သွားတွေပျက်စီးလာတယ်ဆိုရင် ကိုယ့်ရဲ့ အလေ့အကျင့်တွေကို ပြန်စစ်ကြည့်ဖို့လိုပါတယ်။ များသောအားဖြင့်တော့ သွားကိုဂရုမစိုက်တာ၊ ကိုယ့်ရဲ့ အလေ့အကျင့်တွေကြောင့် သွားတွေပျက်စီးလာတာ များပါတယ်။ ဒါကြောင့် ကိုယ်တိုင်လုပ်နေမိတာတွေ ရှိရင်လည်း ပြင်ဆင်လို့ရဖို့အတွက်၊ သွားလေးတွေ အမြဲလှပနေဖိုပအတွက် သွားတွေပျက်စီးလာအောင် ကိုယ်တိုင်လုပ်မိတတ်ကြတဲ့ အလေ့အကျင့်တွေကို ပြောပြပေးလိုက်ပါတယ်။

သကြားလုံးတွေစားခြင်း

သကြားလုံးတွေကို ခဏခဏစားရင်လည်း သွားတွေပျက်စီးစေပါတယ်။ ကလေးငယ်တွေ သွားပိုးစားသလိုပဲ လူကြီးတွေမှာလည်း ဖြစ်ပါတယ်။ သွားပိုးစားတာတွေကနေ သွားတွေပဲ့ထွက်တာ၊ သွားအပေါက်ဖြစ်တာတွေ ဖြစ်လာတာပါပဲ။

သွားပွတ်တံပုံမှန်မလဲခြင်း

သွားပွတ်တံကို ပုံမှန်မလဲပေးပဲ တစ်ချောင်းထဲကိုပဲ အကြာကြီးသုံးနေတာကလည်း သွားအတွက် မကောင်းပါဘူး။ သွားသာတိုက်တာ ပြောင်မှာမဟုတ်ပါဘူး။ ဒါကြောင့် သွားပွတ်တံကို အမြဲတမ်း ၃ လ တစ်ကြိမ်၊ ၄ လ တစ်ကြိမ် လဲပေးပါ။

ကော်ဖီသောက်ခြင်း

ကော်ဖီကို တော်တော်များများက ကြိုက်ကြတာပါပဲ။ ဒါပေမယ့် တစ်နေ့ကို တစ်ခွက်ထက်ပိုပြီး သောက်နေရင်တော့ သွားတွေဝါညစ်လာမှာပါ။ ကော်ဖီသောက်ပြီးရင် အာလုပ်ကျင်းတာမျိုးလည်း လုပ်ပေးပါ။

အချဉ်ဓာတ်များတဲ့အသီးဖျော်ရည်တွေသောက်ခြင်း

အချဉ်ဓာတ်များတဲ့ Grapefruit, Orange နဲ့ သံပုရာရည်၊ သံပယိုရည်တွေက Acid ပမာဏများပြီး ချဉ်တာကြောင့် သွားတွေပျက်စီးတာ၊ ကျဉ်တာတွေ ဖြစ်လေ့ရှိပါတယ်။

Soda သောက်ခြင်း

Soda သောက်တာက သွားတွေပျက်စီးစေပါတယ်။ သွားနဲ့ပတ်သက်တဲ့ ပြဿနာတွေလည်း ဖြစ်တတ်တာကြောင့် ခဏခဏမသောက်သင့်ပါဘူး။

ရေခဲဝါးခြင်း

တချို့က ရေခဲဝါးစားရတာကိုကြိုက်လို့ ရေခဲဝါးတာမျိုး ရှိပါတယ်။ ရေခဲဝါးတာက သွားကျဉ်တာ၊ သွားကိုက်တာတွေ ဖြစ်စေပြီး သွားအတွက် မကောင်းပါဘူး။

သွားကြိတ်ခြင်း

သွားကြိတ်တာက Stress တွေများနေလို့ပါ။ သွားကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ သွားကိုက်တာ၊ ကျဉ်တာတွေ ဖြစ်လာစေပါတယ်။