အိမ်ထဲမှာ insects ပိုးကောင်တွေရှိနေရင် အန္တရာယ်ရှိတဲ့ chemicals တွေကိုသုံးပြီး ပြေးအောင်လုပ်စရာမလိုပါဘူး။ Chemicals ပါတာတွေသုံးရင် ကလေးငယ်တွေနဲ့ဆို စိတ်မချရပါဘူး။ ဒါကြောင့် Chemicals မပါပဲ အိမ်မှာရှိနေတဲ့ ပိုးကောင်တွေကို ပြေးအောင်လုပ်နိုင်တဲ့ နည်းလမ်းကောင်းတွေ ရှိပါတယ်။

အပင်စိုက်ပါ

အိမ်ထဲမှာ lavender, ပူစီနံ၊ စမုန်ဖြူ၊ စပါးလင်၊ နှဲပန်းနဲ့ mosquito plant စတဲ့အပင်တွေကို စိုက်ထားရင် ပိုးကောင်တွေ မလာပါဘူး။ အပင်စိုက်ရတာ ဝါသနာပါရင်တော့ တခြားအရာတွေမလုပ်တော့ပဲ ဒီနည်းလမ်းကိုသာ အသုံးချလိုက်ပါ။

သခွားသီး

အိမ်မှာပိုးဟပ်ပေါလို့ စိတ်ညစ်နေရင် သခွားသီးကို အချပ်လေးတွေလှီးပြီး ဂျောင်နေရာတွေ၊ ပိုးဟပ်လာတဲ့နေရာတွေမှာ ချထားပါ။ ပိုးဟပ်ပြေးစေပါတယ်။ တစ်ပတ်ကို တစ်ကြိမ်တော့ လဲပေးပါ။ မလဲပဲထားရင်တော့ အနံနံမှာပါ။

မုန့်ဖုတ်ဆိုဒါ

ပုရွက်ဆိတ်နဲ့ ပိုးဟပ်တွေပြေးဖို့ဆိုရင် မုန့်ဖုတ်ဆိုဒါကို သုံးလို့ရပါတယ်။ မုန့်ဖုတ်ဆိုဒါ – ၂ ခွက်ကို ရှာလကာရည် – ၁ ခွက်နဲ့ ရောပြီး ဖြန်းပေးရင် ပုရွက်ဆိတ်နဲ့ ပိုးဟပ်တွေပြေးပါတယ်။

သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်အမှုန့်ရှိရင် ပိုးကောင်တွေလာတတ်တဲ့နေရာမှာ ဖြူးထားလိုက်ပါ။ ပိုးကောင်တွေ ပြေးစေပါတယ်။

Peppermint Essential Oil

Peppermint Essential Oil – ၁၅ စက်ကို ရေ – ၂၅၀ မီလီလီတာနဲ့ ရောမွှေပြီး Shake လုပ်ပေးပါ။ ပြီးရင် တံခါးနေရာတွေ၊ ပိုးကောင်လာတတ်တဲ့နေရာတွေ၊ ဂျောင်နေရာတွေကို လိုက်ဖြန်းပေးပါ။ ပိုးကောင်တွေပြေးစေပါတယ်။