ညတိုင်း ခြေထောက်ကို ရေနွေးနဲ့စိမ်ပေးခြင်းက အလှအပအတွက်ရော ကျန်းမာရေးအတွက်ရော ကောင်းကျိုးတွေရရှိစေပါတယ်။ ရေနွေးနဲ့ဆားနဲ့ရောပြီး စိမ်ပေးတာမျိုး၊ ရေနွေးနဲ့ baby soap နဲ့ စိမ်ပေးတာမျိုး၊ ရေနွေးနဲ့ essential oil တစ်ခုခုနဲ့ စိမ်ပေးတာမျိုးတွေ လုပ်ရုံပါပဲ။ အရမ်းလွယ်ကူရိုးရှင်းပါတယ်။

Stress တွေလျော့ကျစေခြင်း

ခြေထောက်ကို ရေနွေးနဲ့ essential oil နဲ့ စိမ်ပေးခြင်းက ခြေထောက်တွေတင်းမာနေတာကို လျှော့ချပေးပြီး ညောင်းညာမှုတွေလည်း လျော့ကျစေသလို stress တွေ လျော့ကျပြီး နေလို့ကောင်းသွားစေပါတယ်။ Stress တွေ လျော့ကျသွားတဲ့အခါမှာတော့ အိပ်စက်မှုပိုကောင်းလာစေပြီး အလုပ်လုပ်ရတာလည်း ပိုကောင်းလာမယ်၊ ပေါင်းသင်းဆက်ဆံရေးတွေမှာလည်း ပိုပြီးတိုးတက်လာပါမယ်။ အပြင်ကပြန်လာတိုင်း၊ အလုပ်ကပြန်လာတိုင်း၊ ညတိုင်းမှာ ခြေထောက်စိမ်ပေးပါ။

ခြေဖဝါးနူးညံ့စေခြင်း

ခြေထောက်က အသားမာတွေတက်ပြီး ကြမ်းတမ်းနေတယ်၊ ခြေဖဝါးကွဲအက်တာတွေ ဖြစ်နေတယ်ဆိုရင် ညတိုင်းခြေထောက်ကို ရေနွေးနဲ့ ဆားနဲ့ baby soap လေးတွေနဲ့ စိမ်ပေးပါ။ ပြီးရင်ခြေထောက်ကိုတိုက်ပေးပါ။ အသားမာတက်တာ၊ ခြေထောက်အသားအရေ ကြမ်းတမ်းတာ၊ ခြေဖဝါးအက်ကွဲတာတွေ သက်သာပြီး ခြေဖဝါးနူးညံ့လာစေပါတယ်။

ရောင်ရမ်းမှုကိုလျှော့ချပေးခြင်း

ခြေထောက်တွေနာပြီး ရောင်ရမ်းမှုကြောင့်ဖြစ်တဲ့ နာကျင်မှုက အရမ်းဆိုးပါတယ်။ အပြင်ကို တစ်နေကုန် သွားလာနေရတဲ့သူတွေ၊ တစ်နေကုန် မတ်တပ်ရပ်နေရတဲ့သူတွေ၊ workout လုပ်ပြီးပြန်လာတဲ့သူတွေဆို ဒီလိုမျိုးတွေ ဖြစ်တတ်ပါတယ်။ ညတိုင်းသာ ခြေထောက်ကို ရေနွေးနဲ့ ဆားနဲ့ထည့်ပြီး စိမ်တာမျိုးတွေ လုပ်ပေးမယ်ဆိုရင်တော့ ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်ပါတယ်။

ခြေထောက်ကို Detox လုပ်ပေးခြင်း

တစ်နေကုန်လှုပ်ရှားသွားလာတဲ့အခါ ခြေထောက်က လုပ်ဆောင်မှုအများဆုံးဖြစ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ဖြစ်တာကြောင့် တစ်ခါတစ်လေမှာ ခြေထောက်ကြွက်တက်တာ၊ ခြေဖဝါးနာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုတွေမဖြစ်အောင်လို့ ညတိုင်း Epsom ဆားနဲ့ ရေနွေးနဲ့ကိုရောပြီးတော့ ခြေထောက်စိမ်ပေးပါ။ သွေးလည်ပတ်မှုလည်း ကောင်းမွန်စေပါတယ်။

Bacteria တွေကိုကာကွယ်ပေးခြင်း

ညတိုင်း ၁၅ မိနစ်လောက် ခြေထောက်ကို ရေနွေးစိမ်ပေးခြင်းက ခြေထောက်ကိုယားယံစေတဲ့ မှိုတစ်မျိုးဖြစ်တဲ့ pesky bacteria များကို သက်သာစေပါသည်။ ခြေဖဝါးမှိုကြောင့် ယားယံခြင်းကလည်း ဆိုးရွားတဲ့အတွက် တစ်နေ့တာလုံး လှုပ်ရှားသွားလာတဲ့အခါမှာ အဆင်မပြေဖြစ်စေပါတယ်။