ပိုက်ဆံ၊ ဈေးဝယ်ကဒ်တွေ၊ ဖုန်းနဲ့ တစ်သျှူးတွေက ဘယ်နေရာပဲသွားသွား သင်နဲ့အမြဲဆောင်သွားလေ့ရှိတဲ့ အရာတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တချို့သောအနုပညာရှင်တွေကတော့ လိုတာထက်ပိုပြီး တခြားပစ္စည်းတွေ သယ်လာတတ်လေ့ရှိပါတယ်။ တချို့တွေဆိုရင် သူတို့ရဲ့ပိုက်ဆံအိတ်ထဲမှာ ထူးထူးဆန်းဆန်း ငါးမန်းသွားကိုပဲ လာဒ်အဆောင်အနေနဲ့ သယ်တတ်ကြပါတယ်။

ဒီနေ့မှာတော့ စာဖတ်သူတို့ကို အံ့အားသင့်သွားစေလောက်မယ့် အနုပညာရှင်တို့ရဲ့ အိတ်ထဲက ပစ္စည်းတွေက ဘာတွေဖြစ်မလဲဆိုတာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Emma Watson

ဟယ်ရီပေါ်တာမင်းသမီးချော Emma Watson သယ်လေ့ရှိတဲ့ပစ္စည်းတွေကတော့ စာအုပ်၊ ဒိုင်ယာရီတို့အပြင် ရေနွေးဘူး၊ ချိုင်းလိမ်းတောင့်နဲ့ မိတ်ကပ် Pads တွေနဲ့ နောက်ဆုံးတစ်ခုကတော့ Nutella မြေပဲထောပတ်ဘူးပဲဖြစ်ပါတယ်။

Miranda Kerr

ကမ္ဘာကျော်စူပါမော်ဒယ်လ် အလှပဂေး Miranda Kerr ကတော့ ကိုယ်ပိုင် Brand ဖြစ်တဲ့ အလှကုန်ပစ္စည်း Kora Organics ကိုလည်း ထုတ်လုပ်ထားပါတယ်။ သူမရဲ့အိတ်ထဲမှာပါတာတွေကတော့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတဲ့ စက်ပစ္စည်းတစ်ခုပါပဲ။

Shanina Shaik

ဩစတြေးလျမော်ဒယ်လ် Shanina Shaik ကတော့ သူမအမျိုးသားရဲ့ ပတ်စ်ပို့ဓာတ်ပုံအဟောင်းအပြင် သူပို့ပေးခဲ့ဖူးတဲ့ ပန်းစည်းနဲ့အတူပါလာတဲ့ ပထမဦးဆုံး ကဒ်ကိုလည်း သိမ်းထားပါသေးတယ်လို့ ပြောခဲ့ဖူးပါတယ်။

Tyra Banks

Tyra Banks ကတော့ သူမရဲ့အိတ်ထဲမှာ နှမ်းတွေနဲ့ ဆားကို အမြဲဆောင်ထားလေ့ရှိပါတယ်တဲ့။

Ariana Grande

Ariana Grande ကတော့ ရေမွှေးဘူးသယ်လေ့ရှိတတ်ပြီး အမျိုးသားသုံးဘူးအသေးလေးလည်း ပါတတ်ပါသေးတယ်။ သူမခရီးသွားနေတဲ့အခါ သူမလွမ်းရသူရဲ့ အနံ့လေးရနေဖို့ သယ်ရခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ နောက်ပြီး “serenity” လို့ ရေးထွင်းထားတဲ့ ဂေါ်လီလုံးအသေးလေးလည်း သယ်တတ်ပါတယ်။

Meghan Trainor

တေးရေးတေးဆို Meghan Trainor ကတော့ အိမ်သာဖြန်းဘူးကို အိတ်ထဲမှာဆောင်ထားတတ်ပါတယ်။ ဟုတ်ပါတယ် သူမကတော့ Poo-Pourri အမှတ်တံဆိပ်နဲ့ အိမ်သာဖြန်းဘူးကို ဘယ်နေရာသွားသွား သယ်သွားလေ့ရှိပြီး သူမအိမ်မှာလည်းရှိတယ်လို့ ပြောခဲ့ပါတယ်။

Adele

ကမ္ဘာကျော်အဆိုတော် Adele ကတော့ ဆိုင်တွေက အချဥ◌်ရည်ကို မကြိုက်တဲ့အတွက် သူမအကြိုက်ဘူးကို အိတ်ထဲမှာ အမြဲသယ်သွားလေ့ရှိပါတယ်တဲ့။

Image Source: Pinterest