ညအိမ်ခါနီးက ရေချိုးကြတဲ့သူတွေရှိပါတယ်။ ဒါက တကယ်ကောင်းပါတယ်။ ပူပြင်းတဲ့ရာသီဥတုမျိုးမှာဆိုရင် ပိုတောင်ကောင်းပါတယ်။ ဘာကြောင့် ညအိပ်ခါနီးမှာ ရေချိုးပေးသင့်လဲဆိုတဲ့ အဓိကအကြောင်းအရင်းတွေကို ကြည့်လိုက်ရအောင်။
ယားယံတာသက်သာစေခြင်း
ရာသီဥတုပူရင် တစ်နေကုန်ချွေးတွေနဲ့ ယားယံတာမျိုး ဖြစ်တတ်ပါတယ်။ တချို့ကျတော့လည်း ရေချိုးကပ်နေတဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကြောင့် ယားယံတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အိပ်ယာဝင်ခါနီးမှ ရေချိုးလိုက်မယ်ဆိုရင်တော့ သန့်ရှင်းစင်ကြယ်သွားပြီး ယားယံတာတွေလည်း ပျောက်သွားပါလိမ့်မယ်။
အိပ်လို့ပိုကောင်းခြင်း
ညအိပ်ခါနီးမှာ ရေချိုးပေးရင် သန့်ရှင်းစင်ကြယ်သွားပြီး ပိုအိပ်လို့ကောင်းပါတယ်။ ပိုပြီးတော့လည်း နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်စေပါတယ်။
ထိုင်းမှိုင်းနေတာတွေပျောက်စေခြင်း
တစ်နေကုန် ထိုင်းမှိုင်းပြီး ညစ်နွမ်းနေသလို ခံစားရရင် ညဘက်မှာလည်း ကောင်းကောင်းအိပ်ပျော်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အိပ်ခါနီးရေချိုးလိုက်ရင် ထိုင်မှိုင်းနေတာတွေပျောက်ပြီး စိတ်ရောကိုယ်ပါ လန်းဆန်းသွားပါမယ်။
အပူဒဏ်သက်သာစေခြင်း
ရေချိုးပြီးမှအိပ်လိုက်ရင် အေးပြီးနေလို့ကောင်းတဲ့အတွက် အပူဒဏ်လည်း သက်သာစေပါတယ်။ မဟုတ်ရင် ရာသီဥတုပူတာနဲ့ ချွေးတွေနဲ့ စိတ်အနှောင့်အယှက်ဖြစ်ပြီး အိပ်ပျော်မှာ မဟုတ်ပါဘူး။
အသားအရေပိုကောင်းစေခြင်း
ညအိပ်ခါနီးမှရေချိုးပြီး Body Lotion သေချာလိမ်း၊ Skincare သေချာလိမ်းရင် အသားအရေလည်း ပိုကောင်းလာစေပါတယ်။ အသားအရေစိုပြည်လာစေပါတယ်။
အိပ်ယာသန့်ရှင်းစေခြင်း
ရေမချိုးပဲ တစ်နေကုန်ကပ်နေတဲ့ အညစ်အကြေးတွေ၊ ချွေးတွေနဲ့ အိပ်တာထက်စာရင် ရေချိုးပြီးအိပ်တာက ကိုယ့်အိပ်ယာလည်း ပိုပြီးသန့်ရှင်းစေပါတယ်။ အနံ့အသက်လည်း ပိုကောင်းစေပါတယ်။