သွားတိုက်တာက မနက်တစ်ကြိမ်၊ ညအိပ်ယာဝင်ခါနီးတစ်ကြိမ် တိုက်ပေးရင် လုံလောက်ပါပြီ။ တစ်နေ့ကို ၂ ကြိမ်ထက်ပိုပြီး တိုက်နေမယ်ဆိုရင်တော့ သင့်သွားတွေမှာ ဒီလိုအရာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

သွားအရောင်ညစ်လာခြင်း

သွားခဏခဏတိုက်နေတော့ သွားကိုကာကွယ်ထားတဲ့ အပေါ်ယံပါးလွှာတဲ့ layer လေးတွေက အလွယ်တကူပျက်စီးလာပါတယ်။ သွားဖြူချင်စောနဲ့ ခဏခဏတိုက်နေရင် သွားမဖြူလာတဲ့အပြင် အရောင်တောင်ပိုညစ်ပြီး ဝါလာပါလိမ့်မယ်။ ဒါကြောင့် တစ်နေ့ ၂ ကြိမ်ထက်ပိုပြီး မတိုက်သင့်ပါဘူး။

Sensitive ဖြစ်လာခြင်း

သွားကို တစ်နေ့ ၂ ကြိမ်ထက်ပိုပြီး တိုက်နေမယ်ဆိုရင်တော့ သွားတွေက sensitive ဖြစ်လာပြီး ခဏခဏသွားကိုက်တာ၊ သွားဖုံးနာတာ၊ သွားဖုံးရောင်တာ၊ သွားတိုက်နေရင်းနဲ့ သွားဖုံးသွေးထွက်လာတာ၊ ရေစီးကမ်းပြိုတာတွေ၊ တစ်ခုခုစားရင်ကျဉ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ခဏခဏတိုက်တိုင်းလည်း မကောင်းပါဘူး။

သွားအခေါင်းပေါက်တွေဖြစ်လာခြင်း

သွားပွတ်တံနဲ့ သွားတိုက်တာက အညစ်အကြေးတွေ၊ သွားမှာကပ်နေတဲ့ အစာဟောင်းတွေ အားလုံးသန့်စင်သွားစေပါတယ်။ ဒါကြောင့်လည်း တစ်နေ့ ၂ ကြိမ်ပဲ တိုက်ခိုင်းကြတာပါ။ အဲ့ထက်ပိုပြီး ခဏခဏတိုက်နေတာမျိုး၊ အစာစားပြီးတိုင်း သွားတိုက်နေတာမျိုးကျတော့ ကြာလာရင် သွားတွေပဲ့လာတာ၊ သွားအခေါင်းပေါက်တွေ ဖြစ်လာတာမျိုးတွေနဲ့ ကြုံရတတ်ပါတယ်။ သွားအခေါင်းပေါက်တွေဖြစ်လာရင် ကျဉ်လာပါလိမ့်မယ်။ အဲ့အပေါက်ထဲကို အစာဝင်ရင် ကျဉ်တာ၊ ပိုးစားတာတွေ ဖြစ်လာမှာပါ။

သွားတွေကြဲလာခြင်း

သွားကြားထိုးရင် သွားတွေကြဲလာသလိုပဲ သွားကို တစ်နေ့ ၂ ကြိမ်ထက်ပိုပြီး တိုက်နေမယ်ဆိုရင်လည်း သွားတွေကြဲလာပါလိမ့်မယ်။ သွားကြဲပြီး ခုနကလိုပဲ သွားဖုံးနာတာမျိုးတွေ၊ သွားဖုံးရောင်တာမျိုးတွေ၊ သွားဖုံးသွေးထွက်တာမျိုးတွေ ဖြစ်လာလေ့ရှိပါတယ်။

source:www.brightside.me