ဓာတ်ပုံရိုက်ရတာကို ဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ ထိုင်းမင်းသမီးလေး Namtan ရဲ့ ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံတစ်ခါရိုက်ဖို့ ဘယ်လိုပို့စ်ပေးရမလဲ စဉ်းစားရခက်နေသူများအတွက်တော့ အရမ်းကိုအသုံးဝင်မှာပါ။

ထိုင်စရာခုံအမြင့်နေရာလေးရှိရင် ဒီလိုမျိုးလေးတွေထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ထိုင်ပြီးရိုက်မယ်ဆိုရင် ခြေထောက်ကို ဒီလိုမျိုးလေးထားပြီး တစ်ဖက်ကိုလှည့်ရယ်နေတဲ့ ပို့စ်လေး ပေးကြည့်ပါ။

မတ်တပ်ရပ်ပြီးရိုက်မယ်ဆိုရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ အရပ်လည်းပိုရှည်သလိုဖြစ်သွားပြီး ချစ်ဖို့ကောင်းပါတယ်။

Freestyle လေးဝတ်ထားရင် ဒီလိုမျိုးထိုင်ပြီး ပို့စ်ပေးလို့ရပါတယ်။ လုပ်ရတာလည်း မခက်တဲ့ပို့စ်မျိုးပါ။

အောက်မှာထိုင်ရိုက်မယ်ဆိုရင် ဒီလိုမျိုးပို့စ်ပေးဖို့ မမေ့ပါနဲ့။ အရမ်းမိုက်ပါတယ်။ ဖုန်းကို ထောင်ပြီးရိုက်ရင်တောင် အဆင်ပြေပါတယ်။

ဖက်ရှင်နဲ့ မိတ်ကပ်ကို အသားပေးရိုက်ချင်ရင် ဒီလိုပို့စ်လေးပေးပြီး ရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။

ကော်ဖီသောက်ရင်းနဲ့လည်း ကော်ဖီခွက်လေးကိုင်ပြီး ပို့စ်ပေးကြည့်ပါ။ ရယ်တာလှတဲ့ ကောင်မလေးတွေအတွက်ကတော့ ထွေထွေထူးထူးပို့စ်လုပ်နေစရာ မလိုပါဘူး။

မျက်မှန်လေးနဲ့ဆိုရင် ဒီလိုအထာကျကျပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ လုပ်ရတာလည်း အရမ်းလွယ်တဲ့ပို့စ်မျိုးပါ။

ခေါင်းမှာပုဝါလေးစည်းပြီး ဒီလိုမျိုးလည်း ပို့စ်ပေးလို့ရပါသေးတယ်။ အရမ်းချစ်ဖို့ကောင်းလို့ ခရီးသွားတဲ့အခါမျိုးမှာ ရိုက်သင့်တဲ့ ပို့စ်ပေးနည်းပါပဲ။

ဂါဝန်လေးနဲ့ portrait ရိုက်မယ်ဆိုရင် ထွေထွေထူးထူးလုပ်နေစရာ မလိုပါဘူး။ Namtan လိုမျိုး လက်လေးနောက်ပစ်ပြီးသာ ရယ်နေလိုက်ပါ။

အအေးဘူး (သို့) အအေးခွက်ကိုကိုင်ပြီးတော့လည်း Namtan လို ရယ်ပြီးရိုက်ကြည့်ပါ။ ရယ်ရင်လှတဲ့ကောင်မလေးတွေက ပို့စ်ပေးရင် ရယ်ပြီးသာရိုက်ပါ။ အရမ်းလှပြီး ချစ်ဖို့ကောင်းပါတယ်။

photo source:www.pinterest.com