ခါးလှည့်ကွင်းလှည့်ပေးတာက အရမ်းကောင်းပါတယ်။ ကောင်းကျိုးတွေကတော့ အများကြီး ရှိတာပါ။ အဲ့ထဲကမှ ထိထိရောက်ရောက်နဲ့ ရရှိလာမယ့် ကောင်းကျိုး ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ ဝိတ်ကျချင်တဲ့သူတွေဆိုရင်တော့ ခါးလှည့်ကွင်းလှည့်ပေးတာကို လုပ်ကိုလုပ်သင့်ပါတယ်။ ဒါဆိုရင် ရရှိလာမယ့်ကောင်းကျိုး ၅ ခုကို ရလာမလဲဆိုတာကို ကြည့်လိုက်ရအောင်…။

ဗိုက်အဆီကျပြီးခါးသေးစေခြင်း

ခါးလှည့်ကွင်းလှည့်ပေးမယ်ဆိုရင် တော်တော်များများ သိထားတဲ့အတိုင်းပဲ ဗိုက်အဆီတွေကျပြီး ခါးသေးလာစေပါတယ်။ ဒါကတော့ အရမ်းသိသာတဲ့အချက်ပါပဲ။ ဗိုက်မှာ အဆီတွေများနေတယ်၊ ခါးတုတ်နေတယ်ဆိုရင် နေ့တိုင်း ခါးလှည့်ကွင်းနဲ့ လေ့ကျင့်ခန်းလုပ်ပေးပါ။

ကယ်လိုရီလောင်ကျွမ်းစေခြင်း

ခါးလှည့်ကွင်းနဲ့ ပုံမှန်နေ့တိုင်း ခါးလှည့်ပေးမယ်ဆိုရင် ၂ ပတ်၊ ၃ ပတ်၊ ၄ ပတ်အတွင်းမှာပဲ ၄၅၀ ကယ်လိုရီလောက်ကို လောင်ကျွမ်းစေပါတယ်။

စိတ်ရောကိုယ်ပါ Active ဖြစ်စေခြင်း

ခါးလှည့်ကွင်းလှည့်ရင် စိတ်ပျော်ရွှင်တက်ကြွစေပြီး စိတ်ရောကိုယ်ပါ Active ဖြစ်စေပါတယ်။ ဒါကြောင့် တချို့ဆိုရင် အပြင်းပြေ ခါးလှည့်ကွင်း လှည့်ကြပါတယ်။ သီချင်းတီးလုံးလေးနဲ့ လှည့်ရင် ပိုတောင်ပျော်ဖို့ကောင်းပါသေးတယ်။

Depression ကိုတိုက်ထုတ်နိုင်ခြင်း

ခုနကပြောသလိုပဲ ခါးလှည့်ကွင်းလှည့်တာက စိတ်ပျော်ရွှင်ပြီး Active ဖြစ်စေတဲ့အတွက် Depression ကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ စိတ်ဓာတ်ကျပြီး Depression ဝင်နေရင် ကြာကြာလေး ခါးလှည့်ကွင်းလှည့်ကြည့်ပါ။

Body Shape ပိုလှလာခြင်း

ခါးလှည့်ကွင်းလှည့်ပေးတာက ခါးသေး၊ ဗိုက်အဆီကျစေတဲ့အပြင် ခန္ဓာကိုယ်လှုပ်နေရတဲ့အတွက် တစ်ကိုယ်လုံးက အဆီတွေလည်း ကျစေပါတယ်။ ဒီတော့ Shape လေးပိုပေါ်လွင်လာပြီး Body Shape ပိုလှလာတာပေါ့။