ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ ထိုင်းမင်းသမီးလေး Jarinporn Joonkiat ရဲ့ ဖက်ရှင်စတိုင်လ်

အားလုံးပဲ မင်္ဂလာပါ။ စာဖတ်သူတွေထဲမှာ ထိုင်းဇာတ်လမ်းတွဲတို့ ထိုင်းရုပ်ရှင်ကားတို့ ကြည့်ရတာ ကြိုက်နှစ်သက်သူတွေ ဘယ်နှယောက်လောက်ရှိမလဲ မသိဘူးနော်။ ထိုင်းရုပ်ရှင်ချစ်ပရိသတ်တွေကတော့ Toey ဆိုတဲ့ ပါးဖောင်းဖောင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ မင်းသမီးလေးကို သိကြမှာပါ။

သူမရဲ့ နာမည်အရင်းကတော့ Jarinporn Joonkiat ပါ။ ဖန်တွေက ချစ်စနိုးလေးနဲ့ ခေါ်တဲ့ နာမည်ကတော့ Toey ပါ။

၁၉၉၀ ခုနှစ်၊ ဇန်နဝါရီလ ၂၉  ရက်နေ့မှာ မွေးဖွားခဲ့တာဆိုတော့ လာမယ့် ဇန်နဝါရီလဆို သူမ အသက်က ၂၉ နှစ် ပြည့်မှာပါ။ သူမက အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်ယောက်ဖြစ်သလို၊ မော်ဒယ်တစ်ယောက်လည်းဖြစ်သလို၊ အစီအစဉ်တင်ဆက်သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

သူမရဲ့ အရပ်အမြင့်ကတော့ ၅ ပေ ၂ လက်မရှိပါတယ်။ မွေးချင်းနှစ်ယောက်ရှိတဲ့ အနက် သူမက အကြီးဆုံးဖြစ်ပြီး မောင်လေးတစ်ယောက်ရှိပါတယ်။

သူမရဲ့ နောက်ထပ် ထူးခြားချက်တစ်ခုကို ပြောပြပါဆိုရင်တော့ သူမရဲ့ မဟာနဖူးလေးပါပဲ။ နဖူးပြောင်ပြောင်လေးနဲ့ ချစ်ဖို့ကောင်းနေတာကလည်း သူမရဲ့ ဆွဲဆောင်မှုတစ်ရပ်ပါပဲ။

သူမရဲ့ ချစ်ပရိသတ်တွေအတွက် သူမရဲ့ ဖက်ရှင်လေးတွေကို ဝေမျှပေးလိုက်တယ်နော်။

မိန်းကလေးဆန်ဆန်နဲ့ ချစ်စရာကောင်းနေတဲ့ ဂါဝန်ဖက်ရှင်လေးတွေ

စတိုင်လ်မိုက်မိုက်နဲ့ ဘောင်းဘီအတို၊ စကပ်အတိုဖက်ရှင်

ပေါ့ပေါ့ပါးပါးဖက်ရှင်များ

Photo Source: Pinterest.com

2018-12-19T21:12:45+00:00November 27th, 2018|Fashion, Stars & Style|
error: Alert: Copyright © 2019. MyStyle Myanmar