တောင်ကိုရီးယား Idols တွေရဲ့ သီချင်းတွေကို နားထောင်ရတာ သဘောကျတဲ့ ပရိတ်သတ်တွေအနေနဲ့ မိန်းကလေးအဖွဲ့တွေထဲကမှ Legend တွေလို့တင်စားရမယ့် Girls Generation အဖွဲ့ကို သေချာပေါက်သိမှာပါ။ အချောလေး ကိုးယောက်နဲ့ဖွဲ့စည်းထားပြီး အောင်မြင်ကျော်ကြားတဲ့ တေးသီချင်းပေါင်းမြောက်မြားစွာကို ထွက်ရှိထားတဲ့ Girls Generation အဖွဲ့ဝင်တွေဟာ ကိုယ်စီအလှတွေနဲ့ ထင်ပေါ်လှကာ သူ့ပရိတ်သတ်နဲ့ သူရှိကြပါတယ်။

အဖွဲ့တစ်ခုတိုင်းမှာ ကိုယ်စားပြု Visual ဆိုပြီး တစ်ယောက်စီရှိကြတဲ့အထဲကမှ Girls Generation အဖွဲ့ထဲမှာတော့ Yoona က ထိုနေရာကို ပိုင်ဆိုင်ထားပါတယ်။ အပြစ်ကင်းစင်တယ်၊ ချစ်စရာကောင်းတယ်၊ ချောမောလှပတယ်၊ ကျော့ရှင်းတယ် စသဖြင့် ဘယ်လိုမှမဆုံးနိုင်တဲ့ စကားလုံးတွေနဲ့ အမြဲချီးမွမ်းခံရတဲ့ Yoona ဟာဆိုရင် အဆိုတော်အဖြစ်သာမက သရုပ်ဆောင်နယ်ပယ်မှာလည်း နေရာတစ်ခုကို ရရှိထားပြီးဖြစ်ပါတယ်။

Yoona ကိုချစ်ကြတဲ့ ပရိတ်သတ်တွေအနေနဲ့ သူမဘယ်လိုဝတ်ဝတ် မျက်လုံးထဲမှာ အမြဲလှနေတယ်ဆိုပေမယ့် သူမကိုမသိသေးတဲ့ပရိတ်သတ်တွေတောင် လှလိုက်တာဆိုပြီး ပြောယူရလောက်အောင် လှရက်နိုင်လွန်းတဲ့ Yoona ရဲ့ ပွဲတက်ဝတ်စုံဖက်ရှင်လေးတစ်ချို့ကို စုစည်းဖော်ပြပေးချင်ပါတယ်။