ဝိတ်ကျအောင်ကြိုးစားနေပေမယ့်လည်း ဝိတ်ကျလာဖို့အတွက် ခက်ခဲပြီး ဝိတ်မကျဖြစ်နေတဲ့သူတွေ အများကြီးရှိပါတယ်။ ဝိတ်မကျလာတာဟာ သင်သတိမထားမိခဲ့တဲ့ ဒီလိုအသေးအမွှား အကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အိပ်ချိန်မလုံလောက်ခြင်း

ဝိတ်ကျဖို့အတွက် အိပ်ချိန်မှန်နေဖို့၊ အိပ်ရေးဝနေဖို့ကလည်း အရေးကြီးပါတယ်။ အိပ်စက်ချိန် လုံလောက်မှုမရှိရင်၊ ကောင်းကောင်းအနားမယူနိုင်တဲ့အတွက် ဝိတ်ကျဖို့လည်း ခက်ခဲနေတတ်ပါတယ်။

Workout လုပ်တဲ့ဆီမှာပဲအားစိုက်ထုတ်နေခြင်း

ဝိတ်ကျဖို့အတွက် workout တစ်ခုထဲကိုပဲ အားစိုက်ထုတ်ပြီး လုပ်နေလို့မရပါဘူး။ အစားအသောက်၊ အနေအထိုင်ပါပြောင်းလဲပြီး diet လည်းလုပ်၊ workout လည်းလုပ်မှသာ ဝိတ်ကျတာမြန်မှာပါ။

စားသောက်မှုပုံစံမှားနေခြင်း

ဝိတ်လျှော့မယ်ဆိုပြီး ထမင်းမစား၊ အစာမစားပဲနေလို့ ဝိတ်မကျပါဘူး။ diet အတွက် အစားအသောက်ပုံစံကို သေချာ plan ဆွဲပြီးလုပ်နိုင်မှသာ ဝိတ်မြန်မြန်ကျမှာပါ။

ညစာကိုအစောကြီးစားခြင်း

ညစာကို အရမ်းစောစောစားရင် ညကျဗိုက်ပြန်ဆာမှာပါ။ ဗိုက်ပြန်ဆာတော့ သရေစာတွေစားမိတာနဲ့ ဝိတ်ကပြန်တက်တာပါပဲ။ မစားပဲနေရင်လည်း အိပ်မပျော်ဖြစ်ပြီး အဆင်မပြေပါဘူး။ ဒါကြောင့် ညစာကို ၆ နာရီနဲ့ ၇ နာရီကြားစားပေးတာ အကောင်းဆုံးပါ။

အပြင်စာအရမ်းစားခြင်း

အစားအသောက်စားရင် အာဟာရရှိတာတွေမစားပဲ သရေစာမုန့်တွေ၊ အပြင်စာတွေ အရမ်းစားတာဟာ ဝိတ်ပိုတက်စေပါတယ်။