ဟောလိဝုဒ်က အနုပညာရှင်တွေဟာ ပိုက်ဆံအရမ်းကို ရှာတတ်ကြပြီး အသုံးအဖြုန်းကလည်း ရှယ်ကြီးကြပါတယ်။ သာမန်လူတွေ ဘယ်လိုမှ စဥ်းစားမိမှာမဟုတ်တဲ့ ပစ္စည်းတွေကို ဆန်းဆန်းပြားပြား ရှာဖွေပြီး အသုံးပြုတတ်ကြပါတယ်။ အခုတစ်ခါမှာလည်း ဘယ်အနုပညာရှင်တွေကတော့ ပိုက်ဆံကို ဘယ်လိုမလိုအပ်ဘူးလို့ ထင်ရလောက်တဲ့ နေရာတွေမှာ အသုံးပြုထားသလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Paris Hilton

အမေရိကန် ဘောစိတွေအကြောင်းပြောမယ်ဆိုရင် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ Paris Hilton ကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ ပိုက်ဆံပေါလှတဲ့ Paris Hilton တစ်ယောက်ကတော့ သူမရဲ့ခွေးတွေကို သာမန်ထက်ပိုတဲ့ Luxury ဘဝနဲ့ ထားတာပါ။ အဲ့တာကတော့ ဒေါ်လာ ၃ သိန်း ၂ သောင်း ၅ ထောင် တန်ဖိုးရှိတဲ့ ခွေးအိမ်ကြီးပဲဖြစ်ပါတယ်။

John Stamos

အမေရိကန်သရုပ်ဆောင်နဲ့ အဆိုတော်ဖြစ်တဲ့ John Stamos ရဲ့ စုဆောင်းမှုဝါသနာကလည်း တော်တော်လေးဆန်းပါတယ်။ သူဟာ Disney အမှတ်တရပစ္စည်းတွေကို စုဆောင်းရတာကြိုက်ပြီး အရင်တုန်းက Disney ဆိုင်းဘုတ်က D ဆိုတဲ့ စာလုံးအကြီးကြီးတောင် အလွတ်မပေးပါဘူး။

ကမ္ဘာကျော်အဆိုတော် မိုက်ကယ်လ်ဂျက်ဆင်တောင် မရနိုင်တဲ့ Disney D စာလုံးကြီးကို လေလံပွဲမှာ ပိုက်ဆံအများကြီးအကုန်အကျခံပြီး ရအောင်ဝယ်ယူခဲ့တာပါ။

RuPaul

RuPaul ဟာ သူ့ရဲ့အကြိုက်ဆုံးအရောင်ဖြစ်တဲ့ လိမ္မော်ရောင်ကို သူ့စိတ်တိုင်းကျ အိမ်မှာထည့်သွင်းထားပြီး အဲ့ထဲကမှ ထောက်ပြရမှာက မီးဖိုပဲဖြစ်ပါတယ်။ သူ့ရဲ့တံဆိပ်ကလည်း နာမည်ကြီးတံဆိပ်ဖြစ်တဲ့ La Cornue ဖြစ်ပြီး ဈေးက ဒေါ်လာ ၂ သောင်းရှိပါတယ်။

Troye Sivan

အဆိုတော် Troye Sivan အိမ်ထဲက သူသဘောကျတဲ့ ဆိုဖာကဆိုရင်လည်း ဈေးက မသေးပါဘူး။ Vintage ဖြစ်တဲ့အတွက်ကြောင့် ဈေးက ဒေါ်လာ ၂ သောင်း ၃ ထောင်ရှိပါတယ်။

Gwyneth Paltrow

စူပါမော်ဒယ်လ် Gwyneth Paltrow ရဲ့ ခမ်းနားတဲ့အိမ်ကြီးထဲမှာ ဈေး ဒေါ်လာ ၆ သောင်း ၂ ထောင့် ခုနှစ်ရာ တန်တဲ့ စူပါဇိမ်ခံ ဒန်းကြီးရှိပါတယ်။

Serena Williams

ကမ္ဘာကျော်တင်းနစ်အားကစားမယ် Serena Williams ဟာ ဒေါ်လာ ၃ သိန်းတန်တဲ့ Monster Plush Chair ခုံလေးကို သူမအိမ်မှာ အလှထားထားသူပါ။ အဲ့ခုံလေးက KAWS နဲ့ the Campana Brothers တို့ ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ပါတယ်။

Kim Kardashian

Kim Kardashian လည်း ပိုက်ဆံချမ်းသာသူပီပီ ပစ္စည်းအကောင်းစားတွေကိုချည်း သုံးစွဲသူဖြစ်ပါတယ်။ အဲ့ထဲမှာမှ လူတွေကို အံ့အားသင့်စေတာကတော့ ဒီဇိုင်းဆန်းနဲ့ ဘေစင်ပဲဖြစ်ပါတယ်။ အဲ့ဘေစင်ရဲ့ဈေးက ဒေါ်လာ ၂ သောင်းခွဲကျော်တန်ပါတယ်။