တချို့မိန်းကလေးတွေက အိပ်တဲ့အခါမှာ ဆံပင်ကို သေချာစည်းပြီး အိပ်တတ်ကြပါတယ်။ ဒီလိုဆံပင်စည်းအိပ်တာက ဆံသားအတွက် လုံးဝမကောင်းပါဘူး။ အိပ်တဲ့အခါမှာ ဘာကြောင့် ဆံပင်စည်းပြီးမအိပ်သင့်လဲဆိုတဲ့ အကြောင်းအရင်းကိုလည်း ပြောပြပေးလိုက်ပါတယ်။

ဆံပင်ကျွတ်ခြင်း

ဆံပင်ကို ponytail လိုမျိုး စည်းပြီးအိပ်ရင် ဆံသားအမြစ်ကို pressure ပေးသလိုဖြစ်စေလို့ ဆံပင်ကျွတ်ထွက်စေပါတယ်။ ဆံသားနာပြီး ကျွတ်တာမျိုး ဖြစ်စေတာပါ။ ဒီလိုအိပ်ပြီး ခေါင်းဖြီးလိုက်ရင် ဆံပင်တွေအများကြီးကျွတ်လာတာကို တွေ့ရပါလိမ့်မယ်။

ဒါကြောင့် ဆံပင်ကို စည်းပြီးအိပ်မယ့်အစား သေချာသပ်သပ်ရပ်ရပ်ဖြီးပြီး ချအိပ်တာမျိုး၊ ကျစ်ဆံမြီးဖျော့ဖျော့လေးကျစ်ပြီး အိပ်တာမျိုး လုပ်ပေးတာက ဆံသားအတွက် ပိုကောင်းပါတယ်။

ဆံသားခြောက်သွေ့ပျက်စီးခြင်း

ဆံပင်စည်းပြီးအိပ်ရင် အပေါ်မှာပြောသလို ဆံပင်ကျွတ်တဲ့အတွက် ဆံပင်တွေ တစ်ဖြေးဖြေးနဲ့ ပါးလာပါမယ်။ ဆံသားကျိုးကြေတာမျိုး ဖြစ်တတ်ပါတယ်။ ဆံသားခြောက်သွေ့ပြီး ဖွာတာမျိုးတွေလည်း ဖြစ်စေလို့ ဆံသားကို အများကြီး ထိခိုက်ပျက်စီးစေပါတယ်။

ဆံပင်ကွက်ခြင်း၊ ပြောင်ခြင်း

ဆံပင်စည်းပြီးအိပ်တာက ကြာလာရင် alopecia လိုမျိုး ဆံပင်တွေကွက်တာ၊ ထိပ်ပြောင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဓိကကတော့ hair follicles တွေ ပျက်စီးသွားလို့ပါပဲ။ ဒါကြောင့် ဆံပင်ကိုချပြီးမအိပ်ချင်ရင် စည်းပြီးတော့မအိပ်ပါနဲ့။ ကျစ်ဆံမြီးကျစ်အိပ်ပါ။ ကျစ်ဆံမြီးကျစ်တဲ့အခါမှာလည်း အတင်းအကျပ်ကြီးဆွဲပြီး ကျစ်ထားရင်တော့ ဆံသားတွေနာပြီး အမြစ်ကနေကျွတ်မှာပါပဲ။

Healthy hair ကိုလိုချင်ရင် ခေါင်းအုံးကိုလည်း သေချာရွေးချယ်ဖို့လိုပါတယ်။ Cotton ထက်စာရင် silk pillowcase က ဆံသားအတွက် ပိုသင့်တော်ပါတယ်။ ဆံပင်ကျွတ်တာကိုလည်း အနည်းငယ် သက်သာစေပါတယ်။

source:www.brightside.me