အားလုံးပဲ မင်္ဂလာပါ၊ ကိုရီးယားမင်းသမီးလေးတွေကို ကြည့်လိုက်တဲ့အခါ အသက် ၃၀ ကျော် ၄၀နားနီးနေပေမယ့်လည်း အမြဲတမ်းငယ်ရွယ်နုပျိုနေတဲ့ ပုံပေါ်ပါတယ်။ လျှို့ဝှက်ချက်ကဘာများပါလိမ့်????

သူတို့က အသားအရေနဲ့ ပတ်သက်ရင် အင်မတန်ဂရုစိုက်တတ်ကြတာပါပဲ။ အသားအရေ အမြဲတမ်းအရွယ်တင်နုပျိုချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်း ၁၀ မျိုးကို နေ့စဉ်မှန်မှန်ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

မိတ်ကပ်စင်အောင်ဖျက်ပြီး မျက်နှာသစ်ရမယ်

ကိုရီးယားအလှအပနဲ့ အရေပြားဆရာဝန်တွေက မျက်နှာနှစ်ထပ်သစ်ဖို့ အကြံပေးထားပါတယ်။ ပထမတစ်ခါသစ်ရင် အဆီအခြေခံထားတဲ့ မျက်နှာသစ်ဆေးနဲ့ မိတ်ကပ်တွေကို ဖျက်ဖို့ပါ။ ပြီးရင် ရေကို အခြေခံထားတဲ့ မျက်နှာသစ်ဆေးနဲ့ မျက်နှာထပ်သစ်ပေးရပါမယ်။

မျက်နှာကို ကြေးချွတ်ပေးရမယ်

မျက်နှာကြေးချွတ်ခြင်းက အရေပြားပေါ်မှာစုပုံနေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ချောမွေ့စေပါတယ်။ ကိုယ့်အသားအရေအမျိုးအစားပေါ်မူတည်ပြီး ကြေးချွတ်ပေါင်းတင်နည်းများကို ရွေးချယ်ပေးလိုက်ပါ။

Ph ပမာဏကို ထိန်းညှိထားမယ်

အသားအရေရဲ့ Ph ပမာဏကို ထိန်းညှိပေးဖို့ဆိုရင် တိုနာကတော့ မဖြစ်မနေအသုံးပြုသင့်ပါတယ်။

ရေဓာတ်ဖြည့်ပေးရမယ်

အသားအရေစိုပြေနေဖို့က ရေဓာတ်ဖြည့်ပေးရပါမယ်။ နေ့စဉ်နေ့တိုင်းမှာ ရေဓာတ်ပြည့်ဝနေဖို့အတွက် ရေများများသောက်သုံးသင့်ပါတယ်။

ကိုယ့်အသားအရေအမျိုးအစားနဲ့ ကိုက်ညီတဲ့အလှကုန်ပစ္စည်းများကိုသာ ရွေးချယ်အသုံးပြုပါ

လူတစ်ယောက်ရဲ့ လက်ဗွေရာနဲ့ အခြားတစ်ယောက်ရဲ့ လက်ဗွေရာက မတူညီသလိုပဲ အသားအရေအမျိုးအစားကလည်း တစ်ယောက်နဲ့ တစ်ယောက်မတူညီပါဘူး။ ဒါ့ကြောင့် ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့အလှကုန်ပစ္စည်းအမျိုးအစားများကိုပဲ အသုံးပြုပေးပါ။

အသားအရေကို ဗီတာမင်ဓာတ်ဖြည့်ပေးပါ

မျက်နှာပေါင်းတင်ခြင်းဖြင့် အသားအရေလေး စိုပြေတင်းရင်းအောင် ပြုလုပ်ပေးပါ။

မျက်ကွင်းညိုခြင်းကို ကုသပေးမယ်

မျက်ကွင်းညိုခြင်း၊ မျက်အိတ်ဖောင်းခြင်းက အမျိုးသမီးတွေအတွက် စိတ်ဒုက္ခရောက်ရခြင်းတစ်မျိုးပါပဲ။ ဒါ့ကြောင့် ပင်ပန်းနွမ်းနယ်တဲ့နေ့တွေမှာ အိပ်ရေးဝဝအိပ်ခြင်းဖြင့် မျက်ကွင်းညိုခြင်းကို ကုသလိုက်ပါ။

Moisturizing ခရင်လိမ်းပေးမယ်

အိပ်ပျော်နေတဲ့အချိန်မှာ အသားအရေက ဆဲလ်အသစ်တွေဖြစ်ပေါ်ပြီး အသားအရေကို အားအင်ပြန်လည်ပြည့်ဝအောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် အိပ်ရာမဝင်ခင်မှာ Moisturizing ခရင်မ်ကို အရေပြားထဲထိစိမ့်ဝင်အောင် လိမ်းပေးလိုက်ပါ။

နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ

နေပူထဲထွက်တဲ့အခါ ထီး၊ ဦးထုပ်မပါဘဲ နေရောင်ခြည်ဒဏ်ကို တိုက်ရိုက်ထိတွေ့ခြင်းက အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပါတယ်။ ဒါ့ကြောင့် နေပူထဲထွက်တဲ့အခါ Sunscreen လိမ်းပေးဖို့ မမေ့နဲ့နော်။

ကျန်းမာရေးနဲ့ ညီညွှတ်မျှတစွာ စားသုံးပါ

ခန္ဓာကိုယ်အတွက် မှန်ကန်တဲ့ အာဟာရဓာတ် မပေးဘူးဆိုရင် ကျန်းမာရေးအတွက်လည်း မကောင်းသလို၊ အလှအပကိုလည်း ထိခိုက်ပျက်စီးစေတာကြောင့် အာဟာရမျှတစွာ စားသုံးပေးပါ။

Source: Stylecraze.com