အောင်မြင်ဖို့အတွက် တိုးတက်တဲ့ လူနေမှုပုံစံ ဖြစ်အောင် ပြောင်းပေးဖို့ လိုပါတယ်။ တစ်နေ့ချင်းစီ ပိုကောင်းအောင် ကြိုးစားနေတဲ့သူဟာ ရေရှည်မှာ တိုးတက်အောင်မြင်သူ ဖြစ်လာမှာပါ။ နေ့တိုင်း ပိုကောင်းလာဖို့ဆိုရင် မနက် ၈ နာရီမတိုင်ခင် တစ်နေ့တာ လုပ်ရမယ့်အချိန်ဇယားကို ဆွဲဖို့ လိုပါတယ်။ ဒီမနက်ခင်း အချိန်ဇယားမှာ အခုပြောမယ့်အချက်တွေ ပါသင့်ပါတယ်။

(၁) Lemon ရေသောက်ပါ

 woman holding lemon slice and glass of water

Photo: Freepik

မနက်အိပ်ရာက နိုးလို့ ဘာမှ မစားရသေးတဲ့အချိန် လီမွန်ရေသောက်ပါ။ လီမွန်ရေမှာ ပိုတက်ဆီယံ ၊ ဗိုက်တာမင်စီနဲ့ ဓါတ်တိုးဆန့်ကျင်အာဟာရဓါတ်တွေ ပါဝင်လို့ စွမ်းအင်ပြည့်ဝပြီး လန်းဆန်းတက်ကြွစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မနက်စာ မစားခင် ၁၅ မိနစ် နာရီဝက်အလိုမှာ လီမွန်ရေ သောက်ပေးသင့်ပါတယ်။

(၂) လေ့ကျင့်ခန်းလုပ်ပါ

Young beautiful sportive girl training at sunrise over seaside

Photo: Freepik

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်တွင်းစွမ်းအင်နဲ့ စိတ်ထိန်းချုပ်မှုပိုင်း ပိုကောင်းစေပါတယ်။ Eastern Ontario Research Institute ရဲ့ သုတေသနအရ တစ်ပတ်ကို ၂ ကြိမ် မနက်ပိုင်းအားကစားလုပ်သူဟာ ၁၀ ပတ်အကြာမှာ လူမှုဆက်ဆံရေး ပိုကောင်းပြီး သင်ယူရ လွယ်ကူသလို လူလည်း ပိုပြီး တက်ကြွနိုးကြားလာစေတယ်လို့ ဆိုပါတယ်။

(၃) တိတ်ဆိတ်တဲ့ မနက်ခင်း ဖြစ်ပါစေ

woman doing sukhasana exercise,

Photo: Freepik

မနက်ပိုင်းမှာ စိတ်အေးချမ်းပြီး စုစည်းမှုရှိဖို့ အရေးကြီးဆုံးပါပဲ။ မနက်အစောပိုင်းမှာ Facebook လို လူမှုကွန်ရက် app တွေ သုံးတာ ၊ အီးမေးလ်စစ်တာနဲ့ ဂိမ်းကစားတာတွေ ရှောင်ပါ။ တိတ်ဆိတ်တဲ့ နေရာမှာ နေထိုင်ပြီး စိတ်ကို အေးချမ်းငြိမ်သက်အောင် တရားထိုင်တာမျိုး ၊ အသက်ရှုမှုပေါ် အာရုံစိုက်တာမျိုး လုပ်ပေးသင့်ပါတယ်။

(၄) တစ်နေ့တာအတွက် အစီအစဉ်ချပါ

Scheduling in an agenda

Photo: Freepik

တစ်နေ့လုံး အလုပ်လုပ်မယ့် ကိစ္စတွေကို မနက်ပိုင်းမှာ To-Do List အစီအစဉ် ရေးဆွဲထားဖို့ လိုပါတယ်။ ဒီလို အစီအစဉ်ရေးဆွဲထားမှ အရေးကြီးတဲ့ လုပ်ဆောင်စရာကိစ္စတွေကို ဦးစားပေးလုပ်နိုင်မှာ ဖြစ်ပါတယ်။ မနက်ခင်း အစီအစဉ်တွေကို နေ့တိုင်းလုပ်ဆောင်ရင်းနဲ့ ညနေဘက်တွေမှာ တစ်နေ့တာ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေ ပြန်ချင့်ချိန်သင်ခန်းစာယူပြီး တိုးတက်အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် တည်ဆောက်သွားရမှာပါ။