ချောင်းဆုန်းရီ အဖြစ်လည်း လူသိများသလို ပင်လယ်ပြာဒဏ္ဍာရီထဲက ရေသူမလေးအဖြစ် ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ကိုရီးယားမင်းသမီးချောလေး Jun Ji-Hyun အကြောင်းကို စိတ်ဝင်စားကြမယ်လို့ မျှော်လင့်မိပါတယ်။ သူမနာမည်အရင်းကတော့ Wang Ji-Hyun ပါ။ သူမကို တောင်ကိုရိးယားနိုင်ငံ ဆိုးလ်မြို့မှာ ၁၉၈၁ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့မှာမွေးဖွားတာဖြစ်တဲ့အတွက်ကြောင့် ဗြိစ္ဆာရာသီဖွားတစ်ဦးပါ။

သူမရဲ့ သွေးအမျိုးအစားကတော့ ဘီသွေးပါ။ သူမ အနုပညာလောကထဲ ဝင်ရောက်လာပုံကတော့ ၁၉၉၇ ခုနှစ်မှာ ဖက်ရှင်အယ်ဒီတာတစ်ဦးက သူမကိုတွေ့သွားခဲ့ပြီး မော်ဒယ်လုပ်ဖို့ ကမ်းလှမ်းခဲ့တာကြောင့် အနုပညာအလုပ်တွေ စလုပ်ခဲ့ပါတယ်။

သူမအကြိုက်ဆုံးအရောင်ကတော့ အဖြူရောင်ပါ။

၂၀၀၁ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ My Sassy Girl ဆိုတဲ့ ကိုရီးယားဇာတ်လမ်းနဲ့ အစပြုပြီးတော့ သူမကို ပရိသတ်တွေ သိလာခဲ့တာပါ။

၂၀၁၂ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ The Thieves ဆိုတဲ့ ဇာတ်ကားကလည်း သူမကို အောင်မြင်မှုအမြောက်အမြား ယူဆောင်ပေးခဲ့ပါတယ်။

၂၀၁၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှာ ကိုရီးယားစီးပွားရေးသမားတစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သူတို့မှာ သားသမီးနှစ်ယောက်ထွန်းကားနေပါပြီ။

၂၀၁၃ ခုနှစ်မှာတော့ My Love From The Star ဆိုတဲ့ ဇာတ်ကားထဲမှာ မင်းသမီးလေး ချောင်းဆုန်းရီ အဖြစ်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ခဲ့ပြန်ပါတယ်။ အဲ့ဒီ့ဇာတ်ကားထဲမှာ Sorry ဆိုတဲ့ သူမရဲ့ ပြောဆိုပုံလေးကလည်း သိပ်ချစ်ဖို့ကောင်းတာ အမှန်ပါပဲ။ အဲ့ဒီဇာတ်ကားရိုက်ကူးပြီးတဲ့နောက်မှာပဲ သူမရဲ့အောင်မြင်မှုကြောင့် ကိုရီးယားမှာ သရုပ်ဆောင်ကြေးအမြင့်ဆုံးမင်းသမီးအဖြစ် စာရင်းဝင်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တဲ့ Legend Of The Blue Sea ဇာတ်ကားထဲမှာ ရေသူမလေးအဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေကို သူမရဲ့ သရုပ်ဆောင်ပညာတွေနဲ့ရော သူမရဲ့ ချစ်စဖွယ်အမူအယာတွေနဲ့ပါ စွဲလမ်းလာအောင် ပြုလုပ်ခဲ့ပါသေးတယ်။

သူမရဲ့အလှအပနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်ကတော့ ပျော်ပျော်နေဖို့နဲ့ အကောင်းမြင်စိတ်မွေးဖို့ပါပဲ။ စားချင်တာကို စားမယ်၊ ဈေးဝယ်ထွက်ချင်တဲ့အချိန်မှာ ဈေးဝယ်ထွက်ပြီး ပျော်ပျော်နေခြင်းနဲ့ သူမရဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်တယ်လို့ ပြောကြားခဲ့ပါတယ်။

Photo Source: Pinterest.com