ဆီဆာ ဆိုသည့် မျောက်ဟာ The Planet of the Apes ထဲမှာတော့ လူထက်တောင် အသိဥာဏ်ကြွယ်တဲ့ မျောက်ကြီးဖြစ်ပေမယ့် ဒီတရုတ်နိုင်ငံက မျောက်ကလည်း တခြားမျောက်တွေထက် အသိဥာဏ်ပိုကြွယ်နေပါတယ်။

တိရစ္ဆာန်ရုံအတွင်းလာရောက် ကြည့်ရှုသူအားလုံး ရုတ်တရပ် အံ့သြမှင်သက်သွားပါတယ်။ ကိုလမ်ဘီယာ အမျိုးနွယ် မျောက်တစ်ကောင်က ကျောက်တုံးကို လက်နှစ်ဖက်နဲ့ကိုင်ပြီး မှန်တံခါးကို ထုရိုက်နေတာပါ။

မျောက်က ထုရိုက်နေချိန်အတွင်းမှာဘဲ မျောက်တွေကို ကာရံထားတဲ့ မှန်တံခါးတစ်ခုလုံးက ရုတ်တရပ် အက်ကွဲရာတွေ ထင်လာပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဟီနန် စီရင်စုမှာရှိတဲ့ Zhengzhou တိရစ္ဆာန်ရုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မှန်တံခါး ကွဲသွားတော့ ကမ္ဘာလှည့်ခရီးသည်တွေရော၊ ထုရိုက်နေတဲ့ မျောက်ပါလန့်သွားပြီး မှန်တံခါးနဲ့ ဝေးရာ ဆန့်ကျင်ဘက်အရပ်ကို ပြေးသွားပါတယ်။

ကမ္ဘာလှည့် ခရီးသည် တစ်ဦးဖြစ်သူ မစ္စတာ ဝမ်က “မျောက်က ကျောက်တုံးကို ချွန်ချင်လို့ မှန်တံခါးနဲ့ရိုက်ပြီး ချွန်နေတာ” လို့ပြောပါတယ်။

Zhengzhou တိရစ္ဆာန်ရုံရဲ့ ဝန်ထမ်း ဖြစ်သူ Tian Shuliao က “ဒီမျောက်က တခြားမျောက်တွေလိုမဟုတ်ဘူး။ အရမ်းလည်တယ်။ သစ်ချသီးကိုတောင် ဘယ်လို ပစ္စည်းတွေ သုံးပြီး ခွဲရင်ရမလဲဆိုတာ သိတယ်” လို့ ပြောပါတယ်။

“တခါမှတော့ မှန်တံခါးကို မထုဖူးဘူး။ ဒါက ပထမဆံုးအျကိမ္ဘဲ။ မှန်ကလည်း တော်တော်ကို မာတာပါ” လို့ ထည့်သွင်းပြောပါတယ်။

ဒီလိုဖြစ်သွားပြီးတဲ့နောက်မှာ တိရစ္ဆာန်ရုံဝန်ထမ်းတွေက ကျောက်ခဲတွေကို မျောက်လှောင်အိမ်ထဲမှာ မထားတော့ပါဘူး။

ကွဲအက်သွားတော့မှန်ကို ပြန်အစားထိုးဖို့ပြင်ဆင်နေပြီး တခြား တိရစ္ဆာန်တွေ မလွတ်သွားအောင်လည်း လုံခြုံရေးတင်းကျပ်ထားပါတယ်။

Source: Metro