လူတွေဟာ လူ့ဘဝကြီးကို အချိန်ကာလတွေ ၊ အခြေအနေအကန့်အသတ်တွေနဲ့ ဖြတ်သန်းနေရတာပါ။ သိပ်မကြာလှတဲ့ တစ်ဘဝတာမှာ တွေ့ကြုံသင်ကြားစရာတွေ များလွန်းပါတယ်။ လုပ်စရာတွေ သိပ်များလွန်းလို့ မကြာခဏဆိုသလိုပဲ တကယ်ဦးစားပေးလုပ်ရမယ့်အလုပ်တွေကို မေ့လျော့ထားမိတတ်ပါတယ်။

ဘဝမှာ ဘာကို တကယ်အလေးထားရမလဲဆိုတာ မေ့သွားရင် ဟန်ချက်ပျက်တဲ့ဘဝတစ်ခု ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် လူတစ်ယောက်ရဲ့ ဘဝမှာ အလေးထားဦးစားပေးဖို့ လိုတဲ့ တစ်ချို့အရာတွေအကြောင်း ပြောပြသွားချင်ပါတယ်။

(၁) ဘဝရဲ့ ပန်းတိုင်

Female hand with pen writing on notebook

Photo: Freepik

ကိုယ်ဘယ်လိုလူ ဖြစ်ချင်သလဲဆိုတာကို အရွယ်စရောက်ကတည်းက ဆုံးဖြတ်ထားဖို့ လိုပါတယ်။ ငယ်ငယ်ကတည်းက ကိုယ့်မှာ အသေအလဲ ဖြစ်ချင်ခဲ့တဲ့ ဆန္ဒ ရှိရင်ပိုကောင်းပါတယ်။ ကိုယ့်ရဲ့ Talent ကို သိထားပြီး ဖြစ်အောင် လုပ်ချင်တဲ့ ပန်းတိုင်တစ်ခု ရှိနေရင် ဘဝဟာ ထိုက်တန်တယ်။ နေပျော်ပါတယ်။ ဒါကိုပဲ ဦးစားပေး အကောင်အထည်ဖော်နေရမှာပါ။

(၂) ကျန်းမာရေး

young bearded man and woman exercising together in morning

Photo: Freepik

မတင်းတိမ်နိုင်တဲ့ အလိုဆန္ဒတွေနောက် လိုက်ကြရင်း ကိုယ့်ကိုယ်ကိုယ် ထိခိုက်ပျက်စီးစေမယ့်အရာတွေကို ရှောင်နိုင်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ ကိုယ်နဲ့ စိတ်ကျန်းမာရေး ၊ ပျော်ရွှင်မှုနဲ့ စိတ်အဆင့်မြင့်မှုဟာ လူ့ဘဝရဲ့ ပန်းတိုင်တစ်ခုဖြစ်သင့်ပါတယ်။ ကျန်းမာရေးမကောင်းရင် ဘဝဟာ ဘာမှ အဓိပ္ပါယ်မရှိတော့ဘူးဆိုတဲ့အကြောင်း အိပ်ရာပေါ်ကနေ တွေးနေရပါလိမ့်မယ်။

(၃) ကိုယ်ချစ်ခင်ရသူတွေ

Adult And Children Hands Holding Paper Family Cutout

Photo: Freepik

မိသားစုအတွက် အချိန်မပေးနိုင်ရင် မိတ်ဆွေတွေနဲ့ လွတ်လပ်ပေါ့ပါးစွာ စကားဆိုဖို့တောင် မဖြစ်နိုင်တော့ရင် ဘဝဟာ ဘာများ ထိုက်တန်လို့လဲ။ အောင်မြင်မှုနဲ့ ငွေကြေးချမ်းသာနောက် လိုက်ပါရင်း မိသားစုကို စွန့်ခွာရမယ်ဆိုရင် အဓိပ္ပါယ်ရှိတော့မှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် မိသားစုနဲ့ ချစ်ခင်ရသူတွေကို အချိန်ပေးဖို့ဆိုတာ ကိုယ်လုပ်ရမယ့် ဦးစားပေးအရာတွေထဲမှာ ထိပ်ဆုံးက ရှိပါစေ။

(၄) ကောင်းမွန်တဲ့ ဆက်ဆံရေး

Group Of People Talking To Each Other

Photo: Freepik

မိသားစု ၊ မိတ်ဆွေနဲ့ ကိုယ့်ကိုယ်ကိုယ်တင် ချစ်ခင်ဂရုစိုက်နေလို့လည်း မရသေးပါဘူး။ ကိုယ်နဲ့ ဆက်နွယ်ပတ်သက်ရာ လူ့အသိုင်းအဝိုင်းပေါ်လည်း ကောင်းမွန်တဲ့ စိတ်ထားနဲ့ ဆက်ဆံပြောဆို ပြုမူဖို့ အရေးကြီးပါတယ်။ အလုပ်မှာ ၊ ကျောင်းမှာ ၊ ရပ်ကွက်ထဲမှာ နောက်ဆုံး လမ်းပေါ်မှာကအစ လူအားလုံးနဲ့ ပြေလည်သင့်မြတ်အောင် ပေါင်းသင်းဆက်ဆံဖို့ကိုလည်း အရေးကြီးဦးစားပေးစာရင်းမှာ ထည့်ထားသင့်ပါတယ်။

(၅) ငွေကြေး

woman hand putting money coin into piggy for saving money wealth and financial concept

Photo: Freepik

ထိုက်သင့်တဲ့ ငွေကြေးဥစ္စာမရှိရင် ဘဝဟာ ခက်ခဲနိုင်ပါတယ်။ ကျန်းမာရေးအတွက် ဆေးကုဖို့ ငွေမရှိရင် ၊ ကလေးတွေ ကျောင်းထားဖို့အတွက် လက်ထဲ ပိုက်ဆံမရှိရင် နောက်ဆုံး စားဝတ်နေရေး ကြပ်တည်းနေရင် ဘဝဟာ စိတ်ဆင်းရဲစရာတွေပဲ ကြုံတွေ့ခံစားနိုင်ပါတယ်။ ဒါကြောင့် စီးပွားချမ်းသာရဖို့ဆိုတာကိုလည်း ဦးစားပေးရမှာ ဖြစ်ပါတယ်။