ယုံကြည်မှုကို ရိုးရှင်းစွာ အဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင် သင့်ကိုယ်သင်ဘယ်လိုခံစားရလဲ သင့်ရဲ့စွမ်းဆောင်ရည်အပေါ် ဘယ်လိုခံစားရလဲဆိုတာပါပဲ။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ ယုံကြည်မှုဟာ သင့်ဘဝအပေါ်မှာအများကြီး သက်ရောက်မှုရှိနေတယ် ဆိုတာပါပဲ။ တစ်ခုသိထားရမှာက ဘယ်သူမှမွေးလာကတည်းက ယုံကြည်မှုအပြည့်နဲ့ မွေးလာတာမဟုတ်ပါဘူး။

မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့လူတွေကို တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒီလူတွေက ဒီလိုယုံကြည်မှုရှိနေအောင် လေ့ကျင့်ယူထားကြလို့ပါပဲ။ ဒီနေ့ဆောင်းပါးမှာတော့ ယုံကြည်မှုနည်းပါးခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ အကြောင်းပြောပြပေးသွားမှာပါ။

လူမှုဆက်ဆံရေးပြသာနာ

two women sitting in front of computer with black screen

Photo : Freepik

မိမိကိုယ်ကိုယုံကြည်မှုနည်းတဲ့လူတွေဟာ လူအများရှေ့မှာ စကားမပြောခင် (သို့) တစ်စုံတစ်ယောက်နဲ့ စကားမပြောခင် သံသယတွေ ပွားနေတက်ပါတယ်။ ဒါ့ကြောင့် ပြောချင်တဲ့စကားတွေက မပြောမထွက်ဘဲ ဖြစ်နေတက်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှု နည်းပါးခြင်းဟာ လူမှုပေါင်းသင်းဆက်ဆံရေးမှာ အဆင်မပြေမှုတွေ ဖြစ်စေပါတယ်။

စိုးရိမ်သောကများတာ

Unhappy lonely depressed woman is sitting on the couch and covering her face with her hands

Photo : Freepik

သောကဝေဒနာကို ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ မိမိကိုယ်ကိုယ်ယုံကြည်မှုနည်းခြင်းပါပဲ။ မိမိကိုယ်ကိုယ်ယုံကြည်မှုမရှိတဲ့လူတွေဟာ မသိစိတ်ထဲမှာအားငယ်နေတတ်ပြီး ပျော်ရွှင်မှုတွေနဲ့လည်းမထိုက်တန်ဘူးလို့ ယုံကြည်နေကြပါတယ်။

အကြောက်တရားနဲ့အဆိုးမြင်စိတ်တွေဟာလည်း ကြီးစိုးနေတတ်ပါတယ်။ ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး အမြဲလိုလိုအားမလို အားမရဖြစ်နေတတ်ပြီး သူများတွေအထင်ကြီးတာခံရဖို့ လိုက်ပြိုင်နေရင်း အချိန်အများစုကို ကုန်ဆုံးတတ်ပါတယ်။

စိတ်ဓာတ်ကျလာတာ

Tired asian woman trying to get work done at night

Photo : Freepik

စိတ်ဓာတ်အကြီးအကျယ်ကျဆင်းခြင်းကို ဖြစ်စေတဲ့ တရားခံကတော့ မိမိကိုယ်ကိုယုံကြည်မှု နည်းပါးခြင်းပါပဲ။ မိမိကိုယ်ကို ယုံကြည်မှုနည်းပါးခြင်းကြောင့် သူများတွေမိမိကို အသိအမှတ်ပြုလာအောင် အစွမ်းကုန်ကြိုးစားရာက စိတ်ရောလူပါ ထောင်းထောင်းကြေသွားတာမျိုးပါ။ ကြိုးစားနေစဉ်မှာ ဒီဝေဒနာဖြစ်ချင်မှဖြစ်မှာပါ။ ကြိုးစားသမျှတွေ တစ်ခုမှအရာမထင်ချိန်မှာတော့ အစွမ်းကုန်ကြိုးစားထားသမျှတွေက ခင်ဗျားကိုထိခိုက်စေနိုင်ပါလိမ့်မယ်။

အိပ်မပျော်တဲ့ရောဂါ

woman cannot sleep insomnia late at night. can't sleep

Photo : Freepik

အိပ်မပျော်တဲ့ရောဂါဟာလည်း စိတ်ဖိစီးမှုတွေများလွန်းတာကြောင့်ပဲ ဖြစ်တတ်ပါတယ်။ မိမိကိုယ်ကိုယ်ယုံကြည်မှုနည်းပါးလွန်းရာက တခြားလူတွေရဲ့အသိအမှတ်မပြုခံရဖို့ နေ့ရောညပါမအိပ်မနေကြိုးစားလာပါတယ်။ အဲဒီမှာ ကော်ဖီတွေအများအပြားသောက်ရာကနေ မျက်စိကအကျင့်ဖြစ်ပြီး ညဘက်တွေဆို တော်တော်နဲ့အိပ်မပျော်တော့ပါဘူး။

ဒီလိုနဲ့ ကိုယ်တွင်းကဇီဝနာရီလည်း ချို့ယွင်းလာပြီး အိပ်ချိန်တွေမမှန်၊ အိပ်ရေးတွေပျက်လာပါတော့တယ်။ အိပ်မပျော်တဲ့ရောဂါ တာရှည်လာရင် ကျောက်ကပ်ကိုပျက်ဆီးစေနိုင်ပါတယ်။