ဓာတ်ပုံရိုက်တဲ့အခါမှာ pose သိပ်မပေးတတ်တဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ အရမ်းချောပြီးလှတဲ့ Red Velvet အဖွဲ့ဝင် Joy ရဲ့ photo pose idea လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါမှာ အရမ်းအသုံးဝင်မှာပါ။

အိမ်မှာပဲဖြစ်ဖြစ် ထိုင်ရိုက်တဲ့အခါ ဒီ pose လေးအတိုင်း ရိုက်ကြည့်ပါ။ လှလည်းလှသလို ဆွဲဆောင်မှုလည်းရှိပါတယ်။

ဆံပင်စည်းတဲ့ ဒီ pose လေးကလည်း ဆွဲဆောင်မှုရှိပြီး လှတာကြောင့် ရိုက်ကြည့်နော်။

အိမ်မှာထိုင်ရိုက်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ကော်ဖီဆိုင်လေးတွေမှာ ထိုင်ရိုက်တဲ့အခါမှာပဲဖြစ်ဖြစ် အသုံးဝင်စေမယ့် pose လေးဖြစ်ပါတယ်။

လှလှပပလေးဝတ်ထားတဲ့အခါ ဒီ pose လေးအတိုင်း ထိုင်ရိုက်ကြည့်ပါ။ မိန်းကလေးဆန်ဆန်နဲ့ ဆွဲဆောင်မှုရှိပြီး လှပါတယ်။

လှေကားတွေမှာရိုက်တဲ့အခါ အသုံးဝင်စေမယ့် pose လေးပါ။ ဒီလိုလေးလည်း ရိုက်ကြည့်နော်။

တစ်ကိုယ်လုံးပုံလေးတွေရိုက်တဲ့အခါမှာ smart ကျပြီး လှနေစေမယ့် pose လေးပဲဖြစ်ပါတယ်။

ဒီ pose လေးကတော့ ရိုးရိုးလေးပါပဲ။ ဒါပေမယ့် မျက်နှာထားကိုသာ သေချာလေးလုပ်တတ်ရင် ဆွဲဆောင်မှုရှိတဲ့ပုံလေး ရလာမှာပါ။

တစ်ကိုယ်လုံးပုံလေးတွေရိုက်တဲ့အခါမှာ ဒီ pose လေးက ချစ်ဖို့ကောင်းသလို လှလည်းလှတဲ့ ပုံစံလေး ဖြစ်ပါတယ်။

ဒီ pose လေးဆိုရင် လျှပ်တပြတ်ရိုက်လိုက်တာမျိုးပါ။ အရမ်းလည်းလှပါတယ်။ ဒါကြောင့် try ကြည့်နော်။

အခုနောက်ပိုင်းမှာ အပေါ်စီးကနေရိုက်တဲ့ပုံစံလေးတွေက ခေတ်စားနေတာကြောင့် ဒီ pose လေးကလည်း အသုံးဝင်ပါလိမ့်မယ်။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတာပေါ့။

ရိုးရိုးလေးပါပဲ။ အရမ်းလွယ်ကူတဲ့ pose ပါ။ မျက်နှာထားကို သေချာထားတတ်ရင် လှပတဲ့ပုံကောင်းလေး ရလာမှာပါ။

နောက်ကျောအလှအင်္ကျီလေးတွေ ဝတ်ထားတဲ့အခါမှာတော့ ဒီ pose လေးက အသုံးဝင်ပါလိမ့်မယ်။