အရပ်ပုပုနဲ့ ချစ်စရာကောင်းတဲ့ The Kissing Booth ထဲမှ မင်းသမီးချောလေး Joey King ရဲ့ ဖက်ရှင်များ

The Kissing Booth ဆိုတဲ့ အင်္ဂလိပ်အချစ်ဇာတ်လမ်းလေးကတော့ လူငယ်တွေကြားထဲ တော်တော်လေးကိုရေပန်းစားတဲ့ ဇာတ်ကားလေးပါပဲ။ အဲ့ဒီထဲမှာ မင်းသားကအရပ်ရှည်ရှည်နဲ့ မင်းသမီးလေးကတော့ အရပ်ပုပုလေးနဲ့ အရမ်းကို ချစ်စရာကောင်းပြီး အတွဲညီညီနဲ့သရုပ်ဆောင်ကြတာတော့ ပရိသတ်တွေ မျက်မြင်ပဲဖြစ်ပါတယ်။

Joey ဆိုတဲ့ကောင်မလေးကို ၁၉၉၉ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလိစ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူမမှာ မွေးချင်းအစ်မနှစ်ယောက်ရှိပါတယ်။

Joey က အသက် ၄ နှစ်အရွယ်ကတည်းက အနုပညာလုပ်ငန်းထဲကိုဝင်ရောက်လာခဲ့တာပါ။ သူမက သရုပ်ဆောင်ပညာကို ပြဇာတ်မင်းသမီးတစ်ဦးဖြစ်တဲ့ သူမရဲ့ အဘွားဖြစ်သူဆီက အမွေရခဲ့တယ်လို့ ပြောခဲ့ပါတယ်။

သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေအနက် Oz The Great And Powerful, The Conjuring, White House Down, The Kissing Booth, Wish Upon နဲ့ Slender Man ဆိုတဲ့ ဇာတ်ကားတွေ သူမအတွက် အောင်မြင်ကျော်ကြားမှုကို ယူဆောင်ပေးလာနိုင်တယ်ဆိုလည်း မမှားပါဘူး။

သူမရဲ့ ချစ်စရာကောင်းတဲ့ ဖက်ရှင်လေးတွေကို သူမလိုပဲ အရပ်ပုပုနဲ့ချစ်စရာကောင်းတဲ့ပျိုမေလေးတွေအတွက် ဝေမျှပေးလိုက်ပါတယ်။


Photo Source: Pinterest.com

2018-12-21T22:52:12+00:00December 21st, 2018|Fashion, Stars & Style|
error: Alert: Copyright © 2019. MyStyle Myanmar