ဘာသာစကားတစ်ခုခုကို လေ့လာသင်ယူချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သင်တန်းတက်ဖို့ အဆင်မပြေသေးတဲ့သူတွေအတွက် သင်ဆန်းမတက်သေးပဲ ကိုယ်တိုင် စနစ်တကျနဲ့ လေ့လာလို့ရမယ့် နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

စာအုပ်ဝယ်ဖတ်ပါ

ကိုယ်လေ့လာချင်တဲ့ ဘာသာစကားနဲ့ပတ်သက်တဲ့ စာအုပ်တွေ ဝယ်ဖတ်ပါ။ ဘယ်စာအုပ်တွေဖတ်သင့်တယ်၊ ဘယ်စာအုပ်တွေကောင်းတယ်ဆိုပြီး လမ်းညွှန်ထားတာတွေကို ရှာပြီး ဝယ်ဖတ်ပါ။ လေ့လာပါ။

Youtube မှာကြည့်ပါ

ကိုယ်တက်ချင်တဲ့ဘာသာစကားနဲ့ပတ်သက်ပြီး အခြေခံကနေစလို့ သင်ပေးတဲ့ video တွေ youtube မှာ အများကြီးရှိပါတယ်။ အဲ့တာတွေကိုကြည့်ပါ။ စာအုပ်လည်းဖတ်၊ video တွေလည်းကြည့်ပါ။ ပြီးရင် ပညာဒါနတင်ပေးထားတာတဲ့ video တွေကိုလည်း ဝင်ကြည့်ပါ။ စကားပြောတွေကို များများနားထောင်ပါ။ နားရည်ဝလာရင် ဒီဘာသာစကားက ကိုယ်နဲ့မစိမ်းတော့ပါဘူး။

ရုပ်ရှည်ကြည့်ပါ

ကိုယ်လေ့လာမယ့် ဘာသာစကားနဲ့ပတ်သက်တာ ဥပမာ ဂျပန်ဆိုရင် ဂျပန်ကားတွေ၊ anime တွေကိုကြည့်ပါ။ မြန်မာစာတန်းထိုးတွေမကြည့်ပဲ အင်္ဂလိပ်စာတန်းထိုးတွေကို ကြည့်ပါ။ အသံပိတ်မကြည့်ပဲ အသံချဲ့ကြည့်ပါ။ ဒါမှ နားရည်ဝပြီး listening လည်း အားကောင်းမယ်၊ အသံထွက်နဲ့ လေယူလေသိမ်းတွေလည်း တိုးတက်လာပါမယ်။

သီချင်းနားထောင်ပါ

ကိုယ်လေ့လာချင်တဲ့ ဘာသာစကားကို ရူးသွပ်မယ်ဆိုရင် သီချင်းကအစ အဲ့ဘာသာစကားနဲ့ ပတ်သက်တဲ့ သီချင်းတွေပဲ နားထောင်ပါ။ ဥပမာ ဂျပန်စာဆို ဂျပန်သီချင်း၊ အင်္ဂလိပ်စာဆို အင်္ဂလိပ်သီချင်း၊ တရုတ်စာဆို တရုတ်သီချင်းပေါ့။ ပြီးရင် လိုက်ဆိုပါ။ တစ်ခါတစ်လေ ဘာသာပြန်ကြည့်ပါ။

စကားပြောလေ့ကျင့်ပါ

ကိုယ်နဲ့တူတူလေ့လာနေတဲ့ သူငယ်ချင်းရှိရင် သူနဲ့စကားပြောလေ့ကျင့်ပါ။ ပြောစရာလူမရှိရင် မှန်ကြည့်ပြီး စကားပြောလေ့ကျင့်ပါ။ မရှက်ပါနဲ့။ ဘာသာစကားလေ့လာတဲ့အခါမှာ ရှက်နေရင် ပြောရဲဆိုရဲမှာမဟုတ်ပါဘူး။

ရှာဖွေလေ့လာပါ

အခုက facebook မှာဆိုလည်း သက်ဆိုင်ရာ group တွေ၊ ပညာဒါနတွေ တင်ပေးတာ အများကြီးပါ။ အဲ့တာတွေကိုလည်း ရှာဖွေလေ့လာကြည့်ပါ။ ကိုယ်မသိသေးတာတွေ အများကြီးသိရပါလိမ့်မယ်။ ကိုယ်က သူများလို သင်တန်းတက်တာမဟုတ်ပဲ ကိုယ်တိုင်လေ့လာနေတာ ဖြစ်တဲ့အတွက် သူများထက်ပိုပြီး ရှာဖွေလေ့လာရပါမယ်။ ပိုပြီးကြိုးစားရပါမယ်။ ဒီနည်းတွေအတိုင်း စိတ်ဆုံးဖြတ်ပြီးသာ သေချာလုပ်မယ်ဆိုရင် အများကြီး အကျိုးရှိမှာ သေချာပါတယ်။