Madame Tussauds ဖယောင်းပြတိုက်ဟာ နိုင်ငံတကာက ထင်ပေါ်ကျော်ကြားသူတွေရဲ့ ပုံတူရုပ်တု တော်တော်များများရှိတဲ့ပြတိုက်တစ်ခုပါ။ အဲဒီပြတိုက်ဟာ ထင်ပေါ်ကြော်ကြားသူအနုပညာရှင်၊ နိုင်ငံရေးသမား၊ နိုင်ငံခေါင်းဆောင်ကြီးတွေ၊ သမိုင်းဝင်ပညာရှင်တွေရဲ့ ရုပ်ပုံတွေကို ထုဆစ်ပြသထားပြီး နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်ထားတာပါ။

အဲဒီပြတိုက်မှာ ရုပ်တုထုထားတာကိုကြည့်ခြင်းဖြင့် ရုပ်တုထုခံထားသူတွေရဲ့ အောင်မြင်ကျော်ကြားမှုကို သိရှိနားလည်နိုင်တာပဲဖြစ်ပါတယ်။

K-Drama ဇာတ်လမ်းတွဲတွေဟာလည်း အာရှမှာသာမက နိုင်ငံတကာထိပါ ထိုးဖောက်နေရာယူနေပြီမို့ K-Drama ဇာတ်လမ်းတွဲက သရုပ်ဆောင်တွေရဲ့ ရုပ်တုတွေကို Madame Tussauds ဖယောင်းပြတိုက်မှာ တွေ့ရတာလည်း သိပ်တော့မဆန်းပါဘူး။ အဲဒီထဲကမှ ရုပ်တုတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

Bae Yong Joon

Kim Soo Hyun

Kim Hyun Joong

Lee Jong Suk

Nichkun

Choi Siwon

Song Seung Hun

Bae Suzy(ပထမဆုံး တောင်ကိုရီးယား အမျိုးသမီးအကျော်မော်တစ်ဦးရဲ့ ရုပ်တုလည်းဖြစ်ပါတယ်။)

Lee Min Ho

Park Hae Jin

ဒီဖယောင်းရုပ်တုတွေကိုတော့ ဟောင်ကောင်၊ ရှန်ဟိုင်း၊ ဘန်ကောက်နဲ့ ဘူဆန်မှာရှိတဲ့ Madame Tussauds ပြတိုက်မှာ ပြသထားတာဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ TVXQ နဲ့ EXO LAY ရဲ့ ရုပ်ပုံတွေကိုလည်း ထုဆစ်ထားတာတွေ့ရပါတယ်။