လူတွေဟာ အနာဂါတ်နဲ့ ပတ်သက်ပြီး သိချင်စိတ်ရှိကြတာ ဓမ္မတာပါပဲ။ ဒါကြောင့်ပဲ အနာဂါတ်ဝါဒလို့ခေါ်တဲ့ လေ့လာမှုတစ်ရပ် ထွန်းကားလာခဲ့တာပါ။ အနာဂါတ်ဝါဒအကြောင်း လေ့လာတဲ့ ပညာရပ်ကို Futurology လို့ ခေါ်ကြပါတယ်။ အနာဂါတ်ဝါဒီတွေဟာ ရှေ့လျှောက် ဖြစ်ပေါ်ပြောင်းလဲလာနိုင်ဖွယ်ရှိတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သတ်ပြီး စနစ်တကျ ခန့်မှန်းသုံးသပ်မှုတွေ လုပ်ကြပါတယ်။

အခုပြောမယ့် ခန့်မှန်းချက်တွေကလည်း အနာဂါတ်ဝါဒီတွေရဲ့ နောင်ဆယ်စုနှစ်တစ်ခုပေါ် အမြင်ထဲက တစ်ချို့ ဖြစ်ပါတယ်။

(၁) Machine Learning တော်လှန်ရေး

Future artificial intelligence robot and cyborg

Photo: Freepik

ဒီနေ့ အွန်လိုင်းပေါ်မှာ ရယူနိုင်တဲ့ အချက်အလက်အားလုံးရဲ့ ၉၀% ကို နှစ်နှစ်အတွင်း ဖန်တီးခဲ့တယ်ဆိုတာ သိပါသလား။ အချက်အလက်တွေကို တစ်ဦးချင်းရော အဖွဲ့အစည်းလိုက်ပါ အသုံးပြုနိုင်ဖို့ ဆိုရင် ညွှန်ကြားမှုတွေ စုစည်းထားတဲ့ Algorithm တစ်ခုနဲ့ ထုတ်ရတာပါ။ ဒေတာပမာဏအများကြီးကို အသုံးချဖို့အတွက် Machine Learning Models တွေ တည်ဆောက်ဖို့ လိုပါတယ်။

Machine Learning တွေဟာ အချက်အလက်ခေတ်ကြီးအတွက် အရေးပါတဲ့ ဒေါက်တိုင်တွေ ဖြစ်လာမှာပါ။ လာမယ့် နှစ်အနည်းငယ်အတွင်းမှာ အချက်အလက်စီးပွားရေးဟာ ပိုအားကောင်းလာဖို့ ရှိပြီး အချက်အလက်တွေ အသုံးချနိုင်အောင် တည်ဆောက်ထားတဲ့ Machine Learning နည်းပညာကလည်း အကြီးအကျယ် ထွန်းကားလာဖို့ ရှိပါတယ်။

(၂) အလိုအလျောက်မောင်းကားများ ထုတ်လုပ်ခြင်း

General Motors reveals images of car without driver controls

Photo: Freepik

မောင်းသူမဲ့ကားတွေဆိုတာ အရင်လို သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ထဲက အဆန်းတကြယ် ထုတ်ကုန်တွေမဟုတ်တော့ဘဲ လက်တွေ့ အသုံးပြုနိုင်တော့မှာပါ။ တရုတ်မှာဆို Baidu ကုမ္ပဏီဟာ ဘေဂျင်းနဲ့ ရှန်ဟိုင်းမှာ မောင်းသူမဲ့ကားတွေ စမ်းသပ်မောင်းနှင်နေပြီ ဖြစ်ပါတယ်။ လာမယ့် တစ်နှစ်နှစ်နှစ်အတွင်းမှာ ယာဉ်မောင်းမလိုတဲ့ ကားတွေ ထုတ်လုပ်မှုကို ကနဦးအဆင့်အဖြစ် မြင်ရဖို့ ရှိတယ်လို့ အနာဂါတ်ဝါဒီတွေက ခန့်မှန်းထားပါတယ်။

(၃) အကြီးအကျယ် ထွန်းကားလာမယ့် eSport ကစားနည်းများ

 pro-gaming equipment on computer desk

Photo: Freepik

ကမ္ဘာပေါ်မှာ ဆုကြေးအမြင့်ဆုံးဆိုတဲ့ ဝင်ဘယ်ဒန်ကွင်းထဲက တင်းနစ်ပြိုင်ပွဲတွေဟာ လာမယ့်ဆယ်စုနှစ်မှာ ခေတ်ကုန်သွားဖို့ ရှိပါတယ်။ eSport ဗွီဒီယိုဂိမ်းပြိုင်ပွဲတွေဟာ ဒေါ်လာသန်းပေါင်းများစွာ ဆုကြေးပေးလာတော့မှာ ဖြစ်ပြီး Pro eSports ပလေယာတစ်ယောက်ဟာ မီလျံနာဖြစ်နိုင်တဲ့ အခွင့်အရေးတွေ ရလာမှာပါ။

(၄) အမျိုးသားရေးဝါဒ ကြီးစိုးလာခြင်း

Statue of liberty with a large american flag and new york skyline

Photo: Freepik

ဂလိုဘယ်လိုက်ဇေးရှင်းဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ စားသုံးသူရွေးချယ်မှု အခွင့်အရေးတွေ ပေးနေပေမယ့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်း ပြဿနာတွေလည်း ယူဆောင်လာနိုင်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ထက်ဝက်ကျော် ဖြစ်တဲ့ လူလတ်တန်းစား ဝင်ငွေ ကျဆင်းလာခြင်းဟာ ကိုယ့်နိုင်ငံသားတွေကိုပဲ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးဖို့ ပိုပြီး အာရုံစိုက်လာဖို့ ရှိပါတယ်။