အားလုံးပဲမင်္ဂလာပါနော်။ Bobby Soxer ကို အားလုံးရင်းနှီးကြမယ်လို့ထင်ပါတယ်နော်။ နာမည်အရင်းကတော့ ထက်ထက်အောင်ဖြစ်ပါတယ်။ သူ့ကို Rap သွက်သွက်လေးဆိုတဲ့ ကောင်မလေးတစ်ယောက်အဖြစ် အားလုံးအသိအမှတ်ပြုကြသလို အသံဆာဆာလေးနဲ့ ပရိသတ်တွေကို တမူဆွဲဆောင်ထားနိုင်သူလေးလည်းဖြစ်ပါတယ်။
၁၉၉၃ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ထက်က အရပ်ပုပုလေးနဲ့ ချစ်စရာကောင်းသူပါ။ ဖက်ရှင်ပိုင်းကလည်း ခေတ်မှီပြီး အမိုက်စားဖက်ရှင်တွေ သူနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်တွေကို ဝတ်ဆင်လေ့ရှိပါတယ်။
လူငယ်ဆန်ပြီးပေါ့ပါးသွက်လက်တဲ့ အသွင်ကို သူ့ဆီမှာ အမြဲတမ်းတွေ့ရလေ့ရှိပါတယ်။ MyStyle Myanmar က စာဖတ်သူတွေအတွက်လည်း ထက်ထက်ရဲ့ ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်နော်။
Photo: Htet Htet Aung Facebook
 
											
				
































 
				 
				 
				 
				 
				 
				 
				 
				 
				 
				 
				