ကားမောင်းတာကြာရင် ခါးနာတာ၊ နောက်ကျောတွေနာတာက ဖြစ်တတ်ပါတယ်။ ကိုယ့်ထိုင်ခုံပုံစံမမှန်ရင်၊ ကိုယ်ဟန်အနေအထားမမှန်ရင်လည်း ခါးနာတာက ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကားမောင်းနေတဲ့အချိန်မှာ ခါးနာတာကို သက်သာအောင် ဘယ်လိုတွေပြင်ဆင်သင့်လဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

ပထမပုံထဲကလိုအနေအထားနဲ့ ကားမောင်းတာဟာ ခါးနာစေရုံတင်မဟုတ်ပဲ ဇာတ်ကြောလည်းတက်စေပါတယ်။ ဒါကြောင့် ဒုတိယပုံမှာပြထားတဲ့အတိုင်း ထိုင်ခုံကိုသေချာမှီထားပြီး steering wheel နဲ့ သင်နဲ့ကြားမှာ ၂၅ – ၃၀ စင်တီမီတာအကွာ ဖြစ်နေရပါမယ်။ လက်မောင်းအနေအထားက ၁၂၀ ဒီဂရီဖြစ်နေပြီး တံတောင်ကွေးကတော့ ၆၀ ဒီဂရီလောက်ကွေးထားရင် ရပါတယ်။ ဒီလိုအနေအထားနဲ့ ကားမောင်းမှ ပုံစံမှန်ပြီး ခါးမနာမှာပါ။

ထိုင်ခုံကို အနောက်အရမ်းလန်ထားရင်လည်း အဆင်မပြေပါဘူး။ နောက်မှီကို ၉၀ ဒီဂရီစွန်းစွန်းလေးပဲ ထားပေးပြီးထိုင်ပါ။ ဒါမှလည်း steering wheel ကိုကိုင်တဲ့ လက်အနေအထားပါ မှန်သွားမှာပါ။

ထိုင်နေတဲ့အချိန်မှာ ကိုယ့်ထိုင်ခုံကြောင့် ပေါင်အနေအထားက ပထမပုံထဲကလို ဖြစ်နေတတ်ပါတယ်။ ထိုင်ခုံကြောင့်မဟုတ်ပဲ ကိုယ်ထိုင်နေတဲ့ပုံစံကြောင့်လည်း ဖြစ်တတ်ပါတယ်။ ပထမပုံထဲကလိုဖြစ်နေရင် ထိုင်ရတာ ခါးကိုဖိအားပိုများစေတဲ့အတွက် ခါးပိုနာပါတယ်။ ဒါကြောင့် ဒုတိယပုံထဲကလို တင်ပါးနဲ့ပေါင်နဲ့ကို ထိုင်ခုံမှာသေချာကပ်ထိုင်ပါ။

ထိုင်ခုံကအဆင်မပြေရင် ခါးနဲ့ ထိုင်ခုံနောက်မှီနဲ့ကြားမှာ towel ကိုလိပ်ပြီး ခံထားပြီးထိုင်ပါ။ ဒီလိုလုပ်ပေးတာက ခါးနာတာလည်း သက်သာစေပါတယ်။

ဘောင်းဘီအနောက်ကအိပ်ကပ်ထဲမှာ ပိုက်ဆံအိတ်တို့၊ ဖုန်းတို့ထည့်ထားပြီး အဲ့အတိုင်းထိုင်ပြီး ကားမောင်းတာမျိုးက ခန္ဓာကိုယ်ဟန်ချက်မညီတဲ့အတွက် ခါးနာတာ၊ နောက်ကျောနာတာ ဖြစ်စေပါတယ်။ ခဏလေးဆို ကိစ္စမရှိပေမယ့် အကြာကြီးထိုင်မောင်းရတဲ့အခါမှာဆို သိသာပါတယ်။

တင်ပါးကို အနောက်ကပ်ထားပြီး ခါးနဲ့ကျောကို အရှေ့ကြီးကုန်းနေတာမျိုး မလုပ်ရပါဘူး။ ခါးနာစေပါတယ်။ ဒါကြောင့် နောက်မှီပြီးထိုင်လို့လည်း အဆင်ပြေအောင် တင်ပါးအောက်မှာ တစ်ခုခုခံပြီးထိုင်လိုက်ပါ။ ဒါဆိုရင် အနောက်ကိုမှီရတာလည်း အဆင်ပြေသွားမှာပါ။

အောက်မှာထားတဲ့ ခြေထောက်အနေအထားက ပထမပုံထဲကလိုဆို သက်တောင့်သက်သာမဖြစ်စေပါဘူး။ ခါးနာစေပါတယ်။ ဒါကြောင့် ဒုတိယပုံထဲကလို အနေအထားနဲ့ ပြောင်းထားပါ။

ခါးအရမ်းနာနေရင် ခါးကို ရေနွေးအိတ်ကပ်ပေးတာပဲဖြစ်ဖြစ်၊ ရေခဲကပ်ပေးတာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ဒီလိုလုပ်ပေးခြင်းက သွေးလည်ပတ်မှုကောင်းမွန်စေပြီး နာကျင်တာတွေကို သက်သာစေပါတယ်။

source:www.brightside.me