တချို့ရက်တွေက ငြီးငွေ့စရာကောင်းလွန်းလို့ ဘာမှ မလုပ်ချင်အောင် တက်ကြွမှုတွေ ပျောက်ဆုံးနေတတ်ပါတယ်။ ပျင်းရိငြီးငွေ့နေတဲ့အချိန်မှာ လူရဲ့ အလုပ်လုပ်နိုင်စွမ်းအား Productivity ပါ ကျဆင်းတတ်တာပါ။ ဒါကြောင့် အလုပ်လုပ်ချင်စိတ်ဝင်စေဖို့ တက်ကြွနိုးကြားလာအောင် နှိုးဆွပေးမယ့်အချက်ကလေးတွေ လုပ်ပေးဖို့တော့ လိုမှာပါ။

(၁) လေ့ကျင့်ခန်းသစ်တစ်မျိုး လုပ်ကြည့်ပါ

Beautiful asian woman is doing exercise in the gym

Photo: Freepik

ထိုင်းမှိုင်းပျင်းရိတဲ့စိတ် ဝင်နေပြီဆိုရင် ကိုယ်ခန္ဓာလှုပ်ရှားမှုနဲ့ စိတ်ကို တက်ကြွအောင် လှုံ့ဆော်ပေးလို့ရပါတယ်။ အားကစားလုပ်တာဟာ သွေးလေလည်ပတ်မှု မှန်ကန်လာပြီး အောက်ဆီဂျင်ဓါတ်ပိုရလို့ ခေါင်းကြည်လာတတ်ပါတယ်။ ကိုယ်အရင်က မလုပ်ဖူးတဲ့ အားကစားတစ်ခုခု လုပ်တာမျိုးက လူကို ပိုပြီး စိတ်ဝင်စားမှုရှိလာစေတာကြောင့် ပျင်းရိမှုကို တိုက်ဖျက်ရာမှာ ပိုပြီး ထိရောက်တယ်လို့ ပြောချင်ပါတယ်။

(၂) ခေါင်းရှင်းပါ

Young woman practicing yoga in the nature

Photo: Freepik

ငြီးငွေ့ပြီး ဘာမှ မလုပ်ချင်မကိုင်ချင်ဖြစ်နေတာဟာ ကိုယ့်ခေါင်းထဲမှာ ရှင်းလင်းသန့်စင်မှု မလုပ်ထားဘဲ မလိုအပ်တဲ့ အမှိုက်တွေနဲ့ ပြည့်နေလို့လည်း ဖြစ်တတ်ပါတယ်။ အကောင်းဆုံးက အဲလိုအချိန်မျိုးမှာ ခေါင်းရှင်းတဲ့အနေနဲ့ အတွေးတွေ ရပ်ထားပြီး သတိရှေ့ဆောင်တဲ့ တိတ်ဆိတ်မှုနဲ့ နေတာပါပဲ။ ခေါင်းရှင်းတဲ့အလုပ်လုပ်ဖို့အတွက် မျက်လုံးတွေ ခဏမှိတ်ထားပြီး ၁၅ မိနစ် နာရီဝက်လောက် အသက်ရှုမှုပေါ် စိတ်စိုက်ရှုမှတ်ကြည့်ပါ။ တရားထိုင်နည်း မသိရင်လည်း Mindfulness Apps တခုခုဖြစ်ဖြစ် နားထောင်ရင်း လုပ်နိုင်ပါတယ်။ မျက်လုံးတွေ ဖွင့်လိုက်တဲ့အချိန်မှာ အတွေးတွေ ရှင်းသွားပြီး ခေါင်းထဲမှာ ကြည်လင်မှုတွေ အစားထိုးဝင်ရောက်လာတာ ခံစားမိမှာ ဖြစ်ပါတယ်။

(၃) စိတ်ပြောင်းမယ့် အလုပ်ကလေးတွေ လုပ်ကြည့်ပါ

Young woman practicing yoga in the nature

Photo: Freepik

ပျင်းနေရင် လုပ်လက်စ အလုပ်တွေကနေ ခဏခွာပြီး တခြားစိတ်ပြောင်းစေမယ့် အလုပ်ကလေးတွေ လုပ်ကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ်။ ဥပမာ- YouTube မှာ ရှိတဲ့ ဟင်းချက်နည်းအစီအစဉ်တွေကို ကြည့်ပြီး ကိုယ်တိုင် ဟင်းတစ်ခွက် အသစ်ချက်တာမျိုး ၊ DIY လေးတွေ စမ်းလုပ်ကြည့်တာမျိုး ဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း နေ့စဉ်သတင်းစာတစ်စောင်လောက်ဖြစ်ဖြစ် ၊ ဂျာနယ်မဂ္ဂဇင်းတစ်ခုခု ဖြစ်ဖြစ် ကောက်ဖတ်ကြည့်ဖို့လည်း အကြံပေးချင်ပါတယ်။ သတင်းတွေ ဖတ်ရတာဟာ ကမ္ဘာ့မျက်မှောက်အခြေအနေတွေကို စိတ်ဝင်တစား လေ့လာမိစေလို့ ဖြစ်ပါတယ်။

တချို့ကျတော့လည်း ပျင်းလာရင် ငြီးငွေ့မှုကနေ ရှောင်ခွာနိုင်ဖို့ စာအုပ်ကောင်းကောင်းတစ်အုပ် ယူပြီး အေးအေးလူလူရှိမယ့် နေရာမှာ စာသွားဖတ်တတ်ကြပါတယ်။ စာဖတ်တာဟာ ကိုယ့်ရဲ့ မွန်းကြပ်နေတဲ့ စိတ်အတွေးတွေကနေ လွတ်လပ်ကျယ်ပြောပြီး အသစ်အဆန်းတွေနဲ့ စိတ်ကို လွင့်မျောစူးစမ်းအောင် ကူညီပေးနိုင်ပါတယ်။ ပျင်းနေတဲ့အခါ စွန့်စားခန်းပါတဲ့ စာအုပ်တွေ ၊ စိတ်ဝင်စားဖွယ်ရာ ဇာတ်အိမ်နဲ့ ရေးထားတဲ့ စာအုပ်မျိုးတွေ ပိုဖတ်ဖို့လည်း အကြံပေးချင်ပါတယ်။

(၄) သူငယ်ချင်းတွေဆီ ဖုန်းဆက်ပါ

Young lady is standing near bar chair in the kitchen talking on the phone and holding a glass with orange juice

Photo: Freepik

အိမ်နဲ့ အဝေးရောက်နေသူတွေဆို ပျင်းလာရင် ကိုယ့်မိဘဆွေမျိုးတွေနဲ့ ဖုန်းပြောတာ Video Call ခေါ်တာက အပျင်းပြေပြီး စိတ်ရွှင်လန်းစေနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ကိုယ်သိပ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့ ဖုန်းဆက်ပါ။ တွေ့ဖို့ လွယ်ရင် တစ်နေရာရာကို ချိန်းဆိုပြီး တွေ့ပါ။ သူငယ်ချင်းတွေနဲ့ ရှေးဟောင်းနှောင်းဖြစ်ပြောရတဲ့ အရသာဟာ ပျင်းရိခြင်းကို တိုက်ထုတ်နိုင်တဲ့အပြင် စိတ်ရွှင်လန်းတက်ကြွအောင် လှုံ့ဆော်နိုင်စွမ်းရှိပါတယ်။