ခရီးသွားတဲ့အခါမှာ bra မလောက်လို့ မလျှော်ပဲ အပေကို ပြန်ဝတ်တာမျိုးတွေ၊ လျှော်ရမှာပျင်းလို့ ခဏပဲဝတ်ထားတာပဲဆိုပြီး ၂ ရက်၊ ၃ ရက်လောက် အဲ့အတိုင်း ပြန်ဝတ်တာမျိုးတွေက မလုပ်သင့်ပါဘူး။ Bra ကို သေချာမလျှော်ပဲ အပေအတိုင်း ပြန်ဝတ်တဲ့အခါ ဒီလိုအရာတွေ ဖြစ်လာနိုင်ပါတယ်။

ခန္ဓာကိုယ်အနံ့ဆိုးထွက်ခြင်း

မလျှော်ပဲဝတ်ရင် အနံ့နံတာတော့ အားလုံးပါပဲ။ Bra ဖြစ်တာကြောင့်ပိုဆိုးပါတယ်။ ရေချိုးပြီး မလျှော်ထားတာကို ပြန်ဝတ်တော့ ဘာမှမထူးပါဘူး။ ခန္ဓာကိုယ်အနံ့ဆိုးထွက်စေပါတယ်။ ဒါကြောင့် လုံးဝမဝတ်သင့်ပါဘူး။

ဝက်ခြံပေါက်ခြင်း

 

Bra ကို မလျှော်ပဲဝတ်တဲ့အခါမှာ ချွေးနဲ့ အညစ်အကြေးတွေနဲ့ရောပြီးတော့ အဆီဖု၊ ဝက်ခြံပေါက်တာတွေ ဖြစ်လာစေပါတယ်။ တချို့ဆိုရင် ဖုသေးသေးလေးတွေ အများကြီးထွက်လာတာမျိုးတောင် ဖြစ်လေ့ရှိပါတယ်။

ယားယံခြင်း၊ ပိုးဝင်ခြင်း

အဝတ်အစားတွေ Bra တွေကို မလျှော်ပဲပြန်ဝတ်တဲ့အခါမှာ ဖြစ်မယ့်အရာနောက်တစ်ခုကတော့ ယားယံတာနဲ့ ပိုးဝင်တာပါပဲ။ မလျှော်တဲ့ရက်ကြာလာရင် ပိုးဝင်တဲ့အဆင့်အထိ ဖြစ်နိုင်ပါတယ်။ ပုံမှန်အများဆုံးဖြစ်တာကတော့ ယားယံတာပါပဲ။ အသားအရေနီမြန်းယားယံပြီး ဖုတွေထွက်တာ၊ အင်ဗြင်တွေထတာမျိုး ဖြစ်တတ်ပါတယ်။

စွန်းထင်းခြင်း၊ အရောင်ပြောင်းခြင်း

Bra က မလျှော်ပဲ ပြန်ဝတ်တာများလာရင် အညစ်အကြေးတွေပေပြီး ချွတ်လို့မရတော့တာမျိုး၊ စွန်းထင်းကုန်တာမျိုး၊ အရောင်မှိုင်းသွားပြီး အရောင်ပြောင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Bra ကို မလျှော်ပဲပြန်ဝတ်တာက Bra လည်း ပျက်စီးသလို ကိုယ့်အသားအရေလည်း ထိခိုက်စေပါတယ်။