[Zawgyi]

ရွည္လ်ားတဲ့ဆံႏြယ္ေလးေတြကို ပိုင္ဆိုင္ရဖုိ႔ဆိုတာ မိန္းကေလးတိုင္းရဲ႕ဆႏၵပါပဲ။ ဒါေတြကို ျဖည့္ဆည္းဖို႔အတြက္ဆိုရင္ သိထားရမယ့္အခ်က္ေလးေတြေတာ့ရွိတာေပါ႔။ ဆံပင္ညွပ္မိရင္ပဲျဖစ္ျဖစ္ လွပၿပီးရွည္လ်ားတဲ့ ဆံႏြယ္ေလးေတြကို ပိုင္ဆိုင္ခ်င္တဲ့အခါ အိမ္မွာလုပ္ၾကည့္လို႔ရမယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ဦးေခါင္းကိုႏွိပ္ေပးပါ

အိမ္မွာရွိေနတဲ့အခ်ိန္ ေခါင္းေလွ်ာ္ေတာ့မယ္ဆိုရင္ပဲျဖစ္ျဖစ္ ဦးေခါင္းကိုလက္ေခ်ာင္းေလးေတြနဲ႔ ေသခ်ာႏွိပ္ေပးမယ္ဆိုရင္ ဦးေခါင္းမွာရွိေနတဲ့ ေသြးလွည့္ပတ္မႈစနစ္ေတြကို ေကာင္းမြန္ေစၿပီး ဆံပင္ေတြကိုလည္းအရွည္ျမန္လာေစဖို႔ အေထာက္အကူျဖစ္ေစပါတယ္။

သံလြင္ဆီလိမ္းေပးပါ

ေခါင္းမေလွ်ာ္ခင္အခ်ိန္မွာ သံလြင္ဆီကိုဆံသားအႏွံ႔တင္မကပဲ ဦးေရျပားမွာပါလိမ္းေပးၿပီး လက္ေခ်ာင္းေလးေတြနဲ႔ ညင္သာစြာႏွိပ္နယ္ေပးလို႔လည္းရပါတယ္။

ၾကက္ဥအႏွစ္နဲ႔ေပါင္းတင္မယ္

ၾကက္ဥအႏွစ္ကို သံလြင္ဆီနဲ႔ ေရာၿပီးႏွံ႔စပ္ေအာင္ ေမႊလိုက္ပါ။ ၿပီးရင္ ဆံႏြယ္ေတြမွာ ေနရာအႏွံ႔သုတ္လိမ္းေပးၿပီး မိနစ္ ၂၀ ေလာက္ထားေပးလိုက္မယ္ဆိုရင္ ဆံသားေတြကို လွ်င္ျမန္စြာရွည္လ်ားလာဖို႔ အေထာက္အကူျဖစ္ေစမွာပါေနာ္။ တစ္ပတ္မွာတစ္ႀကိမ္ေလာက္ ပံုမွန္လုပ္ေပးမယ္ဆိုရင္လည္း အဆင္ေျပေစပါတယ္။

Vitamin E

Vitamin E ကလည္း ဆံသားေတြကိုရွည္လ်ားေစဖို႔အတြက္ ေကာင္းေကာင္းအေထာက္အပံ႔ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ေခါင္းေလွ်ာ္ၿပီးသြားတဲ့အခ်ိန္တိုင္းမွာ Vitamin E ေလးကိုဆံသားအႏွ႔ံသုတ္လိမ္းေပးရမယ္ေနာ္။

ဒီအခ်က္ေတြကေတာ့ ဆံပင္ေတြကိုရွည္လ်ားေစမယ့္ နည္းလမ္းေကာင္းေတြထဲကမွာ အေကာင္းဆံုးနဲ႔ အထိေရာက္ဆံုးနည္းလမ္းေတြျဖစ္တာေၾကာင့္ ပ်ိဳေမတို႔ရဲ႕ဆံသားအလွအပအတြက္ ျပဳလုပ္ေပးမယ္ဆိုရင္ အက်ိဳးရလဒ္ေကာင္းေတြရရွိလာမွာပါ။

Photo Source : Pinterest

[Unicode]

ရှည်လျားတဲ့ဆံနွယ်လေးတွေကို ပိုင်ဆိုင်ရဖို့ဆိုတာ မိန်းကလေးတိုင်းရဲ့ဆန္ဒပါပဲ။ ဒါတွေကို ဖြည့်ဆည်းဖို့အတွက်ဆိုရင် သိထားရမယ့်အချက်လေးတွေတော့ရှိတာပေါ့။ ဆံပင်ညှပ်မိရင်ပဲဖြစ်ဖြစ် လှပပြီးရှည်လျားတဲ့ ဆံနွယ်လေးတွေကို ပိုင်ဆိုင်ချင်တဲ့အခါ အိမ်မှာလုပ်ကြည့်လို့ရမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဦးခေါင်းကိုနှိပ်ပေးပါ

အိမ်မှာရှိနေတဲ့အချိန် ခေါင်းလျှော်တော့မယ်ဆိုရင်ပဲဖြစ်ဖြစ် ဦးခေါင်းကိုလက်ချောင်းလေးတွေနဲ့ သေချာနှိပ်ပေးမယ်ဆိုရင် ဦးခေါင်းမှာရှိနေတဲ့ သွေးလှည့်ပတ်မှုစနစ်တွေကို ကောင်းမွန်စေပြီး ဆံပင်တွေကိုလည်းအရှည်မြန်လာစေဖို့ အထောက်အကူဖြစ်စေပါတယ်။

သံလွင်ဆီလိမ်းပေးပါ

ခေါင်းမလျှော်ခင်အချိန်မှာ သံလွင်ဆီကိုဆံသားအနှံ့တင်မကပဲ ဦးရေပြားမှာပါလိမ်းပေးပြီး လက်ချောင်းလေးတွေနဲ့ ညင်သာစွာနှိပ်နယ်ပေးလို့လည်းရပါတယ်။

ကြက်ဥအနှစ်နဲ့ပေါင်းတင်မယ်

ကြက်ဥအနှစ်ကို သံလွင်ဆီနဲ့ ရောပြီးနှံ့စပ်အောင် မွှေလိုက်ပါ။ ပြီးရင် ဆံနွယ်တွေမှာ နေရာအနှံ့သုတ်လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပေးလိုက်မယ်ဆိုရင် ဆံသားတွေကို လျှင်မြန်စွာရှည်လျားလာဖို့ အထောက်အကူဖြစ်စေမှာပါနော်။ တစ်ပတ်မှာတစ်ကြိမ်လောက် ပုံမှန်လုပ်ပေးမယ်ဆိုရင်လည်း အဆင်ပြေစေပါတယ်။

Vitamin E

Vitamin E ကလည်း ဆံသားတွေကိုရှည်လျားစေဖို့အတွက် ကောင်းကောင်းအထောက်အပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ပြီးသွားတဲ့အချိန်တိုင်းမှာ Vitamin E လေးကိုဆံသားအနှံ့သုတ်လိမ်းပေးရမယ်နော်။

ဒီအချက်တွေကတော့ ဆံပင်တွေကိုရှည်လျားစေမယ့် နည်းလမ်းကောင်းတွေထဲကမှာ အကောင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတွေဖြစ်တာကြောင့် ပျိုမေတို့ရဲ့ဆံသားအလှအပအတွက် ပြုလုပ်ပေးမယ်ဆိုရင် အကျိုးရလဒ်ကောင်းတွေရရှိလာမှာပါ။

Photo Source : Pinterest