြောမနေပါနဲ့တော့။

ဒီတစ်ခေါက်ပြောပြချင်တဲ့ ကိုရီးယားမင်းသမီးလေးတွေကတော့ ချစ်စရာကောင်းတဲ့ ကလေးသရုပ်ဆောင်ဘဝကနေ ဆွဲဆောင်မှုရှိတဲ့မင်းသမီးချောလေးတွေအဖြစ် ပြောင်းလဲသွားကြတဲ့ တောင်ကိုရီးယားမင်းသမီးချောလေးတွေပဲဖြစ်ပါတယ်။ သူတို့က ဘယ်သူတွေဖြစ်မလဲ။

Kim Sae Ron

Kim Sae Ron ကိုတော့၂၀၀၀ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့ပထမဦးဆုံး အနုပညာခြေလှမ်းကတော့ ၂၀၀၉ ခုနှစ်မှာထုတ်လွှင့်ပြသခဲ့တဲ့ A Brand New Life ဆိုတဲ့ကိုရီးယားကားမှာ ကလေးသရုပ်ဆောင်အဖြစ် စတင်သရုပ်ဆောင်ခဲ့တာပါ။ အသက် (၉) နှစ်ကတည်းက သရုပ်ဆောင်လာခဲ့သူလေးပေါ့။

Kim Hyun Soo

၂၀၀၀ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့မှာ မွေးဖွားတဲ့သူမကတော့ အသက် (၁၁)နှစ်အရွယ်ကတည်းက ကလေးသရုပ်ဆောင်အလုပ်ကို စတင်လုပ်ကိုင်ခဲ့တာပါ။ The Crucible ဆိုတဲ့ ကိုရီးယားကားလေးပဲပေါ့။ မြန်မာပရိသတ်တွေကြားရေပန်းစားခဲ့တဲ့ My Love From The Star ကိုရီးယားဇာတ်လမ်းတွဲမှာလည်း ကလေးသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ပါသေးတယ်။

Kim Yoo Jung

အသက် (၅) နှစ်ကတည်းက အနုပညာလောကထဲဝင်ရောက်လာတဲ့ ကလေးလေးကတော့ အခုဆိုရင် အရွယ်ရောက်လို့ ခေါင်းဆောင်မင်းသမီးနေရာမှာလည်း ရိုက်ကူးနေပါပြီ။ The Moon Embracing The Sun ကတော့ တော်တော်လေးပေါက်သွားတဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ သူမကိုတော့ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

Kim So Hyun

၁၉၉၉ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့မှာ မွေးဖွားခဲ့တဲ့ Kim So Hyun ကတော့ အသက် (၇) အရွယ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ် သရုပ်ဆောင်နေပါပြီ။ အခုဆိုရင်လည်း ခေါင်းဆောင်မင်းသမီးနေရာမှာ သရုပ်ဆောင်ခွင့်ရနေပါပြီ။ လူသိများကျော်ကြားတဲ့ သူမရဲ့ဒရာမာတွေကတော့ Who Are You ၊ Bring It On, Ghost ၊ Ruler: Master Of The Mask နဲ့ Radio Romance တို့ပဲဖြစ်ပါတယ်။

Seo Shin Ae

သူမကိုတော့ ၁၉၉၈ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူမကို ပရိသတ်တွေ သတိထားမိတဲ့ကိုရီးယားဇာတ်လမ်းတွဲလေးကတော့ High Kick Through The Roof ပဲဖြစ်ပါတယ်။ အဲ့ဒီကားထဲမှာ ခပ်အေးအေးနဲ့ မထုံတတ်တေးကလေးမလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။

Park Shin Hye

Stairway To Heaven နဲ့ Tree Of Heaven ထဲမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သူပါ။ သူမကိုတော့ ၁၉၉၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ Flower Boy Next Door ၊ Heirs ၊ Pinocchio နဲ့ Doctors ဇာတ်လမ်းတွဲကတော့ သူမရဲ့အောင်မြင်ကျော်ကြားတဲ့ဇာတ်လမ်းတွဲလေးတွေပဲဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်၊ ဇူလိုင်လ် (၁၀) ရက်နေ့မှာ မွေးဖွားတဲ့ Lee Young Yoo

Jin Ji Hee

သူမကိုလည်း High Kick Through The Roof ထဲမှာ ခပ်စွာစွာကလေးမလေးအဖြစ်သရုပ်ဆောင်ထားတာကို တွေ့မြင်ရမှာပါ။ သူမကိုတော့ ၁၉၉၈ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

Shim Eun Kyung

အသက် (၁၀) နှစ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကလေးလေးကိုတော့ ၁၉၉၄ ခုနှစ်၊ မေလ (၃၁) ရက်နေ့မှာ မွေးဖွားခဲ့တာပါ။

Lee Se Young

သူမကိုတော့ ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ အသက် (၅) နှစ်ကတည်းက အနုပညာလောကထဲဝင်ရောက်လာခဲ့သူပါ။

Source: Soompi.com