ဒေါက်မြင့်ဖိနပ် အမြဲစီးတဲ့သူပဲဖြစ်ဖြစ်၊ ဒေါက်မြင့်ဖိနပ် စီးလေ့ရှိတဲ့သူပဲဖြစ်ဖြစ် သိထားသင့်တဲ့ အချက်တွေကို ပြောပြပေးလိုက်ပါတယ်။ အရမ်းအသုံးဝင်စေမယ့် အချက်တွေဖြစ်ပါတယ်။

Double Tap

ဒေါက်မြင့်ဖိနပ်စိးတဲ့အခါ ဖိနပ်အတွင်းက ခြေနင်းတဲ့အောက်ခံအပြားကို double tap ကပ်ပြီး စီးမယ်ဆိုရင်တော့ ခြေထောက်နာတာ၊ ရေကြည်ဖုထတာတွေ မဖြစ်စေပါဘူး။

Hydrating Cream

ခြေထောက်ကို hydrating cream လိမ်းပေးခြင်းက ခြေထောက်နဲ့ဖိနပ်နဲ့ ပွတ်တိုက်မိတဲ့အခါမှာ နာကျင်တာတွေ မဖြစ်အောင်လို့ ကြိုတင်ကာကွယ်ပေးပါတယ်။

Baby Powder

Baby powder ကို ဒေါက်ဖိနပ်အတွင်းဘက် ခြေနင်းတဲ့နေရာမှာ ဖြူးပြီးတော့ စီးမယ်ဆိုရင် ခြေဆီထွက်ပြီးချောတာတွေ မဖြစ်စေတော့ပါဘူး။ ခြေဆီထွက်တတ်တဲ့သူတွေ လုပ်ကြည့်သင့်ပါတယ်။

ခြေချောင်းနှစ်ချောင်းကိုတိတ်နဲ့ကပ်ခြင်း

ထိပ်ပိတ် ဒေါက်မြင့်ဖိနပ်တွေ စီးတဲ့အခါမှာ ခြေချောင်းလေးတွေ နာကျင်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ခြေညှိုးနဲ့ ခြေခလယ် နှစ်ချောင်းကို တိတ်နဲ့ပူးပြီး ကပ်ထားလိုက်ပါ။ အဲ့အတိုင်းစီးမယ်ဆိုရင် ခြေချောင်းလေးတွေနာကျင်တာ သက်သာစေပါတယ်။

Roll-on, Deodorant

ဒေါက်ဖိနပ်အပိတ်တွေ မစီးခင်မှာ နာကျင်တတ်တဲ့နေရာလေးတွေ ဥပမာ ခြေဖနောင့် စတဲ့နေရာတွေကို roll-on (သို့) stick deodorant နဲ့ ပွတ်ပေးပါ။ ပြီးမှစီးပါ။ ဒါဆိုရင်တော့ ဒေါက်ဖိနပ်စီးတဲ့အခါမှာ ဖြစ်လေ့ရှိတဲ့ ခြေထောက်တွေ ပူထူတာ၊ သက်တောင့်သက်သာမရှိတာမျိုးတွေ မဖြစ်တော့ပါဘူး။

ဖိနပ်မချွတ်လိုက်ပါနဲ့

ဒေါက်ဖိနပ်စီးပြီး အချိန်ကြာကြာ မတ်တပ်ရပ်နေရလို့၊ လမ်းလျှောက်ရလို့ နာကျင်လာရင် ဆက်ပြီး မတ်တပ်ရပ်နေတာ၊ လမ်းလျှောက်နေတာက ပိုပြီးနာကျင်ရပါတယ်။ ဒါကြောင့် ခဏအနားယူပြီး ထိုင်နေလိုက်ပါ။ ဒါပေမယ့် ဖိနပ်ကိုတော့ လုံးဝမချွတ်လိုက်ပါနဲ့။ ဖိနပ်ချွတ်နားပြီးမှ ပြန်စီးမယ်ဆိုရင် ပိုပြီးနာပါတယ်။ ဒါကြောင့် ဖိနပ်စီးထားလျှက်နဲ့ ခဏထိုင်နားလိုက်ပါ။

Emergency Kit

ဒေါက်ဖိနပ်စီးရင် အိတ်ထဲမှာ emergency kit လေးတွေ ဆောင်ထားဖို့ မမေ့ပါနဲ့။ ဒေါက်ဖိနပ်စီးတာက အချိန်ကြာလာတာနဲ့အမျှ ခြေထောက်နာလာတာပါပဲ။ ဒါကြောင့် အနာကပ်ပလာစတာ၊ ခြေထောက် ဖိနပ်ပေါက်ရင် လိမ်းတဲ့ဆေး စတာလေးတွေကို ဆောင်ထားရင် အဆင်ပြေပါတယ်။