ရာသီသွေးအရောင်က မဲတာမျိုးဖြစ်ဖူးလား ? ဒီလို ရာသီသွေးမဲတာက တစ်ခါတစ်လေမှာ ကောင်းပေမယ့် အကြောင်းတစ်ခုခုကြောင့် ရာသီသွေးက မဲဆာတယ်ဆိုရင် နည်းနည်းတော့ စိုးရိမ်စရာ ဖြစ်နိုင်ပါတယ်။

Tampon မေ့တာ

ရာသီလာချိန် သုံးတဲ့ Tampon က သေးပြီးရှိတယ်လို့ကိုမခံစားရတာမလို့ တခါလေမှာ လဲဖို့မေ့နေတတ်ကြပါတယ်။ ဒီလိုမလဲတဲ့အခါ မိန်းမကိုယ်ထဲမှာ ဘက်တီးရီးယားတွေ ကြီးထွားလာပြီး မိန်းမကိုယ်ထဲကို ပိုးဝင်တာကြောင့် ရာသီသွေးတွေ မဲလာတတ်ပါတယ်။

ကိုယ်ဝန်ပျက်ကျတာ

ဒီအချက်က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ သိထားရမယ့်အချက်ပါ။ ကိုယ်ဝန်ပျက်ကျခြင်းရဲ့ အစောပိုင်းလက္ခဏာတစ်ခု ဖြစ်နိုင်တာမလို့ ဒီလိုဖြစ်ရပ်အများစုဟာ ကိုယ်ဝန်ပျက်ကျခြင်းနဲ့ အဆုံးသတ်တတ်ကြပါတယ်။

မီးဖွားပြီးနောက်ပိုင်းဆင်းတာ

များသောအားဖြင့် မီးဖွားပြီးနောက်ပိုင်း သွေးဆင်းတာကပုံမှန်ပါ။ စစချင်းမှာ ပုံမှန်အရောင်ကနေ နောက်ပိုင်း အမဲရောင်အဖြစ် ပြောင်းသွားတတ်ပါတယ်။ ကြာချိန်ကတော့ လူတစ်ဦးနဲ့တစ်ဦးပေါ် မူတည်ပါတယ်။

ပုံမှန်မဆင်းတာ

တချို့မိန်းကလေးတွေမှာ ရာသီသွေးက အချိန်အတော်ကြာအောင် မဆင်းတာမျိုးဖြစ်တတ်ကြပါတယ်။ သားအိမ်ခေါင်း ဒါမှမဟုတ် လိင်အင်္ဂါမှာ တစ်ခုခုပိတ်ဆို့တာ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရာသီမလာတာကြာပြီး အမဲရောင်ဆင်းတာမျိုးဆို ဆရာဝန်နဲ့တိုင်ပင်ပါ။